ဂျကာတာ၊ ဇူလိုင်-၁၂-၂၀၂၃ မျိုးဆက်(VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့သီတင်းပတ်က တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဇူလိုင် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သူမရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် သူမအပေါ်စွဲချက်တွေနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၃၃ နှစ်ကြာ ချမှတ်ခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ နိုင်ငံခြားသံတမန်တွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကို မြန်မာအာဏာပိုင်တွေက ပယ်ချခဲ့ပြီး တရားခွင်တွေမှာလည်း သူမရဲ့ရှေ့နေတွေကို မီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပါတယ်။ ထိုင်းနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရပြီးနောက် ပထမဆုံးသော သံတမန်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို အားပေးကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက…
Read MoreDay: July 12, 2023
ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်ခတ်
ဆိုးလ်၊ ဇူလိုင်-၁၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်လို့ သံသယဖြစ်ဖွယ် တာဝေးပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ကြောင်း ဂျပန်နှင့်တောင်ကိုရီးယား တာ၀န်ရှိသူတွေက ဇူလိုင် ၁၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ကို ပြုံးယမ်းကနေ အရှေ့ဘက်ကိုဦးတည်ပစ်ခတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်အတွင်း မကျရောက်မီ အချိန်တနာရီကျော်ကြာ ပျံသန်းခဲ့ကာ ၆၂၁ မိုင်ခရီးရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အမေရိကန်ကင်းထောက်လေယာဉ်ဟာ လေပိုင်နက်အတွင်း ကျူးကျော်၀င်ရောက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုပြီးနောက်မှာ ဒုံးကျည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၀င်ရောက်လာတဲ့ အမေရိကန်လေယာဉ်တွေကို ပစ်ချမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တာ၀န်ရှိသူတွေဟာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ပြီးနောက် ချက်ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာစေမယ်လို့ ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ပစ်ခတ်မှုဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာအသိုက်အ၀န်းကို ဆိုးရွားစွာထိခိုက်စေတဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ Ref:…
Read Moreတငွေ့ငွေ့ တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း
ဇူလိူင် ၁၂-၂၀၂၃ GG(VOM) ပြည်တွင်း စားသုံးဆီစျေး လက်လီစျေးကွက်မှာ တစ်ပိဿာကို အမြင့်ဆုံး ၁၀၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက် လာသလို အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပြန်လည်မြင့်တက်လာတာကြောင့် ပြည်သူတွေအားလုံး အဆင်မပြေဖြစ်နေကြရတယ်လို့ သိရပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ ဂျင်း ၊အရောင်တင်မှုန့် ၊ အချိုမှုန့် ၊သကြား အပါအဝင် စတဲ့ နေ့စဥ် မဖြစ်မနေအသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအားလုံး စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဂျင်းတက်ဆိုရင် တစ်ပိဿာကို ၃၀၀၀ ခန့်ကနေ လက်ရှိမှာ ၉၀၀၀ ကျပ်အထိဖြစ်လာပြီး ကြူကုတ်ကြက်သွန်ဖြူက ၈၅၀၀ ကျပ်၊ ဗမာကြက်သွန်ဖြူက ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိရှိပြီး အာလူးက ၃၅၀၀ ကျပ်နဲ့ ကြက်သွန်နီကလည်း တစ်ပိဿာ ကို…
Read Moreကလေးငယ်တွေအဖြစ်များနေတဲ့ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါနဲ့ ပက်သက်ပြီး အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။
“အခုက ရောဂါအရ ခေါင်းစဉ်တပ်တာက flu ပေါ့၊ ရာသီတုပ်ကွေးမှာ အဆုတ်ရောင်ရမ်းမှုကို ပိုပြီး ဖြစ်စေတယ် အဲ့ဒီလိုပုံစံမျိုးပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတာဆိုတော့ ပြောလို့မရဘူး။ ခုဖြစ်နေတာတွေက ကိုဗစ်လည်း ဖြစ်နိုင်တယ်လေ။ ကိုဗစ်က ဘယ်သူစစ်မလဲဆိုတော့လည်း ဘယ်သူမှ မစစ်ကြဘူး၊ အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်” ဇူလိုင် ၁၂-၂၀၂၃ SN (VOM) လက်ရှိ ကလေးငယ်အများစုမှာ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းဆိုတဲ့ ရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေမှာလည်း ဒီ အဆုတ်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားနေတာကြောင့် International Preschool အပါအဝင် တချို့ မူကြိုကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငါးရက်ကနေ တစ်ပတ်အထိ ပိတ်ထားကြတယ်လို့ ကလေးမိဘတွေဆီက သိရပါတယ်။ ဒါ့အပြင် ချောင်းဆိုး၊ ရင်ကြပ်နေတဲ့ ကလေးတွေကို တစ်ပတ် (ဒါမှမဟုတ်) ၁၀ ရက်ခန့် ကျောင်းမပို့ဖို့နဲ့…
Read Moreမကြာမီ ရာပြည့်ကြတော့မည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ၂ ခိုင်
ဆူးငှက် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေသူရိန်ရုံကြီး၌ “အထက်ဗမာ(မြန်မာ)နိုင်ငံ ကိုယ်လက်ကျန်းမာရေးအသင်းကြီး”၏ ကာယဗလပြပွဲကြီးကျင်းပပြီးနောက်ရက် ဒီဇင်ဘာ (၃ဝ)ရက်နေ့တွင် မန္တလေးမြို့ဆိုင်ရာအစည်းအဝေးကြီးတစ်ခုကိုလည်း ဆက်တိုက်ကျင်းပခဲ့လေသည်။ ထိုအစည်းအဝေးကြီးမတိုင်မီ ဒီဇင်ဘာ ၂၆ရက်နေ့က အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့ မန္တလေးမြို့သိုရောက်ရှိလာကြပြီး မြို့မိမြို့ဖများနှင့တွေ့ဆုံကာ မန္တလေးမြို့တော် ပြန်လည်တည်ဆောက်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်များကိုအခြေခံပြီး ဒီဇင်ဘာ ၃ဝ ရက်နေ့ နေသူရိန်အစည်းအဝေးကြီးတွင် မြို့လူထုကြီးနှင့်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။ ထိုဆုံးဖြတ်ချက်များမှာ (၁)လောကဓာတ်နည်းအားဖြင့် ပြန်လည်ထူထောင်ရေးစနစ်ကိုတိုးတက်စေရန် ဗမာ(မြန်မာ)နိုင်ငံထူထောင်ရေးအဖွဲ့ တစ်ဖွဲ့ မန္တလေးတွင် ဖွဲ့စည်းရန်။ (၂) သာသနာရေးအဆောက်အဦများနှင့နေရာများကို မထိခိုက်စေဘဲ တိုင်းသူပြည်သားတို့၏ လိုအပ်သော အရာများကို အခြေပြု၍ခေတ်မှီနည်းအရ မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ရန် စသည်တို့ဖြစ်၏။ ထိုဆုံးဖြတ်ချက် များနှင့်ပတ်သက်၍ ကနဦးလုပ်ဆောင်ချက်များအနေနှင့် စိန်ပန်း၊မင်းတဲအီကင်းစသည့် အနောက်ပိုင်း မြေနိမ့်ရေဝင်ရပ်ကွက်များကိုပြုပြင်ရန်၊ နန်းမြို့အတွင်း၌ ဆေးရုံများ၊ကျောင်းများ၊ ရုံးများ…
Read More