စင်ကာပူမှာ နှစ်ပေါင်း (၂၀)အတွင်း အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ကွပ်မျက်

စင်ကာပူ ၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးကို ဇူလိုင် ၂၈ ရက်မှာ ကွပ်မျက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ စင်ကာပူနိုင်ငံသူ အသက် ၄၅နှစ်အရွယ် ဆာရီဒီဝီဂျမာနီ ဆိုသူအမျိုးသမီးဟာ ၂၀၁၈ ခုနှစ်မှာ ဘိန်းဖြူ ၃၀ ဂရမ် ရောင်း၀ယ်ဖောက်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် အခုလိုကွပ်မျက်လိုက်တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ဇူလိုင်လမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆာရီဒီဝီကို ဥပဒေအရ တရားမျှတတဲ့လုပ်ငန်းစဉ်အပြည့်နဲ့ ဆောင်ရွက်ခဲ့ကြောင်း စင်ကာပူမူးယစ်ဆေးဝါး ဗျူရိုက ထုတ်ပြန်ထားပါတယ်။ စင်ကာပူ အထူးတရားရုံးဟာ သူမအပေါ် သေဒဏ်ချမှတ်ထားခြင်းအပေါ် အယူခံကို လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၆ ရက်မှာ ပယ်ချခဲ့ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာတင်သွင်းမှုလည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာ ဘိန်းဖြူ ၅၀ ကီလို မှောင်ခိုကူးမှုဖြင့်…

Read More

နိုင်ဂျာမှာ အာဏာသိမ်းမှုထောက်ခံသူတွေက အဖမ်းခံထားရတဲ့သမ္မတရဲ့ ပါတီဌာနချုပ်ကို မီးရှို့တိုက်ခိုက်

နီယာမေ၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံသူတွေက ဖမ်းဆီးခံထားရတဲ့ သမ္မတရဲ့ ပါတီဌာနချုပ်ကို ဇူလိုင် ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။ အာဏာသိမ်းထောက်ခံသူတွေဟာ ပါတီဌာနချုပ်ကို မီးရှို့၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အပြင်မှာရှိတဲ့ ကားတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နိုင်ဂျာသမ္မတဘာဇိုအမ်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကို နိုင်ဂျာစစ်တပ်ကလည်း ကျောထောက်နောက်ခံပြုလိုက်ပြီဖြစ်ပါတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘာဇိုအမ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး အနောက်အာဖရိကရှိ စစ်သွေးကြွတွေကို နှိမ်းနှင်းရာမှာ အနောက်နိုင်ငံတွေရဲ့ အဓိကမဟာမိတ်လည်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ သမ္မတဘာဇိုအမ်ကို ချက်ချင်းလွှတ်ပေးဖို့ အနောက်နိုင်ငံတွေ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့က တိုက်တွန်းတောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ သမ္မတဟာ ဖမ်းဆီးခံထားရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ နိုင်ဂျာသမ္မတဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီး ကက်သရင်းကိုလိုနာက အတည်ပြုပြောဆိုပါတယ်။ နိုင်ဂျာကို…

Read More

အိမ်သုံး LPG ဂက်စ်တွေ ခွဲတမ်းရရှိမှုနည်းလာလို့ လိုသလောက်ဝယ်မရ ဖြစ်နေ

ဇူလိုင် ၂၈ – ၂၀၂၃ SN (VOM) မီးဖိုချောင်သုံး LPG ဂက်စ်ကုမ္ပဏီတွေ ခွဲတမ်းရရှိမှု နည်းလာတာကြောင့် လိုသလောက်ဝယ်မရ ဖြစ်နေ‌တယ်လို့ လက်လီလက်ကား အရောင်းဆိုင်တွေဆီက သိရပါတယ်။ လျှပ်စစ်မီး မမှန်ခြင်းကြောင့် နေအိမ်နဲ့ စားသောက်ဆိုင်တွေမှာ ဂက်စ်အိုးတွေကို အသုံးပြုမှု ပိုများလာကြပြီး လက်ရှိမှာ LPG ဂက်စ်တွေ လိုသလောက်ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။ “အခုက ဂက်စ်က ပြတ်သလောက် ဖြစ်နေပြီ။ ခွဲတမ်းမရတဲ့ကုမ္ပဏီတွေလည်း များတယ်။ ဒါ့ကြောင့် ဒီလကုန်ပြီးလောက်မှာ ဈေးလည်း ထပ်တက်လာနိုင်‌ခြေရှိတယ်။ ငွေလဲဈေးနှုန်းတွေကလည်း တက်နေတာဆိုတော့လေ။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ သုံးစွဲ‌သူတွေ အရမ်းကြီး အဝယ်မကြမ်းစေချင်ဘူး။ လုံးဝ ပြတ်သွားမှာလည်း စိုးရိမ်ရတယ်လေ”လို့ ဂက်စ် လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းမှာ သုံးစွဲနေတဲ့ အိမ်သုံးဂက်စ်တွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပြီး…

Read More

နိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ ယူကရိန်းတပ်တွေ အသာစီးရရှိနေ

ကိယက်ဗ်၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ အောင်မြင်မှုတွေရရှိနေကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ဇူလိုင် ၂၈ ရက်မှာပြောပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေက နယ်မြေသိမ်းပိုက်မှုပြုနေတဲ့ ရုပ်သံကို သမ္မတဇီလန်စကီးက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဇာပိုရစ်ဇီးယားမြို့ အရှေ့ဒေသအချို့မှာလည်း ယူကရိန်းတပ်တွေရဲ့ တည်ရှိမှု ခိုင်မာနေတယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ သူ့ရဲ့တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်နေကြောင်း အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းဘက်က တိုက်ခိုက်မှုတွေဟာ သိသိသာသာပြင်းထန်လာကြောင်း ရုရှားသမ္မတ ပူတင်က ၀န်ခံပြောဆိုထားပါတယ်။ ဒါပေမယ့် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်အားလုံးကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူတွေကို ထိခိုက်ကျဆုံးမှုတွေနဲ့ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကို စစ်မျက်နှာအများအပြားမှာ ပြီးခဲ့တဲ့လက စတင်ခဲ့ပေမယ့် စစ်ရေးချိန်ခွင်လျှာကို သိသိသာသာ အပြောင်းအလဲ မပြောင်းလဲနိုင်သေးပါဘူး။ ရုရှားတပ်တွေရဲ့ ခံစစ်စည်းတွေနဲ့ မိုင်းကွင်းတန်းတွေကြောင့် ရလဒ်ကောင်းတွေ အလျင်အမြန်ရနိုင်ဖို့တော့ မဖြစ်နိုင်ကြောင်း ယူကရိန်းစစ်ဗိုလ်ချုပ်တွေက သတိပေးပြောဆိုထားပါတယ်။ Ref:…

Read More

လားရှိုးက လုပ်ငန်းရှင် ၃ ဦးနဲ့ ကားဆရာကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား

ဇူလိုင် ၂၈ ရက်၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးက လုပ်ငန်းရှင် ၃ ဦးနဲ့ ကားဆရာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က လားရှိုးကနေ မန္တလေးဘက်အသွားလမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ် ၂ ရက်ရှိပြီ။ ကားသမားပါ အဲ့ဒီလိုမျိုး ခေါ်လိုက်တာ။ ပြန်ပြေးဆွဲတဲ့ ပုံစံမျိုးပေါ့။ ငွေညှစ်တောင်းတပေါ့။ များတော့ များတယ်လို့ ပြောတယ်၊ ဒေါ်လာ သောင်းချီ တောင်းတာလို့ သိရတယ်၊ အဆင်ပြေသလောက် ညှိယူရမှာ။ ဒေါ်လာနဲ့တောင်းတာလို့ ပြောတာပဲ။ ဇွဲထက်တုန်းကလည်း ဒေါ်လာနဲ့ပဲတောင်းတာ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပြီး တဖွဲ့တည်းတော့ မဟုတ်ဘူး”လို့ ပြန်ပြေးဆွဲခံရသူတွေနဲ့ ရင်းနှီးသူ အမျိုးသမီးတဦးကပြောပါတယ်။ ဒေသခံ အမျိုးသား တဦးကလည်း”၄ ယောက်လို့ ပြောတယ်။ အခု…

Read More

တောင်ကုတ်က ရွှေဆိုင်ဓားပြတိုက်သူထဲက တဦးကို ရွှေတွေနဲ့အတူ ညတွင်းချင်းဖမ်းမိ

ဇူလိုင် ၂၈ – ၂၀၂၃ GG (VOM) ရခိုင်ပြည်၊ တောင်ကုတ်မြို့က “ရွေပွင့်အိမ် ရွေဆိုင် ” ဓားပြတိုက်ခဲ့သူတဦးကို ရွှေထည်ပစ္စည်းတွေနဲ့ အတူ မနေ့ ဇူလိုင် ၂၇ ရက် ညပိုင်းမှာပဲ ချက်ခြင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရွှေဆိုင် ဓားပြတိုက်ခံရပြီး အချိန် ၈ နာရီအတွင်း မှာ ရွှေထည်ပစ္စည်းတွေနဲ့အတူ လုယက်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ညက ၁၀ နာရီလောက်မှာ တစ်ယောက်ဖမ်းမိတယ်လို့သိရတယ်။ရွှေတွေလည်း အကုန်ပြန်ရတယ်၊အခုမိတဲ့သူကတော့ ကမ်းထောင်းကြီးဇာတိ၊ နေပြည်တော်မှာနေတဲ့သူလို့ သိရတယ်။သူ့ကို လမူးရွာမှာမိတာပါ၊ လောလောဆယ် တစ်ယောက်ပဲမိသေးတယ် “လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။ ရွှေပွင့်အိမ် ရွှေဆိုင်ဟာ မနေ့ ဇူလိုင်၂၇ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရ ပြီး၊ ဆိုင်ကယ်အုပ်ထုပ်​ဆောင်းထားတဲ့ အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ကာ သိန်း ၆၀၀…

Read More

တောင်ကုတ်မြို့နယ်ခန်းမနားက ရွှေဆိုင် သိန်း ၆၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရ

ဇူလိုင် ၂၇ – ၂၀၂၃ GG (VOM) ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမအနီး ဖွင့်ထားတဲ့ ” ရွှေပွင့်အိမ် ရွှေဆိုင် “ဟာ ဒီနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေ ပါသွားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ အခုညနေ ၂ နာရီ ကျော်ခန့်မှာ အမည်မသိအမျိုးသား ၂ ယောက်ဟာ ဆိုင်ကိုရောက်လာပြီး ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်မှာပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတဲ့ ၂ ယောက်ရောက်လာတယ်၊ဆိုင်ရှင်ကလည်း ဝယ်သူပဲထင်တာပေါ့၊ပြီးမှ သေနတ်ထုတ်ပြီး ချိန်တယ် မှန်ကောင်တာရိုက်ခွဲပြီး ရွှေတွေယူသွားတယ်။ ဘယက်အတွဲပါသွားတယ်။ ဖြစ်တဲ့ဆိုင်က မြို့နယ်ခန်းမဘေးမှာဖွင့်ထားတာ၊ မြို့လယ်ပဲပေါ့။လူစည်ကားတဲ့နေရာပါ။ကားဝန်းတွေလည်းရှိတယ် ၊ဆိုင်က cctv လည်းရှိတယ် “လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။ ဓားပြတိုက်ခံရပြီး…

Read More

သြစတြေးလျအနောက်ပိုင်းကမ်းခြေမှာ ဝေလငါးအကောင် (၁၀၀)နီးပါး သောင်တင်သေဆုံး

ဆစ်ဒနီ၊ ဇူလိုင်-၂၇-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ကယ်ဆယ်ဖို့ အပူတပြင်းကြိုးစားခဲ့ပေမယ့် ဝေလငါးအကောင်ရေ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း တောရိုင်းတိရိစ္ဆာန်တာ၀န်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ ပါ့သ်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ချေနက်စ်ကမ်းခြေရှိ ကမ်းဦးရေတိမ်ပိုင်းမှာ စုဝေးရောက်ရှိနေတဲ့ ဝေလငါး ၉၇ ကောင်ဟာ အင်္ဂါနေ့မှာ သောင်တင်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့မနက်မှာတော့ ဝေလငါး ၅၁ ကောင်သေဆုံးခဲ့ပါတယ်။ စေတနာ့၀န်ထမ်း ၂၅၀ ဦးဟာ တောရိုင်းတိရိစ္ဆာန်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး ဝေလငါးတွေကို ကယ်တင်ဖို့ ဗုဒ္ဓဟူးနေ့တနေ့ကုန် ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒေသခံတွေအပါအ၀င် ကယ်ဆယ်ရေးသမားတွေကတော့ ကျန်ရှိနေသေးတဲ့ ဝေလငါးတွေကို ရေနက်ထဲကို ပြန်ပို့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဝေလငါးတွေကိုယ်တိုင် ကမ်းခြေဘက်ကို ပြန်လာကြကြောင်း သြစတြေးလျ ပန်းခြံနဲ့ တောရိုင်းတိရိစ္ဆာန်ဌာန တာ၀န်ရှိသူကပြောပါတယ်။ ဝေလငါးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက်သောင်တင်မှုတွေ…

Read More

နိုင်ဂျာမှာ သမ္မတကိုဖမ်းပြီး စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာ

နီယာမေ၊ ဇူလိုင်-၂၇-၂၀၂၃ မျိုးဆက်(VOM) အနောက်အာဖရိကရှိ နိုင်ဂျာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း စစ်တပ်တာ၀န်ရှိသူတွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဖွဲ့အစည်းအားလုံးကိုလည်း ဆိုင်းငံ့ထားကာ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားကြောင်း စစ်တပ်တာ၀န်ရှိသူတွေရဲ့ ကြေညာချက်မှာ ပြောပါတယ်။ နိုင်ဂျာသမ္မတ မိုဟာမက်ဘက်ဇွမ်းကို ဇူလိုင် ၂၆ ရက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ဂျာအစိုးရရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီလို့ ဗိုလ်မှူးကြီး အမာဒူအက်ဒရာမာနေးက ပြောပါတယ်။ နိုင်ငံရဲ့လုံခြုံရေးဆက်တိုက်ယိုယွင်းနေပြီး စီးပွားရေးနဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတာကြောင့် အာဏာသိမ်းခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ အနှောက်အယှက်မပေးဖို့နဲ့အခြေအနေ မတည်မငြိမ်မချင်း လေကြောင်းကြောင်းနဲ့ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ထုတ်ပြန်ထားပါတယ်။အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မာလီနဲ့ဘာကီနာဖာဆိုတို့မှာလည်း မကြာသေးမီနှစ်တွေအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။…

Read More

Tik Tok ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ

ဇူလိုင် ၂၇ – ၂၀၂၃ SN (VOM) မန္တလေးမြို့က Tik Tokဆယ်လီ ဇော်ဝင်းမောင်ဟာ မနေ့ ဇူလိုင် ၂၆ ရက်၊ ညနေပိုင်းက မန္တလေးမြို့မှာရှိတဲ့ သူ့ရဲ့တက်တူးဆိုင်မှာရှိနေချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကိုဇော်ဝင်းမောင်ဟာ စစ်တပ်အကြီးအကဲ တစ်ယောက်ရဲ့နာမည်နဲ့ လူငယ်တစ်ဦးကို ဆဲဆို ရိုက်နှက်နေတဲ့ ရုပ်သံကို ရိုက်ကူးခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ် အဲ့ဒီရုပ်သံ ပျံ့နှံ့လာပြီးနောက် အခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့ညနေကပဲ သူ့ဆိုင်ကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်လာကြပြီး ဖမ်းသွားကြတာ။ အခုချိန်ထိတော့ ဘာ့ကြောင့် အဖမ်းခံရတယ်ဆိုတာ အတိအကျ စုံစမ်းလို့မရသေးဘူး။ ဘာပုဒ်မတပ်မယ်ဆိုတာလည်း မသိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကိုဇော်ဝင်းမောင်ကို မ‌န္တလေးမြို့ လမ်း ၄၀ နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ တက်တူးဆိုင်မှာ မနေ့ ညနေပိုင်းက ဝင်ရောက်…

Read More
VOM News

FREE
VIEW