ဒေလီ၊ ဇူလိုင်-၂၀-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရ်ှထရာပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြေပြိုမှုကြောင့် လူငါးဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အိန္ဒိယတာ၀န်ရှိသူတွေက ဇူလိုင် ၂၀ ရက်မှာပြောပါတယ်။ မွမ်ဘိုင်းမြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ အိုင်ရှယ်၀ဒီကျေးရွာမှာ ဇူလိုင် ၁၉ ရက်ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အပျက်အစီးတွေအောက်မှာ လူ ၁၀၀ ကျော်ပိတ်မိနေကြောင်း ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပြီး မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ ဒါပေမယ့် ပြည်နယ်၀န်ကြီးချုပ် အန်နက်ရှင်ဒီကတော့ ပျောက်ဆုံးနေသူအရေအတွက်ကို အတိအကျသိရှိဖို့ ခက်ခဲကြောင်း ပြောပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရာရ်ှထရာမှာ ကားလမ်း၊ရထားလမ်းတွေရေလျှံကာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ ပြည်နယ်အတွင်းရှိ ခရိုင်အများအပြားမှာ မိုးရေချိန် ၁၀၀ မီလီမီတာကျော်ထိ စံချိန်တင်ရွာသွန်းခဲ့ပြီး နောက် ၂၄…
Read MoreMonth: July 2023
ယိုးဒယားခေါက်ထီးနှင့် အီတလီကိုင်း မျက်မှန်
ဆူးငှက် ကျွန်တော်က ၁၉၇၄ခုနှစ်တွင် ၁၀တန်းအောင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ၁၉၇၄/၇၅ စာသင်နှစ်တွင် သင်္ချာဘာသာ အဓိကဖြင့် ပထမနှစ်အိမ်ကစ၍ တက်ရသည်။ ထိုစဉ်ကာလ စာပေးစာယူဖြင့် အိမ်ကအခြားအလုပ်လုပ်ကာ တက္ကသိုလ်တက်နိုင်သော်လည်း ကျွန်တော်က တက္ကသိုလ် နေ့သင်တန်းကိုပဲ အမေ့ဆီက မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ဆီက ကျောင်းလခနှင့် စာအုပ်ဖိုးတောင်းပြီး တက်ခဲ့သည်။ အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။ မိဘ၂ပါးချွေးနည်းစာဆိုလို့ အတွေ့အကြုံလေးတစ်ခု ပြောချင်ပါသေးသည်။နောက်ကြောင်းပြန်သော် ဒုတိယနှစ်ကပေါ့။ ထိုနေ့က မထင်မှတ်ဘဲ မိုးကစွေနေသည်။ အသည်းကြီးတော့ မဟုတ် ကျောင်းသွားရမည့် အချိန်အထိ မိုးကစွေဆဲဖြစ်သည်။ အမေကလည်း သည်မိုးကြောင့် ဈေးရောင်းမထွက်နိုင်။ ကျွန်တော်က ကျောင်းသွားခါနီးတော့ သည်မိုးမှာ စက်ဘီးနှင့်အဆင်မပြေနိုင်သည်မို့ ၂၉လမ်းထိပ်ကပဲ အမှတ်၃ကားစီးသွာမည်။ သို့သော် သည်မိုးစွေစွေ မှာ ထီးပါဖို့လိုသည်။ အိမ်ကနေ ရုံတော်ကြီး ကားမှတ်တိုင်အထိ ၅ပြလောက် ခြေကျင်လျှောက်ရမည်လေ။…
Read Moreမွန်ပြည်နယ်မှာ ဒီနေ့ တစ်ရက်တည်း ကလေး ၃ဦးရေနစ် သေဆုံးခဲ့ပြီး လူကြီး ၁ ဦးရေစီးနဲ့မျောပါပျောက်ဆုံးနေ
ဇူလိုင် ၁၉-၂၀၂၃ MM(VOM) မွန်ပြည်နယ်မှာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးဒဏ်ကြောင့် ရေးကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး ဒီနေ့ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာ ကလေးငယ် ၃ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကာ အမျိုးသား ၁ ယောက်လည်း ရေစီးထဲမျောပါပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့သူတွေဆီကနေ သိရပါတယ်။ ”မိုးအဆက်မပြတ်ရွာနေတာ၊ မော်လမြိုင်မြို့က နေရာတော်တော်များများမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ် တယ်၊ အရေးပေါ်ပြောင်းရွေ့ရတာတွေလည်းလုပ်နေရတယ်၊ လူသေဆုံးမှုကတော့ မော်လမြိုင်မြို့၊သီရိမင်္ဂလာ ရပ်ကွက်၊ (၁၇)လမ်းမှာ အခုမနက် ၁၀ နာရီလောက်က မိုးသည်းထန်စွာရွာနေပြီး မြစ်ရေတက်ချိန် အသက် ၁နှစ်ခွဲ အရွယ်ကလေးငယ် ၁ ယောက်နေအိမ်ပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်၊ အဲ့ဒီကလေးက အသက် (၈၀)နှစ်အရွယ်အဖွားနဲ့ မိဘတွေကထားခဲ့တဲ့အချိန်ဖြစ်တာ၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေး ရွာမှာလည်း မိုးတွေရွာသွန်းနေတဲ့အချိန် ချောင်းထဲမှာရေစီးနဲ့ပါလာတဲ့ ထင်တွေကို လိုက်ဆယ်တဲ့ အသက် ၃၀ နှစ်အရွယ် ဇော်လတ်ဆိုသူ တောင်ကျရေတွေများတာကြောင့်…
Read Moreမြောက်ကိုရီးယားနဲ့ တင်းမာနေချိန် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားရောက်ရှိနေ
ဆိုးလ်၊ ဇူလိုင်-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်မှာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ကန်တပ်ကီဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆ်ိပ်ကမ်းကို ဇူလိုင် ၁၈ ရက်မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်ဟာ တောင်ကိုရီးယားသို့ နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေ အခါအားလျော်စွာ ဖြန့်ကြက်ဖို့ နှစ်နိုင်ငံသဘောတူထားပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဆောင်တာဟာ တင်းမာမှုတွေကို မြင့်တက်စေပြီး ဖြစ်နိုင်ခြေရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေကနေ ဝေးကွာသွားစေနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီက ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ဒီစမ်းသပ်မှုကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတွေဟာ ၁၉၇၀ ခုနှစ်တွေအတွင်း တောင်ကိုရီးယားမှာ ဆိုက်ကပ်လေ့ရှိပေမယ့် စစ်အေးတိုက်ပွဲနီးကပ်လာပြီး မြောက်ကိုရီးယားက…
Read Moreအမြန်လမ်းဟောင်းမှာ ကင်းလှည့်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး သေဆုံး၊ဒဏ်ရာရမှုရှိခဲ့
ဇူလိုင် ၁၉ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းမှာ မနေ့ ဇူလိုင် ၁၈ ရက် ညပိုင်းက လှည့်ကင်းလုပ်နေတဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။ ” ရင်းတိုက်ကုန်းကျေးရွာ၊ ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃ / ၅)၊တံတားမှာ ညကဖြစ်တာပါ။ လူ၃ယောက်ကို မသင်္ကါလို့ စစ်ဖို့လုပ်နေချိန်မှာ အပစ်ခံရတာပေါ့။အဲ့ဒီမှာ ရဲတပ်ဖွဲ့ ဝင်တစ်ယောက်သေဆုံးတယ်၊နောက်တစ်ယောက်လည်းဒဏ်ရာရတာ ပထမ သိရတာစိုးရိမ်ရတယ်၊ကုသနေတယ်၊ အခုထပ်သိရတာ ဆေးရုံမှာ ဆုံးပြီလို့သိရတယ် ။နောက်ထပ် အရပ်သား ၂ယောက်လည်းသေတယ်လို့သိရတယ်”လို့ ညောင်လေးပင် ခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်ဟာ ဗိုက်ကိုကျည်ဖောက်ဝင်ဒဏ်ရာနဲ့နေရာမှာပဲသေဆုံးခဲ့ပြီး နောက်ထပ် ရဲတပ်သား အောင်ကျော်ထက်ဆိုသူလည်း…
Read Moreထိုင်း၀န်ကြီးချုပ်လောင်း ပီတာ လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ခံရ ၊ ၀န်ကြီးချုပ်လောင်း အမည်စာရင်တင်းသွင်းမှုအတွက် ပါလီမန်မှာ ဆက်လက်ဆွေးနွေးနေ
ဘန်ကောက်၊ ဇူလိုင်-၁၉-၂၀၂၃ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ်သစ်ဖြစ်လာဖို့ တစ်ပြေးနေတဲ့ ပီတာလင်ဂျာရိုရတ်ကို လွှတ်တော်အမတ်အဖြစ်ကနေ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဇူလိုင် ၁၉ ရက်မှာ ဆိုင်းငံ့လိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီခေါင်းဆောင် ပီတာဟာ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတာကြောင့် ရွေးကောက်ပွဲ၀င်ဖို့ အရည်အချင်းမပြည့်မီကြောင်း တိုင်ကြားချက်အပေါ် တရားရုံးက အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် လစ်ဘရယ်သမား ပီတာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပါလီမန်မှာ ပြုလုပ်တဲ့ ၀န်ကြီးချုပ်သစ်ရွေးချယ်ပွဲ ပထမအကြိမ်မှာ လုံလောက်တဲ့ထောက်ခံမဲမရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ သူ၀န်ကြီးချုပ်ဖြစ်လာရေးအတွက် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေအပါအ၀င် ပါလီမန်အမတ် ထက်၀က်ကျော် ထောက်ခံမှုလိုအပ်နေပါတယ်။ တရားရုံးရဲ့ကြေညာချက်ဟာ ဒီနေ့ပြုလုပ်မယ့် ၀န်ကြီးချုပ်သစ်ရွေးချယ်ပွဲ မဲခွဲမှုအပေါ် ဘယ်လောက်သက်ရောက်မယ်ဆိုတာ ရှင်းလင်းစွာမသိရပေမယ့် လွှတ်တော်အမတ်တွေဟာ ပီတာရဲ့၀န်ကြီးချုပ်လောင်းအမည်စာရင်းတင်သွင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်တပ်ကရေးဆွဲခဲ့တဲ့ ပါလီမန်စည်းမျဉ်းတွေဟာ ပီတာကို ဆက်လက်ထောက်ခံနေတဲ့ရှစ်ပါတီမဟာမိတ်အဖွဲ့ အနေဖြင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး အခက်အခဲတွေနဲ့…
Read Moreမော်လမြိုင်မှာ ရပ်ကွက်အချို့ ရေကြီးရေးမြုပ်နေလို့ အရေးပေါ်ရွှေ့ပြောင်းနေရသလို အဆောက်ဦးပြိုကျလို့ ဒဏ်ရာရသူလည်းရှိနေ
ဇူလိုင် ၁၉ – ၂၀၂၃ GG (VOM) မော်လမြိုင်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက်အများစု ရေကြီး ရေနစ်မြုပ်နေလို့ ရပ်ကွက်နေထိုင်သူတွေ ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းမှာ ရွာသွန်းတဲ့မိုး နဲ့ မနေ့ ဇူလိုင် ၁၈ ရက်နေ့မှာရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှုအရှိန်ကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေနစ်မြုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မော်လမြိုင်-ဘားအံကားလမ်းဘေးက နေအိမ်ခြံ အုတ်တံတိုင်းပြိုကျလို့ အဆောင်ထဲရှိနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ချောင်းအတွင်း ထင်းလိုက်ဆယ်တဲ့ အမျိုးသားတစ်ဦး ရေစီးနဲလည်း မျောပါ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ ” ညကတည်းကလည်းရွာတယ်၊အခုမနက်လည်းတအားသည်းတယ်၊မိုးကမထင်ထားဘူး အရမ်းများတယ်၊ဘုန်းကြီးကျောင်းတွေလည်း ရေနစ်မြုပ်နေတယ်၊ရပ်ကွက်တွေလည်းများတယ်၊ကယ်ဆယ်ရေးတွေ အခုထိလုပ်နေတယ်။ရေစီးအားကလည်း သန်နေတယ် ။ လူထိခိုက်တာက ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန် လူနေရပ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေးက…
Read Moreအမေရိကန်စစ်သားတဦး မြောက်ကိုရီးယားနိုင်ငံထဲ ခွင့်ပြုချက်မဲ့၀င်ရောက်လို့ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ
ပြုံးယမ်း၊ ဇူလိုင်-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံအတွင်းကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်၀င်ရောက်ခဲ့တဲ့ အမေရိကန်စစ်သားတဦးကို မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲဒီအမေရိကန်စစ်သားဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ထဲက ကုလသမဂ္ဂရဲ့ကြီးကြပ်မှုနဲ့ ဖွင့်လှစ်ထားသည့်နေရာတခုကို လေ့လာရေးခရီးလိုက်ပါရင်း မြောက်ကိုရီးယားနိုင်ငံအတွင်း ခွင့်ပြုချက်မဲ့ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယားကို မသွားဖို့ အမေရိကန်က ညွှန်ကြားထားပြီး ဖမ်းဆီးခံထားရတဲ့ စစ်သားနဲ့ အဆက်အသွယ်ပြတ်နေကြောင်း အမေရိကန်စစ်တပ်တာ၀န်ရှိသူတဦးကပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အမေရိကန်စစ်တပ်က ဒုတိယအဆင့်တပ်သား ထရာဗစ်ကင်းဆိုသူဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်တာ၀န်ရှိသူတွေကပြောသည်။ သူဟာ မြောက်ကိုရီးယားဘက်ကို ဘက်ပြောင်းခြင်း သို့မဟုတ် ပြန်လာနိုင်ရေးနဲ့ပတ်သက်ပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ သူဟာ တောင်ကိုရီးယားမှာ တာ၀န်ကျနေစဉ် စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခံထားရသူဖြစ်ပါတယ်။ အမေရိကန်စစ်သားကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နာရီအနည်းငယ်အကြာမှာ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဇူလိုင် ၁၉ ရက်က ဂျပန်ပင်လယ်ထဲကို ပစ်ခတ်ခဲ့ကြောင်း…
Read Moreတောင်ဥက္ကလာရဲစခန်းက စခန်းမှူးကို ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်၊ စခန်းမှူး အခြေအနေစိုးရိမ်ရ
ဇူလိုင် ၁၉ – ၂၀၂၃ GG + KK ( VOM) ရန်ကုန်မြို့ ၊တောင်ဥက္ကလာပမြို့နယ်၊ မြို့မရဲစခန်းက စခန်းမှူးကို ရဲတပ်သားတစ်ဦးက သေနတ်နဲ့ပြန်လည်ပစ်ခတ်မှု မနေ့ ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စခန်းမှူး ဒုရဲမှူးလင်းကိုကိုထွန်း ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူက ရဲတပ်သား အာကာစိုး ဆိုသူက ဖြစ်ကြောင်း ၊ လက်ရှိမှာ ရဲတပ်သားကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ” စခန်းမှူးရဲ့ ညာနားထင်ကို သေနတ်မှန်တယ်။ဆေးရုံမှာပါ။ တပ်သားက တန်းစီနေတဲ့အချိန် မရှိလို့ စခန်းမှူးက သူ့ကို ကင်းစောင့်ဖို့ပြောတာကို သူကမစောင့်နိုင်ဘူး ဘာညာပြောပြီး သူ့ကိုပေးထားတဲ့သေနတ်နဲ့ ပြန်ပစ်တာပေါ့ ။သူ့ကိုလည်းဖမ်းဆီးထားပါပြီ “လို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ စခန်းမှူး လင်းလင်းထွန်းကတော့ နားထင်ကိုသေနတ်မှန်တဲ့ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီး…
Read More၁၄ခန်းဇရပ်ထဲက အာဇာနည်နေ့
ဆူးငှက် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတယ်။ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်မှာ လက်နက်အားကိုးနဲ့ လုပ်ကြံ သတ်ဖြတ်မှုအပေါ် တစ်နိုင်ငံလုံးက ယူကြုံးမရ ဖြစ်ကြရတယ်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ နိုင်ငံဟာ လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော် အဖြစ် ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်။ တစ်ဆက်တည်းပဲ ကိုယ်ကျိုးစွန့် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်တိုင် လွတ်လပ်ရေးကို မြင်တွေ့မသွားကြရခြင်းအပေါ် သူတို့ကျေးဇူး၊ သူတို့စိတ်ဓာတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇူလိုင်လ ၁၉ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေ တစ်ပြည်လုံး ကျင်းပခဲ့ကြတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ ၁၉၄၈ခုနှစ်ကနေ ၁၉၈၀ကျာ်ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက်အတွင်းမှာ တည်ရှိတဲ့…
Read More