နိုင်ဂျာမှာ အာဏာသိမ်းမှုထောက်ခံသူတွေက အဖမ်းခံထားရတဲ့သမ္မတရဲ့ ပါတီဌာနချုပ်ကို မီးရှို့တိုက်ခိုက်

နီယာမေ၊ ဇူလိုင်-၂၈-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံသူတွေက ဖမ်းဆီးခံထားရတဲ့ သမ္မတရဲ့ ပါတီဌာနချုပ်ကို ဇူလိုင် ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။

အာဏာသိမ်းထောက်ခံသူတွေဟာ ပါတီဌာနချုပ်ကို မီးရှို့၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အပြင်မှာရှိတဲ့ ကားတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။

လက်ရှိမှာတော့ နိုင်ဂျာသမ္မတဘာဇိုအမ်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကို နိုင်ဂျာစစ်တပ်ကလည်း ကျောထောက်နောက်ခံပြုလိုက်ပြီဖြစ်ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘာဇိုအမ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး အနောက်အာဖရိကရှိ စစ်သွေးကြွတွေကို နှိမ်းနှင်းရာမှာ အနောက်နိုင်ငံတွေရဲ့ အဓိကမဟာမိတ်လည်းဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတဘာဇိုအမ်ကို ချက်ချင်းလွှတ်ပေးဖို့ အနောက်နိုင်ငံတွေ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့က တိုက်တွန်းတောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ သမ္မတဟာ ဖမ်းဆီးခံထားရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

နိုင်ဂျာသမ္မတဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီး ကက်သရင်းကိုလိုနာက အတည်ပြုပြောဆိုပါတယ်။

နိုင်ဂျာကို ကိုလိုနီပြုခဲ့ဖူးတဲ့ နိုင်ဂျာနဲ့ ပြင်သစ်တို့ဟာ ယူရေနီယံကြွယ်၀တဲ့နိုင်ဂျာမှာ စစ်အခြေစိုက်စခန်းတွေရှိပြီး အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #နီယာမေ

Related posts

Leave a Comment

VOM News

FREE
VIEW