၀ါရှင်တန်၊ ဇွန်-၁-၂၀၂၃ မျိုးဆက်(VOM) ၂၀၂၄ ခုနှစ်အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်းမိုက်ပင့်စ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်အပြင် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ်တင်းတို့လည်းပါ၀င်လာပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်လည်း ၀င်ရောက်အရွေးချယ်ခံမှာဖြစ်တာကြောင့် ပါတီ၏ သမ္မတလောင်း ရွေးချယ်မှုမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးအနိုင်ရရှိသူဟာ လာမယ့်နို၀င်ဘာလရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်ဟာ အိုင်အိုဝါမှာ ဇွန် ၇ ရက်ကစပြီး မဲဆွယ်စည်းရုံးရေး စတင်မှာဖြစ်ကာ သူဟာ် မစ္စတာထရန့်အပေါ် သစ္စာစောင့်သိသူတစ်ဦးအဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်အမေရိကန်လွှတ်တော် အဆောက်အအုံ၀င်ရောက်စီးနှင်းခံရမှုမှာတော့ နှစ်ဦးသား သဘောထားကွဲလွဲခဲ့ပါတယ်။ မိုက်ပင့်စ်ဟာ ၂၀၀၀ ခုနှစ်က အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရပြီး ၂၀၁၃ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ကာ ရှေးရိုစွဲနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်
Read MoreMonth: June 2023
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရာထူးကနေ ထွက်ခွာတော့မယ်
ကုလမသဂ္ဂ၊ ဇွန်-၁-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ ဇွန်လမှာ သူ့ရဲ့ရာထူးတာ၀န်ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာ့အရေးဖြေရှင်းရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ စာချုပ်ကုန်ဆုံးချိန်ဖြစ်တဲ့ ဇွန် ၁၂ ရက်မှာ သူမဟာရာထူးကနေ ထွက်ခွာတော့မှာဖြစ်ပြီး လ ၂၀ နီးပါးတာ၀န်ထမ်းဆောင်ခဲ့ကာ ယခင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်းရှန်နာဘာဂျနာထက် တာ၀န်ထမ်းဆောင်ချိန် ထက်၀က်လျော့နည်းပါတယ်။ သူမဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး နစကဥက္ကဌနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ရောက်ရှိဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် မစ္စဟေဇာရဲ့ အားထုတ်ကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးကို ထပ်မံခန့်အပ်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားပါတယ်။…
Read Moreငါးသယ်လှေအတွင်းက ဒီဇယ်ကန် ဆင်းဆေးရာမှ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံး
ဇွန် ၁ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာ မနေ့ မေ ၃၁ ရက်၊ မနက် ၁၀ နာရီခွဲအချိန်ခန့်က ငါးသယ်လှေအတွင်းရှိ ဒီဇယ်ကန်ကို ဆင်းဆေးရာကနေ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းရှိ ငါးသယ်လှေအတွင်းက ၁၈ ပေ ခန့်အနက်ရှိတဲ့ ဒီဇယ်ကန်ကို ဆင်းဆေးရာကနေ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပထမတစ်ယောက်က ကန်ကို အရင်ဆင်းပြီးတော့ လှယ်တယ်။ လှယ်နေရင်းနဲ့ သတိလစ်သွားတဲ့အချိန်မှာ နောက်တစ်ယောက်က သူ့ဆီဆင်းပြီး ကူညီရင်းနဲ့ သူပါ ထပ်ဆုံးသွားတယ်။ ကန်ကလည်း ၁၈ ပေလောက်နက်တယ်။ ပြီးတော့ မှောင်လည်းမှောင်တယ်၊ ကျဉ်းလည်းကျဉ်းတယ်ဆိုတော့ အဲ့ဒါကြောင့်မို့လို့လည်း ပြန်သယ်ရခက်ပြီး…
Read Moreရမ်းဗြဲမှာ ကျောင်းသား ၂ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
ဇွန်၊၁-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှာ ၈ တန်းကျောင်းသား ၁ဦးနဲ့ စနစ်သစ် ၁၁ တန်း ကျောင်းသား ၁ဦးတို့ မနေ့ မေ ၃၁ရက်က ဖုန်းနဲ့ဂိမ်း ဆော့နေတဲ့အချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးသွား တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသူတွေကတော့ လေးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်က ဦးမောင်မဲရဲ့သားဖြစ်သူ မောင်လင်းလင်းထွန်းနဲ့ ဦးကြံရွှေမောင်ရဲ့သားဖြစ်သူ (၁၁)တန်းကျောင်းသား မောင်မြင့်မြတ်မောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ”မနေ့က ၁၂ နာရီကျော်ကျော်လောက်မှာ ကလေး ၂ဦးက နဂါးရပ်ရပ်ကွက်က ဦးမောင်မဲရဲ့နေအိမ်မှာ ဖုန်းအားသွင်းရင်း ဂိမ်းဆော့နေတဲ့အချိန် ရုတ်တရက်မိုးတွေရွာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးကြိုးထိမှန် သေဆုံးခဲ့တာ ၊တစ်ခါတည်း ပွဲချင်းပြီးတာပဲ။”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသူ ကလေး ၂ ဦးကို ဒီနေ့ ဇွန်လ ၁ ရက်၊ နေ့လယ်ပိုင်းမှာ…
Read More