ဇူလိုင် ၂၅ – ၂၀၂၃ GG (VOM) မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ဒီနေ့ ဇူလိုင် ၂၅ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး လူသေဆုံးတာ ၊ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင် ကျေးရွာပေါ်ကို ဒရုန်းဗုံး ကျပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ကေသီခိုင်ဆိုတဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်းဒဏ်ရာရရှိခဲ့သလို ၊ အမျိုးသားတစ်ဦးလည်း ဗုံးထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ် လို့သိရပါတယ်။ ” အခုမနက် မေတ္တာလင်းမြိုင်ရွာထဲကို ဗုံးကျတာမှာ တစ်ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရ တယ်။ စစ်သားတစ်ယောက်လည်း ဒဏ်ရာရတယ်လို့သိရတယ်။ ရွာဒေသခံထဲ ဗုံးထိတဲ့အထဲလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ် ။ အကုန်လုံး ဆေးရုံမှာ ပို့ထားတယ် “လို့ မြဝတီ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းလောက်ကတည်းက ထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ကြောင်း…
Read MoreDay: July 25, 2023
မော်စကိုမြို့ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ယူကရိန်းတိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ
မော်စကို ၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမြို့ကို ဇူလိုင် ၂၄ ရက်မနက်အစောပိုင်းက ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံနှစ်ခုပျက်စီးသွားကြောင်း ရုရှားတာ၀န်ရှိသူတွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီမောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး တစင်းဟာ ရုရှားကာကွယ်ရေး၀န်ကြီးဌာနအနီး ပျက်ကျခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းတာ၀န်ရှိသူတွေကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိပါဘူး။ ယူကရိန်းဟာ ရုရှားနိုင်ငံပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တာ၀န်ရှိကြောင်း ထုတ်ဖော်ပြောဆိုနည်းပါးပါတယ်။ ရုရှားဟာလည်း ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသ ပင်လယ်နက်သို့ တင်ပို့မှုလမ်းကြောင်းဖြစ်တဲ့ ဒန်ညုမြစ်မြစ်ပေါ်ရှိ ဆိပ်ကမ်းနှစ်ခုကို ညတွင်းချင်း မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကုန်စည်တွေတင်ပို့နိုင်ရေး သဘောတူညီချက်ကနေ ရုရှားနှုတ်ထွက်ပြီးနောက် ယူကရိန်းရဲ့ အဓိကပင်လယ်ဆိပ်ကမ်းတွေတည်ရှိရာ အိုဒီဆာဒေသကို ရုရှားက တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar…
Read Moreပျက်စီးတံတား ပြန်ပြင်ပြီးလို့ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်း ပြန်ဖွင့်
ဇူလိူင် ၂၅ – ၂၀၂၃ GG (VOM) မိုင်းခွဲခံရလို့ ပျက်စီးခဲ့ရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း လေးဖာတောတံတား ပြန်လည်ပြုပြင်ပြီးဖြစ်တာကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း ပြန်ပွင့်လို့ ဘုရားဖူးကားတွေ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက်ကားလမ်းပေါ်က လေးဖာတော တံတားဟာ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ရက် ၂၀ အကြာမှသာ ပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ” ဟုတ်ပါတယ် ပြင်ပြီးပါပြီ၊ ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းလို့ရပါပြီ။အရင်ရက်ကလည်း ရတယ်ဆိုပေမယ့် အခုက အားလုံးရပြီ။ ယိုးဒယားဘက်ကလည်း ဘုရားဖူးတွေဝင်နေပါတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ကျိုက်ထီးရိုးဘုရား…
Read Moreစူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်၀မ်စစ်တပ် ဖျက်သိမ်း
တိုင်ပေ ၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်းကျွန်းကို လေးနှစ်အတွင်း အပြင်းထန်ဆုံးသော စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ထိုင်၀မ်စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီဟာ လေတိုက်နှုန်း တနာရီကို ၁၄၉ မိုင်နှုန်းထိ အင်အားကောင်းလာပြီး ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကို ပိုင်းခြားထားတဲ့ရေပြင်ကို ဦးတည်နေပါတယ်။ ဇူလိုင် ၂၄ ရက်က စတင်ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ပြုလုပ်မြဲ ဟန်ကောင်စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်၀မ်စစ်တပ်အဆင့်သင့်အနေအထားရှိမှုကို အကဲဖြတ်လေ့ကျင့်မှုဖြစ်ပါတယ်။ နောက်ထပ် (၅)ရက်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်ကို ကျန်နေ့တွေမှာ ဆက်လက်လုပ်ဆောင်ခြင်းပြုမပြု ရှင်းလင်းစွာမသိရသေးပါဘူး။ ယခုနှစ်အတွင်း ပစိဖိတ်အနောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းတွေအဖြစ်များပေမယ့် ၂၀၁၉ ခုနှစ်ကစပြီး ထိုင်၀မ်ကျွန်းကို ၀င်ရောက်မှုမရှိခဲ့ပါဘူး။ ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စူပါတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ ထိုင်၀မ်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်မှာ မြောက်ပိုင်း ကာဂါယန်ပြည်နယ်မှာ…
Read Moreအစ္စရေး တရားစီရင်ရေးစနစ်ပြောင်းလဲတဲ့ ဥပဒေကြောင့် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ
ဂျေရုဆလင်၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနိုင်ငံမှာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ အငြင်းပွားဖွယ်ဥပဒေတရပ်ကို ပါလီမန်က အတည်ပြုလိုက်ပြီးနောက် ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ဇူလိုင် ၂၄ ရက်ညမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဥပဒေပြင်ဆင်ပြောင်းလဲမှုတွေကြောင့် ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ယူဆရတဲ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် တရားရုံးချုပ်က ၀င်ရောက်စွက်ဖက်မှုကို အစ္စရေးအစိုးရက တားဆီးနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပြုပြင်ပြောင်းလဲမှုဟာ အစ္စရေးဒီမိုကရေစီကို ခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဇူလိုင် ၂၄ ရက် ညပိုင်းမှာ ဂျေရုဆလင်နဲ့ တဲလ်အဗစ်တို့မှာ ရဲတွေက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ထားကာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ကြပါတယ်။ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေခြင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၄ ရက်မှာ ပါလီမန်ကအတည်ပြုမှုဟာ ၀န်ကြီးချုပ် နေတန်ယာဟုအတွက် အရေးပါတဲ့ အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာစောင့်ကြည့်အဖွဲ့တဖွဲ့နဲ့ အစ္စရေးအတိုက်အခံခေါင်းဆောင် ယာလာပစ်တို့က တရားစီရင်ရေးစနစ်…
Read Moreမန္တလေးမြို့က ဆေးဆိုင်တဆိုင် သိန်း ၈၀၀ နီးပါး ဓားပြတိုက်ခံရ
ဇူလိုင် ၂၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း ၂၄နဲ့၂၅လမ်းကြားက ဂျီဝမ်း ဆေးဆိုင်မှာ မနေ့ ဇူလိုင် ၂၄ရက် ည၈နာရီခွဲခန့်က သိန်း ၈၀၀ နီးပါး ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲနဲ့နီးစပ်သူကို ဆက်သွယ်ရာမှာတော့” ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ဆေးဆိုင် ဓားပြတိုက်ခံရတယ်၊ လာတိုက်တဲ့အချိန် အမျိုးသား ၅ယောက်ပါတယ် သေနတ်ပါတယ်လို့လည်း သိရတယ်၊ ဆိုင်သိမ်းနေချိန် ဝင်တိုက်တော့ ဆေးရောင်းရငွေ သိန်း ၃၀၀နဲ့ ရွှေထည်ပစ္စည်းရော သိန်း၅၀၀ ခန့် ပါသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီဆေးဆိုင်ကို မနေ့ ညပိုင်းက အမည်မသိ လူ (၅)ဦး အိမ်စီးမော်တော်ကားနဲ့ သေနတ် အတို၊အရှည်(စိစစ်ဆဲ)ကိုင်ဆောင် ရောက်လာပြီး “စစ်ဆေးစရာရှိလို့ လာတာ၊မလှုပ်နဲ့ ပစ်မှာ”စတဲ့ ခြိမ်းခြောက်စကားတွေ…
Read More