အမေရိကန် ဒုသမ္မတဟောင်းမိုက်ပင့်စ် သမ္မတရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ

၀ါရှင်တန်၊ ဇွန်-၁-၂၀၂၃
မျိုးဆက်(VOM)

၂၀၂၄ ခုနှစ်အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်းမိုက်ပင့်စ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်အပြင် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ်တင်းတို့လည်းပါ၀င်လာပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်လည်း ၀င်ရောက်အရွေးချယ်ခံမှာဖြစ်တာကြောင့် ပါတီ၏ သမ္မတလောင်း ရွေးချယ်မှုမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးအနိုင်ရရှိသူဟာ လာမယ့်နို၀င်ဘာလရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။

ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်ဟာ အိုင်အိုဝါမှာ ဇွန် ၇ ရက်ကစပြီး မဲဆွယ်စည်းရုံးရေး စတင်မှာဖြစ်ကာ သူဟာ် မစ္စတာထရန့်အပေါ် သစ္စာစောင့်သိသူတစ်ဦးအဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်အမေရိကန်လွှတ်တော် အဆောက်အအုံ၀င်ရောက်စီးနှင်းခံရမှုမှာတော့ နှစ်ဦးသား သဘောထားကွဲလွဲခဲ့ပါတယ်။

မိုက်ပင့်စ်ဟာ ၂၀၀၀ ခုနှစ်က အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရပြီး ၂၀၁၃ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ကာ ရှေးရိုစွဲနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW