အမေရိကန်ထိရောက်နိုင်တဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ ဇူလိုင် -၁၃-၂၀၂၃ မျိုးဆက်(VOM) ဇူလိုင် ၁၂ ရက်က ပစ်ခတ်လိုက်စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး စမ်းသပ်မှုမှာ စံချိန်များစွာကို ချိုးဖျက်အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဒုံးကျည်ဟာ လောင်စာခဲနည်းပညာကို အသုံးပြုထားပြီး အသစ်တီထွင်ထားတဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ ဒုံးကျည်ဟာ အကွာအဝေး၊ အမြင့်နဲ့ ပျံသန်းချိန်တို့ စံချိန်ချိုးခဲ့ပြီး အမြင့်ပေ ၆၆၀၀ ကနေ ၇၅ မိနစ်အတွင်း ကီလိုမီတာ ၁၀၀၀ ခရီးနှင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်ကင်းထောက်လေယာဉ်တွေ လေပိုင်နက်ကိုကျူးကျော်၀င်ရောက်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက သတိပေးပြီးနောက် ဒုံးပျံစမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့တာဖြစ်ကာ ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ လောင်စာခဲသုံးဒုံးပျံတွေဟာ သမားရိုးကျဒုံးကျည်တွေထွက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပြီး အကွာအဝေး ကီလိုမီတာ တသောင်းငါးထောင်ထိ ပစ်ခတ်နိုင်ကာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာန…

Read More

ပုသိမ်ထောင်အတွင်း ဆူပူအောင်လုပ်လို့ဆိုကာ နိုင်/ကျဉ်း ၆၂ ဦး ထောင် ၃ နှစ်စီ ထပ်တိုးချခံရ

ဇူလိုင်၊၁၃-၂၀၂၃ MM(VOM) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်ထဲမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ထောင်တွင်းဆူပူမှုဖြစ်အောင် ဦးဆောင်ဝင်ခဲ့တယ်လို့ဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို မနေ့ ဇူလိုင် ၁၂ ရက်က ထောင်ဒဏ် ၃ နှစ်စီ ထပ်ချလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီထောင်ဒဏ် ၃ နှစ် ထပ်တိုးအမိန့်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ဟာ ပုသိမ် အကျဉ်းထောင်ထဲမှာ ၂၀၂၃ ဇန်နဝါရီ ၆ ရက်က နိုင်ငံရေးအကျဉ်းသားတွေဆီမှာ လက်ကိုင်ဖုန်းတွေ့ရှိလို့ဆိုပြီး အကျဉ်းသား ၈ ယောက်ကို ထောင်အာဏာပိုင်တွေက အပြင်ခေါ်ထုတ်စစ်ဆေးရာကနေ ဆန္ဒပြထုတ်ဖော်တာတွဖြစ်ပေါ်ခဲ့ပြီး သီးသန့်ထိမ်းသိမ်းခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွာခဲ့ပြီး အခု ၇လ နီးပါးအကြာ မနေ့ ဇူလိုင် ၁၂ ရက်က ဆန္ဒပြတဲ့ ဖြစ်စဉ်ပေါ်ပေါက်အောင် စတင်လုပ်ဆောင်ခဲ့သူတွေဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို ထောင်တွင်းတရားရုံးက ပုဒ်မ ၄၂…

Read More

အမြန်လမ်းမှာ (၆)လအတွင်း မတော်တဆမှုကြောင့် လူ ၅၃ ဦးသေဆုံးခဲ့ပြီး၊ စည်ကမ်းမလိုက်နာတဲ့ယာဉ် ၇၅၀၀ကျော်အထိရှိခဲ့

ဇူလိုင်၊ ၁၃-၂၀၂၃ MM(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ပထမ(၆)လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ(၅၃) ယောက်သေဆုံးခဲ့ပြီး (၁၆၂)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စည်းကမ်းမလိုက်နာတဲ့ ယာဉ်အစီးရေ(၇၅၄၈) စီးကို အရေးယူထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ ”၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ပထမ ၆ လအတွင်း အမြန်လမ်းပေါ်မှာ စည်းကမ်းမလိုက်နာတာကြောင့် အရေးယူခဲ့ရတဲ့ ယာဉ်အစီးရေ ၇၅၄၈ စီးရှိခဲ့တယ်၊ ၆ လအတွင်းအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၈၃ မှု ဖြစ်ပွားခဲ့တယ်၊ ယာဉ်တိုက်မှုတွေကြောင့် လူ ၅၃ ယောက်သေဆုံးခဲ့ပြီး ၁၆၂ ယောက် ဒဏ်ရာရရှိခဲ့တယ် ၊အမြန်လမ်းတလျှောက်မှာ မော်တော်ယာဉ်တွေ သတ်မှတ် အရှိန်ထက်ကျော်လွန်မောင်းနှင်းမှု မရှိစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန်တိုင်းတာတဲ့စက်တွေ တပ်ဆင်ထားပြီး စစ်ဆေးဆောင်ရွက်နေတယ်”လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူကပြောပါတယ်။ အမြန်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့…

Read More

ဆံပင်ညှပ်ဆိုင်နှင့် ဆံလုံးကေ

ဆူးငှက် ငယ်စဉ်က ကျွန်တော်တို့ အိမ်မှာ သင်တုန်းဓားတစ်လက် ရှိပါသည်။ သင်တုန်းဓားက အင်္ဂလန်လား ဂျာမဏီလား မသိ၊ ကျွန်တော့် အဖေက ထိုဓားကို အလွန် အမွှန်းတင်သည်။ သင်တုန်းဓားနှင့်အတူ ဓားသွေးသည့် ကျောက်၊ ဓားခတ်သည့် သားရေပြားကအစ ရှိသည်။ ထိုသင်တုန်းဓားသည် ကျွန်တော်တို့ အိမ်၏ ဆံပင်ညှပ်ဆိုင်(သို့မဟုတ်) ဆံသဖြစ်သည်။ အဖေကလည်း သူ့ ကတုံးဆံပင်ကို ထိုသင်တုန်းဓားနှင့်ပဲ ကိုယ့်ခေါင်းကိုယ်စမ်းကာ ရိတ်သည်။ ထို့ပြင် အဖေ့ သင်တုန်းဓားက ကျွန်တော့်ခေါင်းပေါ်ကိုလည်း တစ်လတစ်ကြိမ် ရောက်လာတော့သည်။ ထိုသို့ အချိန်တွင် အဖေက ငုတ်တုပ်ထိုင်နေသော သူ့ဒူးနှစ်လုံးကြား ကျွန်တော့်ခေါင်းကို ညှပ်ထားပြီး ဆံပင်တွေကို ဆွတ်ထားသော ရေရော၊ မျက်ရည်ရော၊ နှပ်ရော ရောထွေးနေသည့် ကျွန်တော့မျက်နှာကိုပင် အဖော်မခံတော့ဘဲ သူ့လက်သုံး သင်တုန်းဓားနှင့် လက်စွမ်းပြတော့သည်။ ကျွန်တော်က သင်တုန်းဓားနှင့် သားရေပြား တဗျန်းဗျန်းခတ်…

Read More

စနစ်ဟောင်း ၉ တန်းအောင်နဲ့ ၁၀ တန်းကျသူတွေကို စနစ်သစ် Grade 12စာမေးပွဲ အပြင်ဖြေ ခွင့်ပြုမယ် ၊ စနစ်ဟောင်းကျောင်းသားတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ

ဇူလိုင် ၁၂ – ၂၀၂၃ GG (VOM) စနစ်ဟောင်း ၉ တန်း အောင်မြင်ထားပြီး ၁၀ တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့တဲ့ ကျောင်းသားတွေနဲ့ ၁၀ တန်း ကျထားတဲ့ ကျောင်းသားတွေကို အခုနှစ် စနစ်သစ် Grade 12 စာမေးပွဲကို ပြင်ပဖြေပုံစံနဲ့ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကအသိပေးထားပါတယ်။ ဒါပေမယ့် စနစ်ဟောင်းစာမေးပွဲကို မအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေအပါအဝင် စနစ်သစ်သင်ရိုးနဲ့အကျွမ်းတဝင်မရှိတာကြောင့် စနစ်သစ် Grade 12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြင်ပကနေ လေ့လာသင်ယူပြီး ဝင်ရောက်ဖြေဆိုဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ” ဖြေဆိုခွင့်ပြုတယ်ဆိုတာက အပြင်ဖြေပုံစံပေါ့။ကျောင်းတက်ပြီး သင်ယူဖြေခွင့်မဟုတ်တော့ ပြန်ဖြေချင်တဲ့ကျောင်းသားဆိုရင်တောင် အခက်အခဲတွေရှိနေတာပေါ့။ ကိုယ်ပိုင်ကျောင်းတက်နိုင်ရင်လည်းတမျိုးပေါ့။အဲ့ဒီလိုမှ မဟုတ်ရင် စာတွေကလည်း မတူတာတွေများတယ်၊သင်ပုံသင်နည်းလည်းကွာသွားတော့ ကလေးတွေအဆင်ပြေဖို့ခက်မယ်၊တော်တော်ကို ကြိုးစားသင်ယူရမှာပါ၊ တက်မယ့်ကလေးတွေ သေချာကြိုးစားသင်ယူဖို့ ပြောချင်ပါတယ်၊ကြိုးစားရင် တကယ်ဖြစ်ပါတယ် ၊အားမလျှော့ကြပါနဲ့…

Read More

ထိုင်းအာဏာသိမ်းစစ်တပ်အကြီးအကဲ ၀န်ကြီးချုပ်ပရာယွတ် နိုင်ငံရေးကနေ အနားယူပြီ

ဘန်ကောက်၊ဇူလိုင်-၁၂-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ကိုးနှစ်က အရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း နဲ့ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ပရာယွတ်ချန်အိုချာဟာ နိုင်ငံရေးကနေ အနားယူတော့မှာဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။ ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ နိုင်ငံရေးပါတီသစ်တခုကနေ ၀န်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ၀င်ခဲ့ပေမယ့် ရလဒ်မကောင်းဘဲ လွှတ်တော်အမတ် ၅၀၀ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၀န်ကြီးချုပ်တာ၀န်ယူပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ပရာယွတ်ဟာ တာ၀န်ကို ခဏယူတာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အာဏာကို ဆက်လက်ရယူခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ရှေ့သို့ပါတီဦးဆောင်တဲ့ မဟာမိတ်ပါတီတွေက ၀န်ကြီးချုပ်သစ်ခန့်အပ်မယ့် အားထုတ်မှုတွေကိုတော့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အမတ်အများစုရှိရာ လွှတ်တော်က ပိတ်ဆို့ တားဆီးနိုင်စွမ်းရှိနေသေးပါတယ်။ ထိုင်းနိုင်ငံရဲ့ နှေးကွေးနေတဲ့စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်မှုနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အကျင့်ပျက်ချစားမှုတွေ ဆက်လက်ရှိနေတာက ပရာယွတ်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ပြီး လူငယ်ထုရဲ့ ထောက်ခံမှုနဲ့အတူ…

Read More

MAI လေကြောင်းလိုင်းရဲ့ဘဏ်အကောင့် ငါးခုလုံး ပိတ်သိမ်းမယ်လို့ စင်္ကာပူ (UOB)ဘဏ် ကြေညာ

ဇူလိုင် ၁၂ – ၂၀၂၃ SN (VOM) စင်္ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်အနေနဲ့ Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်း ငါးခုစလုံးကို သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ MAI အမှုဆောင်အရာရှိချုပ် ဆာရာဗန်နန် ရာမာဆာမီ က လက်မှတ်ထိုးပြီး စီးပွားရေး မိတ်ဖက်လုပ်ငန်းတွေဆီ ပေးပို့ခဲ့တဲ့ ဇွန်လ ၂၆ ရက်စွဲပါ ပေးစာတစ်စောင်မှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ကစပြီး UOB ဘဏ်ရှိ MAI လေကြောင်းလိုင်းရဲ့ ဘဏ်စာရင်းအားလုံးကို ပိတ်သိမ်းသွားမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ “အခုလို MAI ရဲ့ ဘဏ်အကောင့်တွေ အားလုံး ပိတ်လိုက်ခြင်းဟာ တစ်နည်းအားဖြင့် ခရီးသွားကဏ္ဍ သယ်ယူပို့ဆောင်ရေးကတစ်ဆင့် နစက…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးပြော

ဂျကာတာ၊ ဇူလိုင်-၁၂-၂၀၂၃ မျိုးဆက်(VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့သီတင်းပတ်က တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဇူလိုင် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သူမရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် သူမအပေါ်စွဲချက်တွေနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၃၃ နှစ်ကြာ ချမှတ်ခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ နိုင်ငံခြားသံတမန်တွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကို မြန်မာအာဏာပိုင်တွေက ပယ်ချခဲ့ပြီး တရားခွင်တွေမှာလည်း သူမရဲ့ရှေ့နေတွေကို မီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပါတယ်။ ထိုင်းနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရပြီးနောက် ပထမဆုံးသော သံတမန်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို အားပေးကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက…

Read More

ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၁၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်လို့ သံသယဖြစ်ဖွယ် တာဝေးပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ကြောင်း ဂျပန်နှင့်တောင်ကိုရီးယား တာ၀န်ရှိသူတွေက ဇူလိုင် ၁၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ကို ပြုံးယမ်းကနေ အရှေ့ဘက်ကိုဦးတည်ပစ်ခတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်အတွင်း မကျရောက်မီ အချိန်တနာရီကျော်ကြာ ပျံသန်းခဲ့ကာ ၆၂၁ မိုင်ခရီးရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အမေရိကန်ကင်းထောက်လေယာဉ်ဟာ လေပိုင်နက်အတွင်း ကျူးကျော်၀င်ရောက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုပြီးနောက်မှာ ဒုံးကျည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၀င်ရောက်လာတဲ့ အမေရိကန်လေယာဉ်တွေကို ပစ်ချမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တာ၀န်ရှိသူတွေဟာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ပြီးနောက် ချက်ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာစေမယ်လို့ ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ပစ်ခတ်မှုဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာအသိုက်အ၀န်းကို ဆိုးရွားစွာထိခိုက်စေတဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ Ref:…

Read More

တငွေ့ငွေ့ တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း

ဇူလိူင် ၁၂-၂၀၂၃ GG(VOM)   ပြည်တွင်း စားသုံးဆီစျေး လက်လီစျေးကွက်မှာ တစ်ပိဿာကို အမြင့်ဆုံး ၁၀၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက် လာသလို အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပြန်လည်မြင့်တက်လာတာကြောင့် ပြည်သူတွေအားလုံး အဆင်မပြေဖြစ်နေကြရတယ်လို့ သိရပါတယ်။   အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ ဂျင်း ၊အရောင်တင်မှုန့် ၊ အချိုမှုန့် ၊သကြား အပါအဝင် စတဲ့ နေ့စဥ် မဖြစ်မနေအသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအားလုံး စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။   ဂျင်းတက်ဆိုရင် တစ်ပိဿာကို ၃၀၀၀ ခန့်ကနေ လက်ရှိမှာ ၉၀၀၀ ကျပ်အထိဖြစ်လာပြီး ကြူကုတ်ကြက်သွန်ဖြူက ၈၅၀၀ ကျပ်၊ ဗမာကြက်သွန်ဖြူက ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိရှိပြီး အာလူးက ၃၅၀၀ ကျပ်နဲ့ ကြက်သွန်နီကလည်း တစ်ပိဿာ ကို…

Read More
VOM News

FREE
VIEW