ပြုံးယမ်း၊ ဇူလိုင် -၁၃-၂၀၂၃
မျိုးဆက်(VOM)
ဇူလိုင် ၁၂ ရက်က ပစ်ခတ်လိုက်စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး စမ်းသပ်မှုမှာ စံချိန်များစွာကို ချိုးဖျက်အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီဒုံးကျည်ဟာ လောင်စာခဲနည်းပညာကို အသုံးပြုထားပြီး အသစ်တီထွင်ထားတဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။
ဒုံးကျည်ဟာ အကွာအဝေး၊ အမြင့်နဲ့ ပျံသန်းချိန်တို့ စံချိန်ချိုးခဲ့ပြီး အမြင့်ပေ ၆၆၀၀ ကနေ ၇၅ မိနစ်အတွင်း ကီလိုမီတာ ၁၀၀၀ ခရီးနှင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်ကင်းထောက်လေယာဉ်တွေ လေပိုင်နက်ကိုကျူးကျော်၀င်ရောက်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက သတိပေးပြီးနောက် ဒုံးပျံစမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့တာဖြစ်ကာ ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။
လောင်စာခဲသုံးဒုံးပျံတွေဟာ သမားရိုးကျဒုံးကျည်တွေထွက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပြီး အကွာအဝေး ကီလိုမီတာ တသောင်းငါးထောင်ထိ ပစ်ခတ်နိုင်ကာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ပြောဆိုပါတယ်။
Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း