ဒေလီ၊ ဇူလိုင်-၂၀-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရ်ှထရာပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြေပြိုမှုကြောင့် လူငါးဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အိန္ဒိယတာ၀န်ရှိသူတွေက ဇူလိုင် ၂၀ ရက်မှာပြောပါတယ်။
မွမ်ဘိုင်းမြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ အိုင်ရှယ်၀ဒီကျေးရွာမှာ ဇူလိုင် ၁၉ ရက်ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အပျက်အစီးတွေအောက်မှာ လူ ၁၀၀ ကျော်ပိတ်မိနေကြောင်း ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပြီး မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။
ဒါပေမယ့် ပြည်နယ်၀န်ကြီးချုပ် အန်နက်ရှင်ဒီကတော့ ပျောက်ဆုံးနေသူအရေအတွက်ကို အတိအကျသိရှိဖို့ ခက်ခဲကြောင်း ပြောပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရာရ်ှထရာမှာ ကားလမ်း၊ရထားလမ်းတွေရေလျှံကာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
ပြည်နယ်အတွင်းရှိ ခရိုင်အများအပြားမှာ မိုးရေချိန် ၁၀၀ မီလီမီတာကျော်ထိ စံချိန်တင်ရွာသွန်းခဲ့ပြီး နောက် ၂၄ နာရီအတွင်း မိုးသည်ထန်စွာ ဆက်လက်ရွာသွန်းဖွယ်ရှိကြောင်း အိန္ဒိယမိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။
Ref; Reuters
Photo:Reuters
#voiceofmyanmar #VOM #ဒေလီ