ဇွန် ၂၆-၂၀၂၃ KT(VOM) နေပြည်တော်မှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ ဘားတွေကို နေပြည်တော်ကောင်စီ ညွှန်ကြားချက်အရ ပြီးခဲ့တဲ့ ဇွန်၂၄ ရက်နေ့မှစတင်ပြီး ရက်အကန့်အသတ်မရှိ လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ရဲအသိုင်းအဝိုင်းကတော့ “သတ်မှတ်စည်းကမ်းချက်နဲ့မညီလို့ ၊နိုက်ကလပ်ဆန်ဆန်ဖွင့်နေတယ်လို့ကြားသိရတာကြောင့် ပိတ်သိမ်းရခြင်ဖြစ်တယ်”လို့ ပြောပါတယ်။ ပိတ်သိမ်းခံလိုက်ရတာတွေကတော့ ဇမ္ဗူသီရိမြို့နယ်၊ဧရာဝတီလမ်းပေါ်မှာ ဖွင့်ထားတဲ့ Excellent music bar၊ သပြေကုန်းရပ်ကွက်ရှိ Relax music bar နဲ့ မကြာမီဖွင့်လှစ်ဖို့ရှိတဲ့ X-one space music bar တို့ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ဘားပိတ်သိမ်းခံရမှု
Read MoreMonth: June 2023
ရွှေကိုမလို ရေကိုသာလိုတယ်ဆိုတဲ့ စစ်ကိုင်း၊မကွေးတိုင်းက စစ်ဘေးရှောင်ပြည်သူတွေ
ဇွန် ၂၆-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း နေအိမ်တွေမီးရှို့ခံရလို့ ကိုယ့်ရပ်ကိုယ့်ဒေသကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအများအပြားရှိနေပါတယ်။ လက်ရှိ အဲ့ဒီစစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေးအကျပ်အတည်းတွေအပြင် သောက်သုံးရေအခက်အခဲတွေပါကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ နေစရာအိမ်မရှိ၊ ပြေးစရာလည်း မြေမရှိတဲ့ သူတို့ဘ၀မှာ ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း စားဝတ်နေရေးထက် ရေအခက်အခဲက အသက်ဆက်ရှင်ဖို့အတွက် စိန်ခေါ်မှုတခုလည်းဖြစ်နေတာကြောင့် အဲ့ဒီစစ်ရှောင်ပြည်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေကြသလဲဆိုတာ တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #စစ်ရှောင် #သောက်သုံးရေအခက်အခဲ Youtube Link – https://youtu.be/1tpcEAEb4dA
Read Moreပြည်သူ့ပါတီနဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ Blue Mark ရထားတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုစလုံး အပိတ်ခံရ
ဇွန် ၂၅ – ၂၀၂၃ SN (VOM) ပြည်သူ့ပါတီနဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ Blue Mark ရထားတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုစလုံး မနေ့ ဇွန်လ ၂၄ ရက်၊ မနက်ပိုင်းမှာ ရုတ်တရက် အပိတ်ခံလိုက်ရပြီး လုံးဝ ရှာကြည့်လို့ မရတော့ဘူးလို့ သိရပါတယ်။ Facebook Team ကတော့ Community Standards နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ အကြောင်းကြားထားပေမယ့် ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မလိုလားသူတွေနဲ့လည်း သက်ဆိုင်နေနိုင်တယ်လို့ ပြည်သူ့ပါတီဝင်တွေက သုံးသပ်ထားပါတယ်။ “ကျွန်တော်တို့ ပြည်သူ့ပါတီဟာ အကြမ်းမဖက်သော၊ ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကို ထောက်ခံမယ်၊ အားပေးမယ်။ လက်နက်ကိုင် နိုင်ငံရေးကို အားပေးထောက်ခံမှာ မဟုတ်ပါ။ ဘယ်ဘက်က အကြမ်းဖက်ဖက် ကျွန်တော်တို့ ဆန့်ကျင် ကန့်ကွက်သွားမယ်။ ဒါ ပါတီရဲ့ “မူ“ပဲ။…
Read Moreဝါဇီစက်ရုံနားမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၃ ဦး သေဆုံး
ဇွန် ၊ ၂၅ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ် ၊ ဝါဇီစက်ရုံနဲ့ ယောချောင်းတဖက်ကမ်း ၊ ချောင်းမကြီးကျေးရွာနားမှာ မနေ့ ဇွန် ၂၄ ရက် ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားပြီး လူ ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ညက ၈ နာရီဝန်းကျင်လောက်မှာ ချောင်းမကြီးကျေးရွာမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၃ ယောက်သေတယ် ၊ ချောင်းမကြီးရွာဆိုတာ ဝါဇီစက်ရုံနဲ့ အနီးဆုံးနေရာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ” ဆိပ်ဖြူမြို့နယ် ၊…
Read More“လှပါတယ်မေရယ်”တေးသီချင်းရေးတဲ့ တေးရေးဆရာ စန္ဒယားငွေစိုး ကွယ်လွန်
ဇွန်၊၂၅-၂၀၂၃ MM(VOM) စံပယ်တစ်ကုံးဖြင့်သူ့ကို ပန်ပေးချင်တယ်၊ လှပါတယ် မေရယ်၊ အနားမှာနေပါကွယ် စတဲ့နာမည်ကြီး တေးသီချင်းတွေကိုရေးသားခဲ့တဲ့ တေးရေးဆရာ စန္ဒယားငွေစိုးဟာ မနေ့ ဇွန် ၂၄ ရက်က ကွယ်လွန်သွားတယ်လို့ ဂီတအသိုင်းအဝိုင်းကနေ သိရပါတယ်။ ”ဆရာ တေးရေး စန္ဒယားငွေစိုး မနေ့က ကွယ်လွန်တာ သွားတာဟုတ်ပါတယ်၊ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ၊ ဆရာက ကွယ်လွန်တဲ့အချိန် အသက် ၈၄ နှစ်ရှိပြီလေ”လို့ တေးရေးဆရာတစ်ဦးကပြောပါတယ်။ စန္ဒယားငွေစိုး ကွယ်လွန်တာနဲ့ ပတ်သက်လို့ အဆိုတော်တစ်ဦးက”ကြီးမာတဲ့ ဆုံးရှုံးခြင်းပါ ၊ ဆရာရဲ့ တေးသီချင်းတွေက အေးအေးလေးနဲ့ အရမ်း ဆိုလို့လည်းကောင်း နားထောင်လို့လည်း မရိုးတဲ့ သီချင်းတွေလေ၊ ဓမ္မတာအတိုင်း ကွယ်လွန်သွားတာဖြစ်ပေမယ့် စိတ်ထဲမှာ အရမ်းနှမျောတယ်။”လို့ ပြောပါတယ်။ စန္ဒယားငွေစိုးဟာ ဂန္တဝင်တေးသံရှင် တွံ့တေးသိန်းတန် သီဆိုခဲ့တဲ့ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” တေးသီချင်းမှာ စန္ဒယားတီးခတ်ပေးခဲ့တဲ့သူဖြစ်ပြီး…
Read Moreသထုံမှာ ဘုန်းကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပြီး သံဃာတစ်ပါး ပျံလွန်တော်မူခဲ့
ဇွန်၊ ၂၅-၂၀၂၃ MM(VOM) မွန်ပြည်နယ်၊သထုံမြို့နယ်၊နန်းခဲရပ်ကွက်ကနန်းတော်ဦး ဘုန်းကြီးကျောင်းမှာ မနေ့ ဇွန် ၂၄ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံဃာ(၁)ပါးပျံလွန်တော်မူခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “မနေ့ ညပိုင်းက မီးလောင်တာ၊ တစ်ပါးတည်းသီတင်းသုံးတဲ့ကျောင်းဆောင် မီးလောင်တာပါ၊ရေနွေးအိုးပလပ်ခေါင်းကနေတဆင့် အပူလွန်ကဲပြီး အနားက သင်္ဃန်းနဲ့တရားစာအုပ်တွေကို မီးကူးစက်ပြီး စတင်မီးလောင်မှုဖြစ်ပွားခဲ့တာ၊ အဲ့ဒီ သံဃာက မီးလောင်လို့ ပျံလွန်တော်မူတာမဟုတ်ဘူး၊ မီးအားပြင်းပြင်းနဲ့ လောင်တဲ့ မီးကနေ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် Suffocated by The Fumes အရ သေဆုံးရတာပါ၊ ပျံလွန်တော်မူတဲ့ သံဃာရဲ့ သက်တော်က ၇၃ နှစ်ရှိပြီ”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို သထုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီးနဲ့ငြှိမ်းသတ်ခဲ့ပြီး မိနစ်(၃၀)ဝန်းကျင်မှာ မီးလုံးငြှိမ်းသွားကာ အခြားကို မီးကူးစက်လောင်ကျွမ်းတာမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် မီးလောင် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်ရဲ့ ရုပ်ကလပ်ကို…
Read Moreရေဦးမြို့နယ်မှာ မိသားစု ၃ ဦး သတ်ဖြတ်ခံရထားတဲ့ ရုပ်အလောင်းတွေ့
ဇွန် ၂၅ – ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှာနေတဲ့ မိသားစုဝင် ၃ ဦးရဲ့အလောင်းတွေကို မနေ့ ဇွန် ၂၄ ရက်က ညောင်လှ မူးဘောင်ပေါ်မှာတွေ့ရတယ်လို့ ရေဦးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ဖမ်းဆီးသတ်ဖြတ်ခံရတာပါ ၊ သူတို့ မိသားစုဝင် ၃ လောင်းတွေ့ရတယ်”လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က “မုတ်စီကျေးရွာမှာနေထိုင်တဲ့ မိသားစု ၃ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်၊ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူတွေက ဦးကံကောင်း ၊ သူ့ရဲ့သမီးဖြစ်သူ မပြား(ခေါ်) မသန်းနွယ် ၊ သူ့ယောကျ်ား ကိုဝင်းဘို တို့ ၃ ဦးဖြစ်တယ်၊ ကနဦး သိရတာက အဖွဲ့နဲ့ လူအမည် စုံစမ်းနေဆဲ…
Read Moreရုရှားစစ်တပ်ကို ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ပုန်ကန်မှု အဆုံးသတ်
မော်စကို၊ ဇွန်-၂၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားကြေးစား ဝဂ္ဂနာအဖွဲ့ဟာ မော်စကိုကို တပ်တွေချီတက်ပြီး ပုန်ကန်မှုကို အဆုံးသတ်လိုက်ပြီး ကြေးစားအဖွဲ့ခေါင်းဆောင်ဟာ ဘီလာရုစ်ကို ထွက်ခွာနေထိုင်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာလည်း ပုန်ကန်မှုစတင်ခဲ့တဲ့ တောင်ပိုင်း ရော့စ်တော့ဗ်အွန်ဒွန် မြို့က နေထွက်ခွာသွားပြီဖြစ်ကာ မော်စကိုထိ ချီတက်မယ့်အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ ရုရှားစစ်ခေါင်းဆောင်တွေကို ဖြုတ်ချမယ်ဆိုပြီး ပုန်ကန်မှုစတင်ခဲ့တဲ့ ဝဂ္ဂနာအဖွဲ့ ခေါင်းဆောင် ပရီဂိုဇင်နဲ့ သူ့တပ်တွေကို တရားစွဲမှာမဟုတ်ဘူးလို့ ရုရှားအစိုးရကပြောပါတယ်။ ပရီဂိုဇင် ရဲ့ လုပ်ရပ်ကို နိုင်ငံတော် သစ္စာဖောက်မှုအဖြစ် စနေနေ့က နိုင်ငံလုံးဆိုင်ရာ တီဗွီမိန့်ခွန်းမှာ သမ္မတပူတင်က ရှုတ်ချပြောဆိုထားပါတယ်။ ဒါပေမယ့် ပရီိဂိုဇငျနဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကို တို့ကြား စေ့စပ်ညှိနှိုင်းမှုအပြီးမှာ တင်းမာမှုတွေ လျော့ကျပြီး အခုလိုသဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ မော်စကိုမှာ တော့လုံခြုံရေး တင်းကျပ်ထားပြီး မြို့တော်ဝန်က ဒေသခံ တှေကို ခရီးသွားခြင်း…
Read Moreမီးစာကုန်ဆီခန်းအရွယ်မှာ ဘ၀နေဝင်ချိန်မလှတဲ့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေ
ဇွန် ၂၅-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ကျေးရွာတော်တော်များများမှာ နှစ်နဲ့ချီပြီးတောတွေထဲမှာ စစ်ဘေးရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိနေပါတယ်။ သူတို့တွေဟာ အခုအချိန်အထိ ကိုယ့်ရွာကိုမပြန်ရဲကြဘဲ တောတွေထဲမှာပဲ ဖြစ်သလိုနေထိုင်နေကြရတာ အချိန်ကာလရှည်ကြာလာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့မှုတွေလည်းရှိလာကြပါတယ်။ ကျန်းမာရေးအခက်အခဖစ်ခဲ့ရင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြို့ဆေးရုံဆေးခန်းတွေကို သွားမပြနိုင်ဘဲ ကျေးလက်ဆရာဝန်ဆရာမတွေနဲ့သာ ဆေးကုသနေကြရပါတယ်။ #voiceofmyanmar #VOM #စစ်ဘေးရှောင် #သက်ကြီးရွယ်အိုတွေအခက်အခဲ Youtube Link – https://youtu.be/WAeSRj57Hgg
Read Moreတရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဘဏ်စနစ်နဲ့ ဆောင်ရွက်ရမယ်လို့ ပြောင်းလဲသတ်မှတ်
ဇွန် ၂၅ – ၂၀၂၃ GG (VOM) တရုတ် – မြန်မာ နယ်စပ်ကနေ မြန်မာဘက်ကို ပစ္စည်းတင်သွင်းနေတဲ့ သွင်းကုန်လုပ်ငန်းအားလုံး ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။ ဘဏ်စနစ်သုံးပြီး တရုတ်ကနေ သွင်းကုန်ပစ္စည်း တင်သွင်းတဲ့အခါ ပြည်တွင်းကနေ ပို့ကုန်တင်ပို့ပြီး ရတဲ့ ဝင်ငွေ နဲ့ အခြားဝင်ငွေတွေ၊ ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူရရှိထားတဲ့ ငွေစာရင်းလက်ကျန်(ယွမ်ငွေ)ပမာဏကိုသာ အသုံးပြုပြီး တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ဘဏ်စာရင်းထဲမှာရှိတဲ့ ငွေပမာဏထက်ကျော်လွန်ပြီး တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းခွင့်မပြုကြောင်း၊ ဘဏ်စာရင်းထဲက ငွေပမာအပေါ်မူတည်ပြီးသာ သွင်းကုန်လိုင်စင်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဘဏ်စနစ်နဲ့ ဆောင်ရွက်ရမယ်ဟုတ်တယ်။အဲ့ဒါကသွင်းကုန်သမားတွေအတွက် ပိုထိတယ်။သူတို့တဖက်ကနေ ပစ္စည်းတင်သွင်းမယ်ဆိုရင် ဒီဘက်ကနေ ပစ္စည်းတင်ပို့ရောင်းချထားတဲ့ ပို့ကုန်ရငွေ ရှိရမယ်။ အဲ့ဒါ ဘဏ်စာရင်းထဲမှာရှိရမယ်၊ အဲ့ဒီဘဏ်စာရင်းထဲကရှိတဲ့ ယွမ်ငွေပမာဏအရပဲ ပစ္စည်းတင်သွင်းလို့ရမယ်။အပြင်ကနေ ငွေထပ်ဝယ်ပြီးတော့ တင်သွင်းလို့မရဘူးပေါ့။” လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။…
Read More