ဇွန်၊၁၈-၂၀၂၃ MM +GG(VOM) ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရှားဖြူကုန်းကျေးရွာက သက်တမ်းရင့် ဘုန်းတော်ကြီးကျောင်း တစ်ခု ဒီနေ့ ဇွန် ၁၈ ရက် မနက် ၁၀ နာရီကျော်ကမီးလောင်မှုဖြစ်ပွားပြီး ကျောင်းဆောင်တစ်ခုလုံး ပြာကျခဲ့တယ်လို့ သိရပါတယ်။ ”ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ၊ မီးလောင်မှုအကြောင်းရင်းက ကျောင်းကပ္ပိယဖြစ်တဲ့ ဦးလှိုင်ဝင်းက ကျောင်းအပေါ်ထပ် ဘုရားခန်းရှေ့ စာအုပ်စင်အနီးထွန်းထားတဲ့ ခြင်ဆေးခွေကနေ စာရွက်စာတမ်းတွေပေါ်ကို ခြင်ဆေးခွေပြုတ်ကျပြီး မီးလောင်မှုစတင်ဖြစ်ပွားတာ၊ ကျောင်းဆောင်ကတော့ လုံးဝမီးလောင်ဆုံးရှုံးသွားတယ်၊ မီးလောင်တဲ့အထဲပါသွားတဲ့ ကျောင်းဆောင်က ၆၄ x ၄၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ်ကျောင်း ဆောင်ပါ၊ လူတွေ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူး၊ အဲ့ဒီကျောင်းဆောင်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး ၊ ကျောင်းထိုင်ဆရာတော်မြို့တက်နေတုန်းဖြစ်တာတဲ့။”လို့…
Read MoreMonth: June 2023
မိုးဗြဲမှာ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရ
ဇွန်၊၁၈-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ မိုးဗြဲမြို့ပေါ်ကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေသိရပါတယ်။ “မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကနေစတင်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ မြို့ပေါ်မှာဖြစ်တော့ ပိုဆိုးတာပေါ့၊ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့နဲ့တပ်နဲ့ ဖြစ်နေတာပါ ၊အဲ့ဒီတိုက်ပွဲက နေ့ချင်းညချင်း ရုတ်တရက်ထဖြစ်တာ၊ စစ်ရှောင်အကုန် အယောက် ၅၀၀၀ ကျော်မယ်၊ဒေသခံတွေက အတင်း ရုတ်တရက် ထပြေးရတာဖြစ်တော့ ဘာမှ များများစားစား မသယ်နိုင်ဘူးလေ ၊အခုကျတော့ အချိန် တပတ် မပြည့်သေးဘူး ၊အကုန် ဒုက္ခရောက်နေပြီ၊တချို့တွေမှာ စားနပ်ရိက္ခာတွေ စပြတ်နေပြီ၊ ရေရှည်မှာဆို မကောင်းဘူး ၊ ရာသီဥတုဒဏ်နဲ့ အစားရေစာ ပြတ်သွားရင်လေ ၊ ကျွန်တော်တို့မှာလည်း အရင်နှစ်တွေကလို အပိုအလျှံတွေ မရှိဘူး ၊တိုက်ပွဲက ဆက်ဖြစ်နေဦးမယ်လို့ထင်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးပြောပါတယ်။ အဲ့ဒီ စစ်ရှောင်တွေက ကိုယ့်အစီအစဉ်နဲ့ကို တောတောင်တွေထဲမှာ ယာယီ…
Read Moreထန်းတပင်မှာ မိုင်းနင်းမိပြီး လူတစ်ဦးသေဆုံး
ဇွန် ၁၈ – ၂၀၂၃ GG( VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း၊ သရက်တန်းရွာနားမှာ မိုင်းနင်းမိပြီး လူ ၁ ယောက် သေဆုံးပြီး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီလောက်မှာ မိုင်းနင်းမိတာ၊တစ်ယောက်က နေရာမှာပဲ ဆုံးတယ်၊နောက်တစ်ယောက်ကတော့ ဒဏ်ရာရလို့ ဆေးကုသမှုပေးနေတယ်လို့သိရတယ်။ ထန်းတပင်ဘက်က မကြာခဏတိုက်ပွဲကဖြစ်တော့ ရှောင်နေကြတဲ့သူတွေလို့ ပြောတယ်၊အခုလည်း သွားရင်းလာရင်း မိုင်းနင်းမိတဲ့သဘောပါ။ တိုက်ပွဲတွေကဖြစ်နေတော့ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး “လို့ ထန်းတပင်မြို့ခံတစ်ဦးကပြောပါတယ်။ မိုင်းနင်းမိပြီးသေဆုံး ၊ ဒဏ်ရာရရှိခဲ့သူတွေဟာ ထန်းတပင်မြို့နယ်၊ မဲဖလံရွမှာာနေထိုင်သူတွေဖြစ်ပြီး သေဆုံးသူက အသက် ၆၀ အရွယ်ရှိ ဦးတင်ဆန်းဆိုသူ…
Read Moreမြန်မာနိုင်ငံတဝှမ်းမှာ (၄)လအတွင်း မီးလောင်မှု ၈၀၀ ခန့်ဖြစ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့
ဇွန် ၁၈ – ၂၀၂၃ GG(VOM) ၂၀၂၃ ခုနှစ်ရဲ့ ပထမ လေးလတာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ မီးလောင်မှု ၈၀၀ နီးပါးဖြစ်ပွားခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁ ဘီလီယံဝန်းကျင်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့် လူနေအိမ် အလုံးပေါင်း ၁၉ဝဝ ဝန်းကျင် ပျက်စီးခဲ့ရပြီး စက်ရုံ၊ အလုပ်ရုံ ၆ လုံးနဲ့ ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ ပြည်သူ ၄၅၄၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပြည်သူ ၁၀၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိရိစ္ဆာန် ၂၉၈၄ ကောင်လည်း သေဆုံးခဲ့ရပါတယ်။ ” အခုနှစ် ဇန်နဝါရီနှစ်စကနေ ဧပြီလအထိစာရင်းပါ၊မီးလောင်တာ ၇၄၅ ကြိမ်ရှိခဲ့တယ်။ သေဆုံးက ၅၁…
Read Moreပုဏ္ဏားကျွန်းနဲ့မြောက်ဦးမှာ မိုးကြိုးပစ်ခံရလို့ တစ်ရက်တည်း လူ ၄ယောက်သေဆုံးခဲ့
ဇွန် ၁၇ – ၂၀၂၃ GG (VOM) ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ မနေ့ ဇွန်လ ၁၆ ရက်နေ့ တစ်ရက်တည်း မိုးကြိုးပစ်ခံရလို့ ဒေသခံ ၄ ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးသူတွေက ပုဏ္ဏားကျွန်းမြို့နယ်က ၃ ယောက် နဲ့ မြောက်ဦးမြို့နယ်က ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရရှိသူက ကျောက်တော်မြို့နယ် အောင်ဇေယျရွာက အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ၃ နာရီလောက်ကပေါ့ မိုးတွေကရွာတယ်၊လေလည်းတိုက်တယ်၊ အဲ့ဒီမှာသူတို့က လယ်ထဲ ရေသွင်းတာ ရေပိတ်တာတွေလုပ်နေကြတာပေါ့။အဲ့ဒီမှာမိုးကြိုးပစ်ခံရတာ နေရာမှာပဲ ဆုံးတယ်။ နောက်ထပ်တစ်ရွာမှာလည်း အဲ့ဒီလိုပဲ မိုးကြိုးပစ်ပြီးတစ်ယောက်သေသေးတယ်။ မိုးရွာမှ စပါးစိုက်ဖို့ကလည်းလုပ်ရတာလေ “လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းပရဟိတကျောင်း ဆရာတော်ကမိန့်ပါတယ်။ ဖြစ်စဥ်မှာ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာမှာ ဇွန်လ ၁၆ ရက်နေ့…
Read Moreနမ်ဆန်ယန်ရွာအနီး တပ်နဲ့ KIA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွား
ဇွန် ၁၇၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာမှာ မနေ့ ဇွန် ၁၆ ရက်နေ့က တပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ဆန်ယန် အရှေ့ဘက်ခြမ်း စစ်ကြောင်းထိုးလာတဲ့ တပ်နဲ့ ဖြစ်တာ။ နမ်ဆန် တံတားဖြတ်လာတဲ့ အချိန်။ နေ့ခင်းပိုင်း စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းမှာ ကေအိုင်အေဘက်က ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလာတာ၊ တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။ သတိနဲ့ နေရမယ်။ လက်ရှိ စစ်ရေးတင်းမာနေတယ်”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ နမ်ဆန်ယန် အနီးနား နေထိုင်သူ ၁ ဦးကလည်း “နမ့်ဆန်ယန်ဘက် သေနတ်သံတွေ ကြားနေခဲ့တယ်လို့ ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် အင်အား ၁၀၀ ခန့် ရှိပြီး နမ့်ဆန်ယန်…
Read Moreမြောက်ကိုရီးယားရဲ့ ကာကွယ်ရေးမဟာဗျူဟာချမှတ်ဖို့ အာဏာရပါတီရဲ့ အဓိကအစည်းအဝေး စတင်နေ
ပြုံးယမ်း ၊ ဇွန်-၁၇-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ သံတမန်ရေးနဲ့ ကာကွယ်ရေးမဟာဗျူဟာ ချမှတ်ဖို့အတွက် အာဏာရပါတီရဲ့ အစည်းအဝေးကို စတင်ကျင်းပနေပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းဝေးကို ဇွန် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ဝေဖန်ထားပြီး ဒါတွေဟာ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကို မြင့်တက်စေတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်နေတာကို သတိပေးတဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ဇွန် ၁၅ ရက် မနက်ပိုင်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လကလည်း နိုင်ငံရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုပစ်လွှတ်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုတ်ချထားပါတယ်။…
Read Moreမြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေကို ထိုင်းဖိတ်ကြား
ဘန်ကောက်၊ ဇွန်-၁၇-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရေးအတွက် အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ လက်ခံကျင်းပသွားရန်အတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကို ဖိတ်ကြားထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့လက အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ အကြံပြုချက်တွေကို တုံ့ပြန်တဲ့မဟာဗျူဟာတွေကို ဒီအစည်းအဝေးမှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ သံတမန်ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုကို မြှင့်တင်ဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ကာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု အားကောင်းလာစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က ဝေဖန်မှုများရှိနေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အလွတ်သဘောအစည်းအဝေးခေါ်ဆိုမှုဟာ အဖွဲ့ရဲ့ညီညွတ်မှုအပေါ် နောက်ထပ်မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ အစည်းအဝေးတက်ရောက်ဖို့ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကိုလည်း ဖိတ်ကြားထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Ref: Reuters #VOM #voiceofmyanmar…
Read Moreသိမ်ဇရပ်မှာ လက်နက်ကြီးကျလို့ ၁ယောက်သေဆုံး၊ ကလေးငယ်အပါ ၄ ယောက် ဒဏ်ရာရ
ဇွန် ၁၇ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ပေါ်မှတ် (၁) ရပ်ကွက်၊ ရွာလေးကွက်သစ်ပိုင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန် ၁၆ ရက်ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” ဒေါ်အေးအေးနွယ်က နံရိုးအောက် ၁ချက်၊ လက်ပြတ်ရှဒဏ်ရာ ၁ချက်၊နဖူးပွန်းပဲ့ဒဏ်ရာတွေနဲ့နေရာမှာပဲသေဆုံးတယ်။သူ့ရဲ့ယောကျ်ားနဲ့သမီးက ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။နောက်ထပ် ခြံတစ်ခြံထဲလည်း လက်နက်ကျလို့ လင်မယား၂ယောက် ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။ “လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကျလို့ သေဆုံးခဲ့သူကတော့ ကွက်သစ်ပိုင်းနေ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဒေါ်အေးအေးနွယ် ဆိုသူဖြစ်ပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ရွာလေးကွက်သစ်ပိုင်းမှာပဲ နေထိုင်ကြတဲ့ သေဆုံးသူအမျိုးသမီးရဲ့အမျိုးသားဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးဇင်ဘိုလတ် နဲ့ သမီးဖြစ်သူ…
Read Moreနှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင် ဆေးရုံတင်ထားရ
ဇွန် ၁၇ – ၂၀၂၃ SN (VOM) မန္တလေး အိုးဘိုအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဟာ မနေ့ ဇွန် ၁၆ ရက်က ဆေးရုံတက်ရောက်ကုသနေရတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အသက် ၇၂ နှစ်အရွယ် ဝန်ကြီးဟောင်းဟာ နှလုံးရောဂါကြောင့် မနေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ “ထောင်ထဲမှာ နှလုံးရောဂါဖောက်လာလို့ပါ။ အကျဉ်းထောင်ဆေးရုံအုပ်ရဲ့ လမ်းညွှန်ချက်အရ မနေ့ မနက် ၉ နာရီခွဲလောက်က မန္တလေးဆေးရုံကို တင်လိုက်ရတာပါ” လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ…
Read More