မူဆယ်နယ်စပ်မှာ တရုတ်ငွေဈေး ထိုးတက်လာ

ဩဂုတ် ၁၀၊ ၂၀၂၃
Shy V(VOM)

မြန်မာ – တရုတ် နယ်စပ် ရွှေလီနဲ့ မူဆယ်မှာ ဒီ ကနေ့ ဩဂုတ် ၁၀ ရက်နေ့မှာတော့ တရုတ်ငွေ ၁ ယွမ်ကို ၄၈၀ နဲ့ ၅၀၀ ကြားထိ ‌တရုတ်ငွေဈေး ထိုးတက်လာတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

“ငွေဈေးက လဲနေရင်းတန်းလန်း တရိပ်ရိပ်တက်လာနေတာ။” လို့ နယ်စပ် အရောင်းအဝယ်လုပ်နေသူ ၁ ဦးက ပြောပါတယ်။

ဒီရက်ပိုင်းမှာ တရုတ်ငွေဈေးက ပိုပို တက်လာတာ ဖြစ်ပြီး ဒီနေ့ ညနေ ၅ နာရီ အချိန်မူဆယ်မှာ ငွေလဲလှယ်နှုန်း ပေါက်ဈေးက တရုတ်‌ယွမ်ပေး မြန်မာ‌ကျပ်ယူမယ်ဆိုရင် ၁ ယွမ်ကို ၄၈၀ ကျပ် ဈေးပေါက်တယ်လို့ ငွေလဲလှယ်လုပ်ငန်းလုပ်‌နေတဲ့ အမျိုး သမီး ၁ ဦးကပြောပါတယ်။

နယ်စပ် အရောင်းအဝယ်လုပ်နေသူ ၁ ဦးကလည်း “တဖက် တရုတ်ဘက်ထဲ ရွှေလီ‌နယ်စပ်မှာတော့ ၁ ယွမ်ကို ၅၀၀ ကျပ် ဈေးပေါက်နေပြီး မြန်မာဘက် ကုန်ပစ္စည်း တင်သွင်းမယ့် တရုတ်ပစ္စည်း အဝယ်သမားတွေအတွက် အခက်အခဲ ဖြစ်နေကြတယ်၊ အရောင်းအဝယ် လုပ်ဖို့ကို မလွယ်တော့တာ၊ ကိုယ်ရောင်းလိုက်တဲ့ ကုန်ပစ္စည်းဈေးနှုန်းနဲ့တောင် အဲဒီကုန်ပစ္စည်းကို ပြန်ဝယ်လို့ မရတဲ့ အနေအထား၊ ဝယ် ရှုံး ဖြစ်နေတယ်”လို့ ပြောပါတယ်။

မြန်မာငွေက တန်ဖိုးအရမ်းကျနေတာကြောင့် တချို့လူတွေက တရုတ်ငွေကို ဝယ်သာ ဝယ်ယူပြီး ပြန်မထုတ်တဲ့အခါ တရုတ်ငွေက ဝယ်လိုအားများနေတာကြောင့် ငွေဈေးက ဆက်တက်လာမယ့် အခြေအနေရှိနေတယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေ အပါအဝင် တချို့လူတွေက မြန်မာငွေတန်ဖိုးအရမ်းကျလို့ လက်ထဲမထားချင်တာကြောင့် တရုတ်ငွေကိုပဲ ကိုင်ထားကြတာလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

Photo – Shy V(VOM)
#voiceofmyanmar #VOM #တရုတ်ငွေဈေးထိုးတက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW