နိုင်ဂျာအာဏာသိမ်းမှု စစ်ရေးအရကြားဝင်၊မဝင် အီကိုဝပ်စ်အဖွဲ့ ဆွေးနွေးဖွယ်ရှိ

ဝါရှင်တန်၊ သြဂုတ်-၈-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျာမှာ ပြီးခဲ့တဲ့လက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်ထိပ်တန်းသံတမန်တဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ဂျာအာဏာသိမ်းမှုကို သံတမန်နည်းအရ အဆုံးသတ်နိုင်ဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းက ပြောပါတယ်။

အနောက်အာဖရိကနိုင်ငံ ၁၅ နိုင်ငံပါဝင်တဲ့ အီကိုဝပ်စ်အဖွဲ့ကတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ဂျာသမ္မတကို အာဏာပြန်လွှဲပေးဖို့ တနင်္ဂနွေနေ့နောက်ဆုံး ရာဇသံပေးပြီးနောက် နိုင်ဂျာအာဏာပိုင်တွေဟာ လေပိုင်နက်တွေကို ပိတ်ထားလိုက်ပါတယ်။

ပြသနာပြေလည်မှုမရှိရင် နောက်ဆုံးမှာ စစ်ရေးအရကြားဝင်ဖို့နဲ့ပတ်သက်ပြီး ပြင်ဆင်စရာရှိတာအားလုံး ပြင်ဆင်ပြီးဖြစ်ကြောင်း အီကိုဝပ်စ်အဖွဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

နိုင်ဂျာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ် ၁၀ ရက်မှာ အဖွဲ့ဝင်နိုင်ငံတွေတွေ့ဆုံဆွေးနွေးဖို့ အီကိုဝပ်စ်အဖွဲ့က စီစဉ်ထားပါတယ်။ နိုင်ငံတဖြည်းဖြည်းနဲ့ မလွဲမသွေကျဆုံးတာမျိုးကို ရှောင်ရှားလိုတာကြောင့် အာဏာသိမ်းတာလို့ စစ်ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေဟာ ပြည်တွင်းအခြေအနေကို ထိန်းသိမ်းဖို့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ကို အကူအညီတောင်းထားတယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်ထိပ်တန်းသံတမန် နူလန်းက ဆိုပါတယ်။

ပြင်သစ်ကိုလိုနီဟောင်း နိုင်ဂျာပဋိပက္ခဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ တိုးပွားလာတဲ့အပြင် ပြင်သစ်ဆန့်ကျင်ရေးဖြစ်စဉ်များ ဖြစ်ပွားနေတာကြောင့် နိုင်ဂျာကို ခရီးသွားလာခြင်းမပြုဖို့ ပြင်သစ်နိုင်ငံက သူ့နိုင်ငံသားတွေကို သတိပေးထားပြီး အမေရိကန်အပါအဝင် နိုင်ငံအများအပြားက သူတို့ရဲ့ နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ထုတ်ပြီးဖြစ်ပါတယ်။

Ref: BBC/Reuters
Photo:Reuters
#Voiceofmyanmar #VOM #နိုင်ဂျာအာဏာသိမ်းမှု #စစ်ရေးကြားဝင် #အီကိုဝပ်စ်အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW