ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်

ဖနွမ်းပင်၊ သြဂုတ်-၇-၂၀၂၃
မျိုးဆက်(VOM)

အာရှရဲ့ သက်တမ်းအရှည်ဆုံး အာဏာရှင်ဆန်တဲ့ခေါင်းဆောင်လို့ သမုတ်ခံထားရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင်က တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟွန်ဆန်ရဲ့နေရာကို ဆက်ခံမည့်သူအဖြစ် ဟွန်ဆန်ကသားဖြစ်သူဟွန်မာနက်အား ဝန်ကြီးချုပ်သစ်အဖြစ်အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရက်ပိုင်းအကြာမှာတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့သားအကြီးဆုံးကို အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဟွန်ဆန်ရဲ့တောင်းဆိုချက်အရ ခုနှစ်ကြိမ်မြောက်ပါလီမန်သက်တမ်းအတွက် ဒေါက်တာဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒမ်ဆီဟာမိုနီက သြဂုတ် ၇ ရက်မှာ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်အနေနဲ့ ဝန်ကြီးချုပ် တရားဝင်ဖြစ်လာဖို့နံ့ သူ့အစိုးရသစ်အတွက် သြဂုတ် ၂၂ ရက်တွင်ကျင်းပမယ့် ပါလီမန်ရဲ့ အတည်ပြုချက်လိုအပ်နေသေးပါတယ်။

အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် ငါးနေရာမှလွဲပြီး အနိုင်ရရှိခဲ့ကာ အတိုက်အခံအလင်းတိုင်ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

Ref: CNA
Photo:Reuters

#voiceofmyanmar#VOM# ကမ္ဘောဒီးယား#ဝန်ကြီးချုပ်သစ်

Related posts

Leave a Comment

VOM News

FREE
VIEW