ပေကျင်း၊ ဇူလိုင်-၂၆-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံခြားရေး၀န်ကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ချင်ဂန်းဟာ ခန့်အပ်ခံရပြီး ခုနှစ်လအကြာမှ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပေမယ့် ထင်ကြေးပေးမှုအမျိုးမျိုးကတော့ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်တဲ့အရေးပေါ်အစည်းအဝေးအပြီးမှာ ချင်ဂန်းကို နိုင်ငံခြားရေး၀န်ကြီးအဖြစ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ထုတ်ပယ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိပါဘူး။
ယခင်နိုင်ငံခြားရေး၀န်ကြီးဖြစ်တဲ့ ၀မ်ယီက နိုင်ငံခြားရေး၀န်ကြီးအဖြစ် ပြန်လည်တာ၀န်ထမ်းဆောင် သွားမှာဖြစ်ပါတယ်။
နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်း လူမြင်ကွင်းကနေ ထူးဆန်းစွာပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေမှာပါ ထင်ကြေးပေးမှုအမျိုးမျိုးဖြစ်ပေါ်နေပါတယ်။
အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချင်ဂန်းဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ နီးစပ်သူအဖြစ် ရှုမြင်ခံထားရပြီး တရုတ်နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး ရာထူးကြီးခန့်အပ်ခံရသူတွေထဲက တဦးဖြစ်ပါတယ်။
ချင်ဂန်း တလကျော်ကြာ လူမြင်ကွင်းကနေ ပျောက်ဆုံးနေပြီး အင်ဒိုနီးရှားမှာပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတခုကို မတက်ရောက်ဖြစ်ခဲ့ပါဘူး။ ဒါဟာ ကျန်းမာရေးအကြောင်းပြချက်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ကို ရာထူးကနေ ထုတ်ပယ်မှုဟာ နိုင်ငံရေးကြောင့် သို့မဟုတ် အိမ်ထောင်ရေးအရှုပ်အရှင်းတွေကြောင့်လားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါဘူး။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း