အိန္ဒိယမှာ ရှေးဟောင်းဟိန္ဒိဘုရားကျောင်းပြိုကျမှု ကိုးဦးသေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေ

ဒေလီ၊ သြဂုတ်-၁၄-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ ရှေးဟောင်းဟိန္ဒိဘုရားကျောင်း ပြိုကျမှု သြဂုတ် ၁၄ ရက်မှာ ဖြစ်ပွားခဲ့တာကြာင့် လူကိုးဦးသေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နာမည်ကျော်ခရီးသွားမြို့ဖြစ်တဲ့ ရှင်မ်လာရှိ ဟိန္ဒိဘုရာကျောင်း မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။ အပျက်အစီးတွေအောက်မှာ လူ ၂၀ ကနေ ၂၅ ဦးထိ ပိတ်မိနေနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu ကပြောပါတယ်။

အဲဒီပြည်နယ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်တွေကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသွားတွေဟာ ပြည်နယ်ရဲ့ အေးမြတဲ့ရာသီဥတုနဲ့ သာယာတဲ့ရှုခင်းတွေကို ကြည့်ဖို့ တနှစ်ပတ်လုံး အထူးသဖြင့် ရှီမ်လာကို လာရောက်လည်ပတ်လေ့ရှိပါတယ်။

ဒါပေမယ့် မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းမှာ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးတွေဖြစ်ပေါ်လျှက်ရှိပါတယ်။

Ref:BBC
Photo:ANI
#voiceofmyanmar #VOM #India temple collapse #Nine dead # dozens trapped

Related posts

Leave a Comment

VOM News

FREE
VIEW