ငါးသယ်လှေအတွင်းက ဒီဇယ်ကန် ဆင်းဆေးရာမှ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံး

ဇွန် ၁ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာ မနေ့ မေ ၃၁ ရက်၊ မနက် ၁၀ နာရီခွဲအချိန်ခန့်က ငါးသယ်လှေအတွင်းရှိ ဒီဇယ်ကန်ကို ဆင်းဆေးရာကနေ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းရှိ ငါးသယ်လှေအတွင်းက ၁၈ ပေ ခန့်အနက်ရှိတဲ့ ဒီဇယ်ကန်ကို ဆင်းဆေးရာကနေ အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပထမတစ်ယောက်က ကန်ကို အရင်ဆင်းပြီးတော့ လှယ်တယ်။ လှယ်နေရင်းနဲ့ သတိလစ်သွားတဲ့အချိန်မှာ နောက်တစ်ယောက်က သူ့ဆီဆင်းပြီး ကူညီရင်းနဲ့ သူပါ ထပ်‌ဆုံးသွားတယ်။ ကန်ကလည်း ၁၈ ပေလောက်နက်တယ်။ ပြီးတော့ မှောင်လည်းမှောင်တယ်၊ ကျဉ်းလည်းကျဉ်းတယ်ဆိုတော့ အဲ့ဒါကြောင့်မို့လို့လည်း ပြန်သယ်ရခက်ပြီး ဆုံးသွားတာပါ”လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ကနောင်နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ အသက် (၂၅) နှစ်အရွယ်နဲ့ အသက် (၄၅) နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးဖြစ်ပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို မနက် ၁၀ နာရီ ၅၁ မိနစ်အချိန်မှာ ကနောင်နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကနောင်နာရေး/ရှင်ရေး လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #ရန်ကုန် #အင်းစိန် #အောက်စီဂျင်ပြတ် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW