ဘဏ်နှစ်ဘဏ် အရေးယူခံရမှု နောက်ဆက်တွဲဂယက် ဘာတွေဖြစ်လာမလဲ

SN (VOM) အမေရိကန်အစိုးရက နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် အဓိကကျတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇွန် ၂၁ ရက် ညဦးပိုင်းမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဝင်ငွေတွေ၊ စစ်လက်နက် ဝယ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အဲ့ဒီ့ဘဏ်တွေကို အသုံးပြုခဲ့တာကြောင့် အခုလိုမျိုးအရေးယူဒဏ်ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ MFTB နဲ့ MICB တို့ဟာ နိုင်ငံခြားငွေကြေးနဲ့ လည်ပတ်လုပ်ကိုင်နေရတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကကျတဲ့ ဘဏ်တွေဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အဲ့ဒီ့ဘဏ်စနစ်အတွင်း စီးဆင်းတဲ့ နိုင်ငံတကာငွေပေးချေမှုတွေအားလုံး ခက်ခဲသွားနိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ဆန်ရှင် (Sanciton) ထိသွားတဲ့ ဘဏ်နှစ်ဘဏ်ဟာ နိုင်ငံခြားငွေ လဲလှယ်မှုကို…

Read More

တောင်ကြီးက မူးယစ်ဆေးဝါး မီးရှို့ပွဲမှာ ကျောင်းသား/သူ အယောက် ၃၀ ကျော် မူးမေ့လဲကျမှုဖြစ်ပွားခဲ့

ဇွန် ၂၇ – ၂၀၂၃ SN (VOM) ‌ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်စီးတဲ့ပွဲမှာ ကားတာရာကို မီးပုံရှို့တဲ့ ညှော်နံ့တွေ၊ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးရာကနေ ထွက်လာတဲ့ အငွေ့တွေကို ရှူရှိုက်မိတာကြောင့် ကျောင်းသား/သူ ၃၀ ကျော် မူးမေ့၊ သတိလစ် လဲကျခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့ ဇွန် ၂၆ ရက်က တောင်ကြီးမြို့နယ်ရှိ အဝေရာမီးပုံးပျံကွင်းမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို ပညာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အရ တောင်ကြီးမြို့၊ အမှတ် ၂ အထက်တန်းကျောင်းမှ ကျောင်းသား/သူတွေ တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ “ခေတ်အဆက်ဆက် လွဲနေတာက အခုထိလည်း လွဲနေတုန်းပဲ။ ဒီလိုနေရာတွေက ကလေးတွေမသွားသင့်တဲ့နေရာတွေဆိုတာ မသိတာလား။ မူးယစ်ဆေးဝါးကို မီးရှို့ရင် အနံ့က အရမ်းဆိုးတာလေ။ ကလေးတွေက…

Read More

ရုရှားမှာ သွေးထွက်သံယိုပဋိပက္ခဖြစ်ဖို့ ရန်သူတော်တွေ မြင်လိုနေကြောင်း ပူတင်ဝေဖန်

မော်စကို ၊ဇွန်-၂၇-၂၀၂၃ မျိုးဆက်(VOM) ပရီဂိုဇင်ရဲ့ ၀ဂ္ဂနာကြေးစားစစ်သားအဖွဲ့ရဲ့ ပုန်ကန်မှုပြီးနောက် ရုရှားသမ္မတပူတင်ဟာ ဇွန် ၂၆ ရက်မှာ ရုပ်မြင်သံကြားကနေ မိန့်ခွန်းတရပ်ပြောကြားခဲ့့ပြီး ရန်သူတော်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ရုရှားမှာ သွေးထွက်သံယိုပဋိပက္ခကို မြင်လိုနေကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုဖြစ်ပွားခဲ့ပြီးနောက် အဖွဲ့က ကြေးစားစစ်သားတွေဟာ ရုရှားစစ်တပ်ကို ၀င်လိုပါက၀င်၊ ဘီလာရုစ်ကို သွားလိုသွား၊ သို့တည်းမဟုတ် အိမ်ပြန်နိုင်ကြောင်း ရုရှားသမ္မတပူတင်ကပြောပါတယ်။ အဲဒီပုန်ကန်မှုအတွင်း ရုရှားလေတပ်က လေယာဉ်မှူးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပူတင်က အတည်ပြုခဲ့ပါတယ်။ ၀ဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရိုဂိုဇင်ကတော့ သူ့အဖွဲ့ရဲ့လုပ်ရပ်ဟာ အစိုးရက သူတို့အဖွဲ့ကို တိုက်ရိုက်ထိန်းချုပ်မယ့် အစီအစဉ်တွေလုပ်နေတဲ့အပေါ် တုန့်ပြန်တာဖြစ်ကြောင်း ဆိုပါတယ်။ ပရီဂိုဇင်ဟာ သူ့တပ်တွေကို ပုန်ကန်မှုကနေ ဆုတ်ခွာခဲ့ခဲ့ပြီးနောက် ရုရှားကနေ ဘီလာရုစ်မှာနေဖို့ သဘောတူခဲ့ပြီး လက်ရှိမှာတော့ နေထိုင်ရာနေရာကို ရှင်းလင်းစွာမသိရပါဘူး။ အဲဒီလို ပဋိပက္ခတွေနဲ့အတူ ရုရှားမှာတင်းမာမှုတွေ မြင့်တက်နေချိန်မှာ…

Read More

ထိုင်း၀န်ကြီးချုပ်ဖြစ်လာဖို့ ပါလီမန်မှာ ထောက်ခံမှုလုံလုံလောက်လောက်ရှိကြောင်း ပီတာအခိုင်အမာပြော

ဘန်ကောက်၊ဇွန်-၂၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ်ဖြစ်လာဖို့အတွက် အထက်လွှတ်တော်မှာ ထောက်ခံမှု လုံလုံလောက်လာက်ရှိကြောင်း ထိုင်း၀န်ကြီးချုပ်လောင်းဖြစ်လာဖို့ ဦးဆောင်ရေပန်းစားနေတဲ့ ပီတာလင်ဂျာရိုနက်က ဇွန် ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ထိုင်းပါလီမန်သစ်ရဲ့ပထမဆုံး အစည်းအဝေးမစတင်မီ ရက်ပိုင်းအလိုမှာ ရှေ့သို့ချီပါတီအကြီးအကဲ ပီတာက ၀န်ကြီးချုပ်ဖြစ်လာနိုင်ခြေနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ရှေ့သို့ချီပါတီဟာ မေလကကျင်းပတဲ့ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ ပါတီတွေကိုဖြတ်ကျော်ကာ အများစုအနိုင်ရရှိခဲ့ပေမယ့် ပါတီခေါင်းဆောင်ပီတာ ၀န်ကြီးချုပ်ဖြစ်လာရေး မရေရာမှုတွေရှိနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ပါလီမန်မှာ ၃၁၂ နေရာရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပီတာ၀န်ကြီးချုပ်ဖြစ်လာဖို့ဆိုရင် ၂၀၁၄ အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ အမတ်နေရာ ၂၅၀ ရှိတဲ့ အထက်လွှတ်တော်အပါအ၀င် ပါလီမန်မှာ အနည်းဆုံး ၃၇၆ မဲလိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်၀န်ကြီးချုပ်ဖြစ်လာဖို့ လုံလောက်ပါတယ် လို့ ၀န်ကြီးချုပ်ဖြစ်လာရေးနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ထောက်ခံမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပီတာက ပြန်လည်ဖြေကြားခဲ့ပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar…

Read More

အသေးစားငွေချေးလုပ်ငန်းဖြစ်တဲ့ Pact Myanmar လုပ်ငန်းပိတ်သိမ်းလို့ ဝန်ထမ်းအင်အား ၅၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

ဇွန်၊၂၇-၂၀၂၃ MM(VOM) အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်းအဖွဲ့ဖြစ်တဲ့ Pact Myanmar ချေးငွေလုပ်ငန်း အပြီးရပ်နားသွား ပြီဖြစ်တာကြောင့် အဲ့ဒီလုပ်ငန်းက ဝန်ထမ်းအင်အား အယောက် ၅၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ပေါ်တော့မယ်အရေးနဲ့ကြုံနေရတယ်လို့ အဲ့ဒီလုပ်ငန်းကဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ”အဖွဲ့ဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကြောင်းကြားလာတာပါ ၊ လုပ်ငန်းကို အပြီးပိတ်သိမ်း တော့မှာတဲ့၊ စာထွက်လာပြီ အခု ဇွန်လ ၃၀ ရက်ကနေ စတင်ပြီး အပြီးရပ်နားတော့မှာ ၊ စာထဲမှာတော့ အပြည့်အစုံပါတယ်၊ စိတ်ထဲ အဆင်မပြေတာတော့ ရှိတာပေါ့ ဘာတတ်နိုင်မလဲ ၊ ကျွန်မဆို အဲ့ဒီလုပ်ငန်းမှာ ၁၅ နှစ်ကျော်လက်တွဲလုပ်ခဲ့တာ၊ အတွေ့အကြုံတွေ အများကြီးရတယ်၊ ကျွန်မတို့လုပ်ငန်းမှာက ဝန်ထမ်းတစ်တိုင်း ကို အနည်းဆုံး အယောက် ၃၀၀ လောက်ရှိတာ၊တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အယောက် ၅၀၀၀ နီးပါးလောက်အထိရှိတယ်၊ ဒီလိုဆိုတော့ ဝန်ထမ်း အားလုံးတော့ အလုပ်လက်မဲ့ ဖြစ်ပြီပေါ့။”လို့…

Read More

လစ်သီယမ်-အိုင်းယွန်းဘက်ထရီ တီထွင်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး နိုဘယ်ဆုရှင် ကွယ်လွန်

၀ါရှင်တန်၊ ဇွန်-၂၇-၂၀၂၃ မျိူးဆက်(VOM) ကမ္ဘာ့အသက်အကြီးဆုံး နိုဘယ်ဆုရှင် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတီထွင်မှုမှာ အရေးပါသည့်အခန်းကဏ္ဍမှ ဦးဆောင်ပါ၀င်ခဲ့တဲ့ ဂျွန်ဂွတ်အန်းနော့ အသက် ၁၀၀ နှစ်ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဂျွန်ဂွတ်အန်းနော့ဟာ ဇွန် ၂၅ ရက်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း သူပါမောက္ခအဖြစ် လုပ်ကိုင်နေတဲ့ အော်စတင်ရှိ တက္ကဆက်တက္ကသိုလ်က ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒေါက်တာဂွတ်အန်းနော့ဟာ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီ တီထွင်မှုအပါအ၀င် ဘက်ထရီနဲ့ပတ်သက်တဲ့ တီထွင်မှုတွေအတွက် အသက် ၉၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်မှာ ဓါတုဗေဒ နိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဂျွန်ဟာ ထူးချွန်ထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်တွေက တိုင်းတာလို့ မရကြောင်း တက္ကဆက်တက္ကသိုလ်အကြီးအကဲ ဂျေးဟာ့ဇယ်လ်က ပြောပါတယ်။ လစ်သီယမ်-အိုင်းယွန်းဘက်ထရီတွေဟာ ကမ္ဘာတ၀န်းရှိ လျှပ်စစ်ကားတွေအတွက် စွမ်းအင်ဆိုင်ရာ အဓိကအခန်းကဏ္ဍမှာ တွင်ကျယ်စွာအသုံးပြုလျှက်ရှိပါတယ်။ ဒေါက်တာ ဂွတ်အန်းနော့ကို ၁၉၂၂ ခုနှစ်မှာ…

Read More

မန္တလေးမြို့၊ နန်းဦးလွင်ကျေးရွာက နေအိမ်အဆောက်အအုံ ရာနဲ့ချီ ဖယ်ရှားဖို့ သက်ဆိုင်ရာက လာရောက် စာကပ်

ဇွန် ၂၇-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ နေအိမ်အဆောက်အဦ ရာနဲ့ချီ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက ဒီကနေ့မနက်ပိုင်းမှာ စာလာကပ်သွားတယ်လို့ နန်းဦးလွင်ဒေသခံတွေဆီက သိရပါတယ်။ ” စာရွက်လာကပ်တယ် ဆေးနီနဲ့ အိမ်ရှေ့မှာ ၁/ နံပါတ် ဘယ်လောက်ဆိုပြီး ရေးသွားတယ်၊ နောက်လ ၆ရက်နေ့ နောက်ဆုံးထားဖယ်ရမယ်တဲ့ စာထဲမှာ ရေးထားတယ်၊ နှစ်ချီ နေလာသူတွေ များပါတယ်၊ တချို့ဆို အိမ်ကြီးအိမ်ကောင်းတွေ ဆောက်နေကြတာ၊ ခေတ်ကိုက မပြောတတ်တော့ဘူး”လို့ နန်းဦးလွင်ဒေသခံတစ်ဦးကပြောပါတယ်။ ကပ်ထားတဲ့စာအရ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို လယ်ယာ‌မြေဥပဒေ ပုဒ်မ-၁၉ ခ အရ ဖယ်ရှားရခြင်းဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #နန်းဦးလွင် #နေအိမ်ဖယ်ရှားမှု

Read More

၀ဂ္ဂနာအဖွဲ့ရဲ့ပုန်ကန်မှု ရုရှားရဲ့ ဆိုးရွားတဲ့အက်ကြောင်းတွေကို ဖော်ပြနေကြောင်း အမေရိကန်ပြော

၀ါရှင်တန်၊ ဇွန်-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ကို ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ ပုန်ကန်မှုဟာ ရုရှားနိုင်ငံရဲ့ အလွန်ဆိုးရွားတဲ့ အက်ကြောင်းအချို့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သမ္မတပူတင်ရဲ့ ခေါင်းဆောင်မှုကို ပေါ်တင်စိန်ခေါ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖောပြောဆိုလိုက်ပါတယ်။ ပူတင်ရဲ့ ရုရှားအစိုးရနဲ့ စစ်တပ်ကို ၀ဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က လူသိရှင်ကြား ဝေဖန်ပြောဆိုမှုတွေကြောင့် လအတန်ကြာ တင်းမာမှုတွေရှိချိန်မှာ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုက အံ့သြစရာမဟုတ်ကြောင်း ဘလင်ကင်က ပြောပါတယ်။ အဲဒီလို ရုရှားရဲ့ အတွင်းပိုင်းအက်ကြောင်းတွေကစတဲ့ တင်းမာသဘောထားကွဲလွဲမှုတွေဟာ ရုရှားကို စစ်ရေးအရရော စီးပွားရေးအရပါ ကမ္ဘာ့စင်မြင့်မှာ ရပ်တည်မှုကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ရုရှားရဲ့ ပြည်တွင်းရေး သဘောထားကွဲလွဲမှုတွေဟာ အခြေအနေဘယ်လိုဆက်သွားမယ်တာ ခန့်မှန်းဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။ အမေရိကန်ဟာ ရုရှားမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဂရုတစိုက်စောင့်ကြည့်နေပြီး လက်ရှိမှာတော့ ယူကရိန်းမှာ နျူကလီးယားလက်နက်ထုတ်သုံးမယ့် အခြေအနေနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတစုံတရာ မတွေ့ရသေးကြောင်း သူကပြောဆိုပါတယ်။ Ref:…

Read More

ဆင်မြီးဆွဲမှာ ပစ်ခတ်မှုဖြစ်ပြီး အငြိမ်းစားရဲအရာရှိသေဆုံး၊ နယ်ထိန်းတစ်ဦး ဒဏ်ရာရ

ဇွန် ၂၆ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့မှာ ဒီနေ့ ဇွန်၂၆ ရက် မနက်ပိုင်းက နယ်ထိန်းခေါင်းဆောင်ဆိုသူနဲ့ အငြိမ်းစား ရဲအရာရှိတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး အငြိမ်းစားရဲအရာရှိသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် အခုမနက် ၆ နာရီကျော်လောက်က သေနတ်နဲ့လိုက်ပစ်ခံရတာပါ။သူတို့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာကိုပဲ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး သေနတ်နဲ့ပစ်တာလို့သိရတယ်၊ တစ်ယောက်က နေရာမှာပဲသေတယ်။တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့သိရတယ် “လို့ ဆင်မြီးဆွဲမြို့ခံတစ်ဦးကပြောပါတယ်။ သေနတ်နဲ့ပစ်ခံရပြီး နေရာမှာပဲသေဆုံးတဲ့ အငြိမ်းစားရဲအရာရှိကတော့ ဦးစိုးသက်အောင်ဆိုသူ ဖြစ်ပြီး ကျောဖောက်ဝင်သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရသူကတော့ ဆင်မြီးဆွဲမြို့နယ် ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ကျော်ကျော်ဆိုသူဖြစ်ပြီး ဆေးကုသဖို့အတွက် ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ လက်ရှိ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊သဲကုန်း၊ဆင်းမြီးဆွဲ မြို့နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ…

Read More

မြောက်ကိုရီးယားမှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ပြုံးယမ်း၊ ဇွန်-၂၆-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ အမေရိကန်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ကိုရီးယားစစ်ပွဲ ၇၃ နှစ်မြောက်အထိမ်းအမှတ်နေ့မှာ ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြို့တော်ပြုံးယမ်း၌ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာ အလုပ်သမားနဲ့ကျောင်းသား တသိန်းနှစ်သောင်းကျော်ပါ၀င်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ “အမေရိကန်ပြည်မကြီးတခုလုံးဟာ မိမိတို့ရဲ့ ပစ်ကွင်းအောက်မှာရှိနေသည်” “ နယ်ချဲ့သမား အမေရိကန်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူစတဲ့ စာတမ်းတွေကိုင်ဆောင်ထားသူတွေဟာ အားကစားကွင်းတခုမှာ စုရုံးနေတဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားမှာ အမေရိကန်နယ်ချဲ့တွေကို အပြစ်ပေးဖို့ အပြင်းထန်ဆုံးလက်နက်တွေရှိနေပြီး ရန်သူကို လက်စားချေဖို့ မြောက်ကိုရီးယားစစ်သားတွေက မခံချင်စိတ်တွေ တောက်လောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်တင်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ စွမ်းအားမြင့် တိုက်ချင်းပစ်ဒုံးကျည်အပါအ၀င် ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်ပစ်ခတ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar…

Read More
VOM News

FREE
VIEW