ထိုင်း၀န်ကြီးချုပ်သစ်အဖြစ် ပွေထိုင်းပါတီက ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းရန် စီစဉ်

ဘန်ကောက်၊ ဇူလိုင်-၂၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်းရွေးကောက်ပွဲမှာ အများဆုံးနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ ပါတီခေါင်ဆောင်ပီတာကို ၀န်ကြီးချုပ်တင်မြှောက်နိုင်ရေးအတွက် ပါလီမန်မှာ ထောက်ခံမှု အလုံအလောက်မရရှိခဲ့တာကြောင့် မဟာမိတ် ပွေထိုင်းပါတီကို ၀န်ကြီးချုပ်ခန့်အပ်နိုင်ရေးနဲ့ အစိုးရသစ်အတွက် ဦးဆောင်ခွင့်ပေးမှာဖြစ်ကြောင်း ပါတီထိပ်တန်းတာ၀န်ရှိသူတဦးက ဇူလိုင် ၂၁ ရက်မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ လာမယ့် ၂၇ ရက်မှာ ပြုလုပ်မယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်ရေး ပါလီမန်မဲခွဲမှုမှာ ပွေထိုင်းပါတီက တင်သွင်းတဲ့ ဘယ်ကိုယ်စားလှယ်လောင်းကိုမဆို ၀န်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးသွားမယ်လို့ ရှေ့သို့ပါတီအတွင်းရေးမှူး ချိုင်သာ၀ပ်တူလာသွန်က ပြောပါတယ်။ ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ရှေ့သို့ပါတီခေါင်းဆောင် အသက် ၄၂ နှစ်အရွယ် ပီတာကို ၀န်ကြီးချုပ်လောင်းအဖြစ် ထောက်ခံခဲ့ပေမယ့်လည်း ပါလီမန်မဲခွဲဆုံးဖြတ်မှု နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ရှေ့သို့ပါတီနဲ့ ပွေထိုင်းပါတီတို့ဟာ အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်မှာ နေရာအများစုအနိုင်ရရှိထားပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်ရေးမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုလိုအပ်နေပါတယ်။ ရှေ့သို့ပါတီဟာ မေလအတွင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာ…

Read More

ခေါ်ယူစစ်ဆေးခံနေရတဲ့ ရွှေလုပ်ငန်းရှင် အယောက် ၅၀ ကျော် ရှိလာပြီလို့ သိရ

ဇူလိုင် ၂၁ – ၂၀၂၃ SN (VOM) နေ့ဘက်မှာ အိမ်ခဏပြန်လွှတ်ပြီး ညဘက်မှာ ပြန်ခေါ်နဲ့ စစ်ဆေးခံနေရတဲ့ ရွှေလုပ်ငန်းရှင် အယောက် ၅၀ ကျော် ရှိလာပြီဖြစ်ပြီး အခုလို အခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရွှေအခဲလိုက်မရောင်းရဲကြတော့ဘဲ စောင့်‌ကြည့်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်တွင်းရွှေဈေး မြင့်တက်လာပြီးနောက် သက်ဆိုင်ရာက ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကတည်းက စတင်ပြီး ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ခေါ်ယူစစ်ဆေးတာပေါ့။ နောက်ပိုင်း သူတို့ရဲ့ စစ်ဆေးချက်တွေအရ ထပ်ပြီးတော့ ခေါ်တဲ့လူတွေလည်း ရှိတယ်။ စုစုပေါင်း အယောက် ၅၀ လောက်ရှိတယ်လို့တော့ သတင်းကြားပါတယ်။ သူတို့ကို နေ့လယ်ဆို အိမ်ခဏပေးပြန်တယ်၊ ညကျရင်တော့ ပြန်လာရတယ်ပေါ့၊ အဲ့ဒီလိုမျိုးပါ။ ဘာ့ကြောင့်လဲတော့…

Read More

ပြင်းထန်တဲ့အပူလှိုင်းကြောင့် အီတလီမြို့အားလုံးနီးပါးမှာ အပူချိန်သတိပေးချက် အနီရောင်အဆင့် ထုတ်ပြန်ထား

ရောမ၊ ဇူလိုင်-၂၀-၂၀၂၃ မျိုးဆက်(VOM) ဥရောပမှာဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အီတလီနိုင်ငံရှိ အဓိကမြို့ကြီးအားလုံးမှာ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ထရီရက်စ်ကနေ အနောက်တောင်ဘက်ရှိမက်ဆီနာထိ မြို့ပေါင်း ၂၃ မြို့မှာ အပူချိန်သတိပေးချက် ထုတ်ပြန်ထားပြီး အပူဒဏ်ကြောင့် ထိခိုက်လွယ်သူတွေသာမက လူတိုင်းအပေါ် သက်ရောက်နိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ အီတလီနိုင်ငံ ဆာဒီနီးယားနဲ့ စစ္စလီကျွန်းစုတွေရဲ့အစိတ်အပိုင်းတွေဟာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၄၇ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းနိုင်ကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ပြောပါတယ်။ အပူကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာခံစားရတဲ့လူနာတွေကို ကုသဖို့ သီးခြားဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေခန့်အပ်ပြီး နိုင်ငံတ၀န်းမှာ အရေးပေါ်ကုသဌာနတွေဖွင့်လှစ်ဖို့ အီတလီအစိုးရကို ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားပြီး အပူနဲ့ဆက်စပ်တဲ့ လူနာဦးရေ ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ပြန်ထားပါတယ်။ ဂရိနဲ့ ဆွစ်အဲလ်ပ်တောင်တန်းတွေအပါအ၀င် ဥရောပတိုက်ကြီးအနှံ့ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မြောက်ကမ္ဘာခြမ်းရှိ လူသန်းပေါင်းများစွာ…

Read More

မန္တလေးမြို့မှာ ဒီကနေ့မနက် နေအိမ်(၆)လုံးခန့် မီးလောင်မှုဖြစ်ပွားခဲ့

ဇူလိုင် ၂၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈နဲ့၃၉လမ်းကြား ၇၁နဲ့၇၂လမ်းကြားမှာ ဒီကနေ့မနက်ပိုင်းက နေအိမ် (၆)လုံးခန့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” စလောင်တာကတော့ တစ်လုံးထိုး အားသွင်းဓာတ်ခဲ အားသွင်းထားရာကနေ လောင်တာပါ၊ နေအိမ် ၆လုံးခန့် မီးလောင်ဆုံးရှုံးပါတယ်၊ အိမ်ခြေစိပ်တော့ အခုလိုဖြစ်သွားတာ”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ လျှပ်စစ်ပစ္စည်း‌အဟောင်းပြုပြင်ရေးနေအိမ်အပေါ်ထပ်မှာ တစ်လုံးထိုးဓာတ်ခဲ အားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်(၅)လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တွက်ချက်တန်ဖိုးငွေ သိန်း ၂၂၀နီးပါး ဆုံးရှုံးခဲ့မှုကြောင့် နေအိမ်ပိုင်ရှင်အား သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Read More

ယူကရိန်းစစ်ပွဲမှာ လတ်တလော မပါ၀င်တော့ကြောင်း ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ပြော

မင့်စ်၊ ဇူလိုင် -၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က တိုက်ခိုက်ပေးနေတဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ လတ်တလောပါ၀င်တော့မှာမဟုတ်ဘဲ အာဖရိကဒေသက စစ်ဆင်ရေးတွေအတွက် အင်အားစုထားဖို့ အမိန့်ပေးထားကြောင်း အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၀ဂ္ဂနာတပ်ဖွဲ့၀င်တွေအနေနဲ့ ဘီလာရုစ်ဒေသခံပြည်သူတွေအပေါ် ကောင်းမွန်စွာ ပြုမူဆက်ဆံဖို့နဲ့ ဘီလာရုစ်စစ်တပ်ကို လေ့ကျင့်ပေးနေကာ အာဖရိကခရီးသစ်အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားထားကာ တချိန်ချိန်တွင် ယူကရိန်းစစ်မြေပြင်သို့ ပြန်သွားမှာဖြစ်ကြောင်း ပရီဂိုဇင်က ၀ဂ္ဂနာတိုက်ခိုက်ရေးသမားတွေကို ဘီလာရုစ်ကနေ ကြိုဆိုတဲ့ ရုပ်သံမှာ ပြောပါတယ်။ ၀ဂ္ဂနာအဖွဲ့ကို ရုရှား၏ ဂျီအာယူစစ်ထောက်လှမ်းရေးဟောင်း ပရီဂိုဇင်နဲ့ ဒီမီထရီအပ်ယူကင်တို့က ရုရှား၊ ဆီးရီးယား၊ လစ်ဗျား၊ မာလီအပါအ၀င် အခြားနိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ ပါ၀င်နိုင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့စဉ်ကလည်း ၀ဂ္ဂနာအဖွဲ့က ကူညီတိုက်ခိုက်ခဲ့ပြီး ဆီးရီးယားနဲ့ မာလီရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်မှုများ…

Read More

ဧရာဝတီတိုင်းမှာ စိုက်ဘဏ်ချေးငွေ အကြွေးကျန်တွေ အတင်းတောင်းနေလို့ လယ်သမားတွေအခက်အခဲဖြစ်နေ

ဇူလိုင်၊ ၂၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်မရှိဖြစ်နေတဲ့တောင်သူတွေအနေနဲ့ အရင်က စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို အတင်းတောင်းနေတာကြောင့် ဒေသခံလယ် သမားတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေကြွေးအကျန်တွေကို အမြန်ဆုံးပြန်လည်ပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲဥပဒေအရ လည်းကောင်း၊ မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမယ်လို့ ချေးငွေကျန် တောင်သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ပြောတာနဲ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။ ”အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ခေါ်ပြောတာ၊ မြန်မြန် ပြန်ဆပ်ဖို့ရှာကြတဲ့ ၊ပြန်မဆပ်ရင် တရားစွဲ ထောင်ချမယ်တဲ့ ၊ အခုသူတို့ဘက်က တောင်းတဲ့ ဘဏ်ကြွေးက ၂၀၁၈ လောက်ကတည်းကကျန် တဲ့အကြွေးတွေပါ ၊ ခေတ်ကာလ ကောင်းတုန်းကတောင် အခက်အခဲရှိတယ်၊ အခုခေတ်ဆို ပိုဆိုးပြီလေ၊ ဦးတို့က လယ်လုပ်လာတာ နှစ် ၅၀ ကျော်ပါပြီ ၊ တရားရုံးလည်းမရောက်ဖူးပါဘူး ၊ ဖမ်းလည်းမခံရဖူးဘူး ၊…

Read More

အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ငါးဦးသေဆုံး၊ (၁၀၀) ကျော်ပျောက်ဆုံးနေဖွယ်ရှိ

ဒေလီ၊ ဇူလိုင်-၂၀-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရ်ှထရာပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြေပြိုမှုကြောင့် လူငါးဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အိန္ဒိယတာ၀န်ရှိသူတွေက ဇူလိုင် ၂၀ ရက်မှာပြောပါတယ်။ မွမ်ဘိုင်းမြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ အိုင်ရှယ်၀ဒီကျေးရွာမှာ ဇူလိုင် ၁၉ ရက်ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အပျက်အစီးတွေအောက်မှာ လူ ၁၀၀ ကျော်ပိတ်မိနေကြောင်း ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပြီး မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ ဒါပေမယ့် ပြည်နယ်၀န်ကြီးချုပ် အန်နက်ရှင်ဒီကတော့ ပျောက်ဆုံးနေသူအရေအတွက်ကို အတိအကျသိရှိဖို့ ခက်ခဲကြောင်း ပြောပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရာရ်ှထရာမှာ ကားလမ်း၊ရထားလမ်းတွေရေလျှံကာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ ပြည်နယ်အတွင်းရှိ ခရိုင်အများအပြားမှာ မိုးရေချိန် ၁၀၀ မီလီမီတာကျော်ထိ စံချိန်တင်ရွာသွန်းခဲ့ပြီး နောက် ၂၄…

Read More

ယိုးဒယားခေါက်ထီးနှင့် အီတလီကိုင်း မျက်မှန်

ဆူးငှက် ကျွန်တော်က ၁၉၇၄ခုနှစ်တွင် ၁၀တန်းအောင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ၁၉၇၄/၇၅ စာသင်နှစ်တွင် သင်္ချာဘာသာ အဓိကဖြင့် ပထမနှစ်အိမ်ကစ၍ တက်ရသည်။ ထိုစဉ်ကာလ စာပေးစာယူဖြင့် အိမ်ကအခြားအလုပ်လုပ်ကာ တက္ကသိုလ်တက်နိုင်သော်လည်း ကျွန်တော်က တက္ကသိုလ် နေ့သင်တန်းကိုပဲ အမေ့ဆီက မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ဆီက ကျောင်းလခနှင့် စာအုပ်ဖိုးတောင်းပြီး တက်ခဲ့သည်။ အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။ မိဘ၂ပါးချွေးနည်းစာဆိုလို့ အတွေ့အကြုံလေးတစ်ခု ပြောချင်ပါသေးသည်။နောက်ကြောင်းပြန်သော် ဒုတိယနှစ်ကပေါ့။ ထိုနေ့က မထင်မှတ်ဘဲ မိုးကစွေနေသည်။ အသည်းကြီးတော့ မဟုတ် ကျောင်းသွားရမည့် အချိန်အထိ မိုးကစွေဆဲဖြစ်သည်။ အမေကလည်း သည်မိုးကြောင့် ဈေးရောင်းမထွက်နိုင်။ ကျွန်တော်က ကျောင်းသွားခါနီးတော့ သည်မိုးမှာ စက်ဘီးနှင့်အဆင်မပြေနိုင်သည်မို့ ၂၉လမ်းထိပ်ကပဲ အမှတ်၃ကားစီးသွာမည်။ သို့သော် သည်မိုးစွေစွေ မှာ ထီးပါဖို့လိုသည်။ အိမ်ကနေ ရုံတော်ကြီး ကားမှတ်တိုင်အထိ ၅ပြလောက် ခြေကျင်လျှောက်ရမည်လေ။…

Read More

မွန်ပြည်နယ်မှာ ဒီနေ့ တစ်ရက်တည်း ကလေး ၃ဦးရေနစ် သေဆုံးခဲ့ပြီး လူကြီး ၁ ဦးရေစီးနဲ့မျောပါပျောက်ဆုံးနေ

ဇူလိုင် ၁၉-၂၀၂၃ MM(VOM) မွန်ပြည်နယ်မှာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးဒဏ်ကြောင့် ရေးကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး ဒီနေ့ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာ ကလေးငယ် ၃ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကာ အမျိုးသား ၁ ယောက်လည်း ရေစီးထဲမျောပါပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့သူတွေဆီကနေ သိရပါတယ်။ ”မိုးအဆက်မပြတ်ရွာနေတာ၊ မော်လမြိုင်မြို့က နေရာတော်တော်များများမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ် တယ်၊ အရေးပေါ်ပြောင်းရွေ့ရတာတွေလည်းလုပ်နေရတယ်၊ လူသေဆုံးမှုကတော့ မော်လမြိုင်မြို့၊သီရိမင်္ဂလာ ရပ်ကွက်၊ (၁၇)လမ်းမှာ အခုမနက် ၁၀ နာရီလောက်က မိုးသည်းထန်စွာရွာနေပြီး မြစ်ရေတက်ချိန် အသက် ၁နှစ်ခွဲ အရွယ်ကလေးငယ် ၁ ယောက်နေအိမ်ပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်၊ အဲ့ဒီကလေးက အသက် (၈၀)နှစ်အရွယ်အဖွားနဲ့ မိဘတွေကထားခဲ့တဲ့အချိန်ဖြစ်တာ၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေး ရွာမှာလည်း မိုးတွေရွာသွန်းနေတဲ့အချိန် ချောင်းထဲမှာရေစီးနဲ့ပါလာတဲ့ ထင်တွေကို လိုက်ဆယ်တဲ့ အသက် ၃၀ နှစ်အရွယ် ဇော်လတ်ဆိုသူ တောင်ကျရေတွေများတာကြောင့်…

Read More

မြောက်ကိုရီးယားနဲ့ တင်းမာနေချိန် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားရောက်ရှိနေ

ဆိုးလ်၊ ဇူလိုင်-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်မှာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ကန်တပ်ကီဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆ်ိပ်ကမ်းကို ဇူလိုင် ၁၈ ရက်မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်ဟာ တောင်ကိုရီးယားသို့ နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေ အခါအားလျော်စွာ ဖြန့်ကြက်ဖို့ နှစ်နိုင်ငံသဘောတူထားပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဆောင်တာဟာ တင်းမာမှုတွေကို မြင့်တက်စေပြီး ဖြစ်နိုင်ခြေရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေကနေ ဝေးကွာသွားစေနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီက ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ဒီစမ်းသပ်မှုကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတွေဟာ ၁၉၇၀ ခုနှစ်တွေအတွင်း တောင်ကိုရီးယားမှာ ဆိုက်ကပ်လေ့ရှိပေမယ့် စစ်အေးတိုက်ပွဲနီးကပ်လာပြီး မြောက်ကိုရီးယားက…

Read More
VOM News

FREE
VIEW