ဇူလိူင် ၈ – ၂၀၂၃
GG(VOM)
The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအပါအဝင် သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ မေလသံစဥ်၊ အဆိုတော်ရွှေရည်သိန်းတန် တို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဇူလိူင် ၇ ရက် ညပိုင်းမှာ အကုန်လုံးပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လက်ရှိမှာနေအိမ်ကိုပြန်ရောက်နေပြီလို့ သိရပါတယ်။
“ဟုတ်တယ် မေပန်းချီပြန်လွတ်လာပြီ၊မနေ့ညက ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းနဲ့ပြန်လွတ်လာတယ်လို့တော့ ကြားတယ်။အတိအကျတော့ မသိရသေးဘူး၊သူက ထောင် ၃ နှစ်ချပြီးပြီ၊အခုပြန်လွတ်လာတာပေါ့”လို့ အနုပညာရှင် အသိုင်းဝိုင်းက မိသားစုနဲ့ရင်းနှီးသူတစ်ဦးကပြောပါတယ်။
အဆိုပါ ၅ ယောက်ကို ပြီးခဲ့တဲ့ ဧပြီလ ထဲမှာ သသူတို့ရဲ့နေအိမ်တွေငနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ကာ မေပန်းချီတစ်ယောက်ထဲကိုသာ ထောင် ၃ နှစ် ချမှတ်ခဲ့ကာ လက်ရှိမှာအကုန်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ နစက ဘက်ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခြားဖမ်းဆီးခံထားရတဲ့ အနုပညာရှင်အချို့လည်း အခုချိန်ထိ အကျဥ်းထောင်တွေမှာ ကျန်ရှိနေသေးပြီး ထောင်ဒဏ်ချမှတ်ခံထားရသူတွေရှိနေတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ကိုကျော်မင်းဆွေ #မေပန်းချီ #ပြန်လည်လွတ်မြောက်လာ