ထိုင်းဘတ်ကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းနိုင်တဲ့ ငွေကြေးအဖြစ်ခွင့်ပြု၊ ထိုင်းဘတ်စျေးတက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်း

ဩဂုတ် ၁၈ – ၂၀၂၃
GG(VOM )

ထိုင်းဘတ်ကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က အသိပေးခဲ့ပါတယ်။

အဓိက ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ ငွေစာရင်းရှင်းတမ်းလုပ်တဲ့အခါ ဒေါ်လာအသုံးပြုမှုအစား ထိုင်းဘတ်ငွေကိုပါ အသုံးပြုခွင့် ပြုလိုက်တာဖြစ်ကြောင်း၊ နစက အနေနဲ့ ဒေါ်လာစျေးတက်တာကို ထိန်းဖို့နဲ့ ဒေါ်လာအသုံးပြုမှုကို လျှော့ချဖို့ အခုလိုလုပ်ဆောင်တာဖြစ်နိုင် တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

“နဂိုက ပင်လယ်ဆိပ်ကမ်းထွက်ထားတာတွေက ဒေါ်လာနဲ့မှသွင်းရမယ်ဆိုတော့ အခု ထိုင်းဘတ်ပါသုံးခွင့်ပေးလိုက်တော့ ဒေါ်လာဆက်မတက်တော့ဘူးပေါ့။ဒေါ်လာစျေးတက်ချိန်ထိုင်းဘတ်နဲ့လုပ်လို့ရသွားတာပေါ့။ အဓိက ပင်လယ်ရေကြောင်းကုန်သွယ်ရေးပေါ့ ထွက်ထားသမျှကို ဒေါ်လာနဲ့ပဲပြန်ဝင်ခိုင်းတာပေါ့။ဒါပေမယ့် ဒေါ်လာနဲ့ဝင်ဖို့ ခက်ခဲလာတဲ့အချိန်မှာ ထိုင်းဘတ်နဲ့ဝင်လည်း ခွင့်ပြုမယ်ဆိုတဲ့မူဝါဒပေါ့။အစိုးရအနေနဲ့က ဒေါ်လာကိုမှီခိုတာ လျှော့ချင်တာ လည်းပါမှာပေါ့။ဘတ် နဲ့ ယွမ်ကို သုံးခွင့်ပေးတာပေါ့ “လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာအပြင် ထိုင်းဘတ်ငွေနဲ့ပါ စာရင်းရှင်းတမ်းလုပ်ဆောင်ခွင့်ပြုလိုက်တာဟာ ကုန်သည်လုပ်ငန်းရှင်တွေအတွက် နဂိုကထက်တော့ အဆင်ပြေတဲ့ အနေအထားတစ်ခုဖြစ်သွားတယ်လို့ သိရပါတယ် ။

နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(Authorized Dealer-AD)လိုင်စင်ရဘဏ်တွေမှာ ထိုင်းဘတ်(Thai Baht) ကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးလိုက်တာဖြစ်ပါတယ်။

ထိုင်းဘတ်ငွေ အသုံးပြုခွင့်ပြုကြောင်းကြေညာတဲ့ ဩဂုတ် ၁၅ ရက်ကစပြီး နိုင်ငံခြားငွေကြေးစျေးကွက်မှာ ထိုင်းဘတ်ငွေစျေး ဆက်တိုက်မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တယ်လို့ ငွေလွှဲလုပ်ငန်းဆောင်ရွက်သူတွေဆီကသိရပါတယ်။

” အခုရက်ပိုင်းစျေးက အတက်ပဲ ။မကြားဖူးတဲ့စျေးတွေဖြစ်ကုန်တယ်။ကုန်သွယ်ရေးမှာ ထိုင်းဘတ်ကိုအသုံးပြုခွင့်ပေးလိုက်တယ်ဆိုတော့ စျေးက ခုန်တက်သွားတယ်။ ဘတ်စျေးတက်ပြီး မြန်မာငွေက တန်ဖိုးကျသွားတာ ၊ အရင်က မြန်မာငွေ တစ်သိန်းဆို ထိုင်းဘတ် ၁၂၀ လောက်ရတယ်၊အခုကတော့ တစ်သိန်းဆို ထိုင်းဘတ် ၁၀၀၀ တောင်မရတော့ဘူး”လို့ ငွေလဲလှယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာဆိုရင် ထိုင်းဘတ်ငွေ ၁ ဘတ်ကို မြန်မာငွေ ၁၀၄ ကျပ် အထိ စျေးတန်းအတက်မှာရှိနေပြီး အရောင်းအဝယ်ကတော့ မရှိသလောက်ဖြစ်တယ်လို့သိရပါတယ်။

ဗဟိုဘဏ်ကတော့ ငွေကြေးကစားသူတွေကို အရေးယူမယ်လို့ သတိပေးစာတွေထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ထိုင်းဘတ်ငွေ #နိုင်ငံတကာငွေပေးချေမှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW