အာဏာသိမ်း နိုင်ဂျာမှာ စစ်ရေးကြားဝင်ဖို့ အီကိုဝပ်စ်အဖွဲ့ စစ်ဦးစီးချုပ်တွေ ဂါနာမှာဆွေးနွေးဖို့ စီစဉ်

နီယာမေ၊ သြဂုတ်-၁၆-၂၀၂၃
မျိုးဆက်(VOM)

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ စစ်ရေးအရ ကြားဝင်ဖို့နဲ့ပတ်သက်ပြီး အနောက်အာဖရိက စီးပွားရေးနဲ့နိုင်ငံရေးအစုအဖွဲ့ အီကိုဝက်စ်အဖွဲ့ရဲ့ ဒေသတွင်းစစ်ဦးစီးချုပ်တွေဟာ ယခုသီတင်းပတ်နှောင်းပိုင်းအတွင်း ဂါနာမှာ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့လက စစ်အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ အီကိုဝက်စ်အဖွဲ့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးကြားဝင်မှုနဲ့ပတ်သက်ပြီး အဲဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေရဲ့ စစ်တပ်အကြီးအကဲတွေ တွေ့ဆုံမယ့် အစီအစဉ်ကို ယခင်က ရွှေ့ဆိုင်းထားခဲ့ပါတယ်။ လက်ရှိမှာ ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေဟာ နိုင်ဂျာမှာ စစ်ရေးအရကြားဝင်လိုပုံရနေပြီး အဲဒီလို စွက်ဖက်မှုဟာ မငြိမ်မသက်ဖြစ်နေတဲ့ ဒေသတွင်းမှာ နောက်ထပ်မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

နိုင်ဂျာအာဏာသိမ်းခေါင်ဆောင်နဲ့ အစ္စလာမ်ဘာသာရေးဆရာများအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးအပြီး နိုင်ဂျာမှာ သံတမန်ရေးရာ ပြေလည်မှုရရှိလိမ့်မယ်လို့ သီတင်းပတ်ကုန်ပိုင်းက မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် နောက်တနေ့မှာတော့ ဒီမိုကရေစီနည်းကျရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုအမ်ဟာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ကြောင်း အာဏာပိုင်တွေက စွပ်စွဲခဲ့ပြီး သူ့ကိုဖြုတ်ချအာဏာသိမ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref:BBC
#voiceofmyanmar#VOM #နိုင်ဂျာစစ်ရေးကြားဝင် #အီကိုဝပ်စ်အဖွဲ့ #ဆွေးနွေ;

Related posts

Leave a Comment

VOM News

FREE
VIEW