မော်စကိုမြို့ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ယူကရိန်းတိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို ၊ ဇူလိုင်-၂၅-၂၀၂၃
မျိုးဆက်(VOM)

ရုရှားနိုင်ငံ မော်စကိုမြို့ကို ဇူလိုင် ၂၄ ရက်မနက်အစောပိုင်းက ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံနှစ်ခုပျက်စီးသွားကြောင်း ရုရှားတာ၀န်ရှိသူတွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။

အဲဒီမောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး တစင်းဟာ ရုရှားကာကွယ်ရေး၀န်ကြီးဌာနအနီး ပျက်ကျခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းတာ၀န်ရှိသူတွေကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိပါဘူး။

ယူကရိန်းဟာ ရုရှားနိုင်ငံပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တာ၀န်ရှိကြောင်း ထုတ်ဖော်ပြောဆိုနည်းပါးပါတယ်။

ရုရှားဟာလည်း ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသ ပင်လယ်နက်သို့ တင်ပို့မှုလမ်းကြောင်းဖြစ်တဲ့ ဒန်ညုမြစ်မြစ်ပေါ်ရှိ ဆိပ်ကမ်းနှစ်ခုကို ညတွင်းချင်း မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကုန်စည်တွေတင်ပို့နိုင်ရေး သဘောတူညီချက်ကနေ ရုရှားနှုတ်ထွက်ပြီးနောက် ယူကရိန်းရဲ့ အဓိကပင်လယ်ဆိပ်ကမ်းတွေတည်ရှိရာ အိုဒီဆာဒေသကို ရုရှားက တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW