တောင်ကြီးမှာ နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

ဩဂုတ် ၁၈ – ၂၀၂၃ SN (VOM) တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပလီလင်းကျေးရွာ ဆိုင်းဘုတ်အနီးမှာ မနေ့ ဩဂုတ် ၁၇ ရက်၊ မနက်ပိုင်းက နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပလီလင်းရွာနဲ့ ဆင်နှစ်ကောင်ရွာကြား၊ ဝိဇ္ဇာတောင်ကျောင်း အတက်လမ်းပေါ်မှာ မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က နွား ၂၄ ကောင် ဓာတ်လိုက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အဲ့‌ဒီနေရာက မီးကြိုးက ဖြတ်ပြီးသွယ်တန်းထားတော့ နွားတွေက လျှပ်စစ်စက်ကွင်းထဲ ရောက်သလို ဖြစ်သွားကြတာ။ နွားတွေ အဲ့ဒီနေရာရောက်တော့ အပေါ်ကမီးကြိုးက ဗြောက်အိုးလိုမြည်ပြီး မီးပွင့်လာတယ်။ ကြောက်စရာကြီး၊ ဖောင်းကနဲ လန့်တောင်လန့်တယ်။ နွားတွေအကုန်လုံး ဓာတ်လိုက်ပြီးသေကုန်ကြတယ်။ နွားကျောင်းသားလေးက အဲ့ဒီလျှပ်စစ်စက်ကွင်းနေရာနဲ့ နည်းနည်းပဲကပ်လို့။ သူတောင် တုန်ခါသွားတာ။ တော်သေးလို့ သူအထဲအရမ်းမဝင်လို့…

Read More

ယူကရိန်းသို့ ဒေါ်လာသန်း ၂၀၀ တန်ဖိုးလက်နက်တွေ ထပ်ပို့ဖို့ ပင်တဂွန်ကြေညာ

ဝါရှင်တန်၊ သြဂုတ်-၁၈-၂၀၂၃ အမြောက်ကျည်တွေ၊ နည်းဗျူဟာမြောက်စစ်သုံးယာဉ်ဆယ်ဂဏန်းနဲ့ မိုင်းရှင်းလင်းရေးကိရိယာတွေအပါအဝင် ယူကရိန်းအတွက် ဒေါ်လာသန်း ၂၀၀ တန် လက်နက်တွေ ထပ်မံပံ့ပိုးသွားမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ ယူကရိန်းတပ်တွေဟာ ပြင်းထန်တဲ့ ထိုးစစ်ဆင်ရင်း ရုရှားခံတပ်တွေကို ချေမှုန်းဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ အထက်ပါပင်တဂွန်ထံမှ ပံ့ပိုးမှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပံ့ပိုးမယ့်အကူအညီသစ်ကို အမေရိကန်စစ်ဘက်အရာရှိတွေက ဩဂုတ် ၁၄ ရက်၊ ညပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အကူအညီအသစ်တွေထဲမှာ ကိယက်ဗ်မြို့တော်သို့ Amer ကာကွယ်ရေးပစ္စည်းလုပ်ငန်းမှ ထုတ်လုပ်တဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ HIMARS ဒုံးကျည်စနစ်တွေ၊ ၁၂၀ မီလီမီတာ တင့်ကားသုံးလက်နက်တွေ၊ TOW ဒုံးကျည်တွေ၊ Javelin ဒုံးကျည်တွေနဲ့ လက်နက်ငယ်ကျည်ဆန် ၁၂ သန်းတို့ပါဝင်တဲ့အပြင် တခြားအရေးကြီးတဲ့ ခဲယမ်းမီးကျောက်တွေလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တချို့လက်နက်တွေရဲ့တန်ဖိုးကို ကျော်လွန်ဖော်ပြမိခဲ့တဲ့ အခုနှစ်အစောပိုင်းက ပင်တဂွန်ရဲ့စာရင်းအင်းအမှားကြောင့် ပြန်လည်ပြင်ဆင်ထားတဲ့…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ မောင်းသူမဲ့ကား (သို့မဟုတ်) အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ် မျိုးဆက်(VOM) သြဂုတ်-၁၈-၂၀၂၃ ကမ္ဘာပေါ်မှာ မော်တော်ကားတွေကို တီထွင်အသုံးပြုခဲ့နိုင်ခဲ့ခြင်းက လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝအတွက် အရေးပါတဲ့ စက်မှုတော်လှန်ရေး တရပ်ဖြစ်ခဲ့ပါတယ်။ လိုရာခရီးကို ရှေးယခင်ပို့ဆောင်ရေးစနစ်တွေ အသုံးပြုခြင်းထက် စက်မှုနည်းပညာသုံး မော်တော်ကားတွေ အသုံးပြုနိုင်မှုဟာ လက်ရှိအချိန်ထိ လွန်စွာအသုံးတည့်ခဲ့ ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။ အဲဒီလိုစက်မှုနည်ပညာ တိုးတက်ထွန်းကာလာမှုက အီလက်ထရွန်းနစ်၊ ကွန်ပြူတာနဲ့ ဉာဏ်ရည်တုလို နည်းပညာရဲ့ ပေါင်းစပ်မှုကြောင့် ၂၁ ရာစုခေတ်ဦးမှစပြီး အံ့ဖွယ်သူရဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ လူကိုယ်တိုင်မောင်းနှင်ဖို့ မလိုတော့တဲ့ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဟာ လူသားတွေရဲ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှုရှိယုံမျှမက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုအပြင် လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့ တာဆူနေပါတယ်။ ကင်မရာတွေ အာရုံခံကိရိယာ၊ တည်နေရာပြနဲ့ မောင်းနှင်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်တွေ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၈ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၈ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၇၇၀ ကျပ် ဝယ်ဈေး – ၃၇၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၄၀၆၀ ကျပ် ဝယ်ဈေး – ၃၉၄၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၆.၂၄ ကျပ် ဝယ်ဈေး – ၁၀၂.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၉၈ ကျပ် ဝယ်ဈေး – ၇၆၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၈ ကျပ် ဝယ်ဈေး –…

Read More

ကရိုင်းမီးယားနဲ့ ရုရှားဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

မော်စကို၊ သြဂုတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်နဲ့ဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက ဒုံးကျည်နှစ်စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောပါတယ်။ ယူကရိန်းဟာ ကာ့ချ်တံတားကို အက်စ်-၄၀၀ ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းကတော့ တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းကလည်း ယူကရိန်းဟာ ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ တံတားတွေကို တိုက်ခိုက်မှုနှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ကာ့ချ်တံတားကို ၂၀၁၈ ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားသိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသနဲ့ ရုရှားကို ကားလမ်း၊ ရထားလမ်း ဆက်သွယ်ပေးတဲ့ တံတားတစင်းဖြစ်ပြီး ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ထားတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းလည်းဖြစ်ပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံ မော်စကိုမြို့လယ်ရှိ အဆောက်အအုံတခုကို သြဂုတ် ၁၇ ရက်ကလည်း မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo: Reuters #voiceofmyanmar#VOM#Crimeabridge…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၈ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၈ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar#VOM#ယနေ့ရွှေဈေး #သြဂုတ်၁၈

Read More

မလေးရှားမှာ ကိုယ်ပိုင်လေယာဉ်တစင်း အဝေးပြေးလမ်းပေါ် ပျက်ကျမှု လူ (၁၀) ဦးသေဆုံး

ကွာလာလမ်ပူ၊ သြဂုတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစင်းပျက်ကျပြီး ကားတစီးနဲ့ မော်တော်ဆိုင်ကယ်တစီးတို့နဲ့ တိုက်မိပြီးနောက် လူ ၁၀ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမတော်တဆမှုကြောင့် လေယာဉ်ပေါ်မှာလိုက်ပါသွားသူရှစ်ဦးနဲ့ မြေပြင်ပေါ်က မော်တော်ဆိုင်ကယ်စီးနှင်းသူနှစ်ဦး သေဆုံးသွားပြီး လေယာဉ်ဟာ လန်ကာဝီအပန်းဖြေကျွန်းကနေ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် ဆီလန်ဂေါကို ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဘီးချ်-၃၉၀ အမျိုးအစား အဲဒီလေယာဉ်သည် သြဂုတ် ၁၇ ရက်က ပျက်ကျမှုမဖြစ်ပွားမီ လေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ လေယာဉ်ဟာ နေ့လယ် ၂ နာရီ ၄၇ မိနစ်မှာ ဆူဘန်းလေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ ပထမဆုံးအကြိမ် ထိတွေ့ဆက်သွယ်ခဲ့ပြီး ၂ နာရီ ၄၈ မိနစ်မှာ လေဆိပ်ဆင်းသက်ဖို့ လမ်းရှင်းပေးပြီးနောက် ၂ နာရီ ၅၁ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲက သေဆုံးသူတဉ်ီးဟာ နိုင်ငံရေးသမားတဦးဖြစ်ပြီး…

Read More

This Day in History(August-18.2023)

This Day in History(August-18.2023) Voice of Myanmar ၁၉၂၀ ခုနှစ် သြဂုတ် ၁၈ ရက်တွင် အတည်ပြုခဲ့သော အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ကြိမ်မြောက် ပြင်ဆင်ချက်အရ တင်နက်ဆီပြည်နယ်သည် အမျိုးသမီးများ မဲပေးခွင့်ရှိသည့် ၃၆ ခုမြောက် အမေရိကန်ပြည်နယ် ဖြစ်လာခဲ့သည်။ #voiceofmyanmar#VOM #ThisDayInHistory #august182023

Read More

ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်က မြန်မာပိုင် ဘဏ်ငွေစာရင်းအကောင့်နှစ်ခုကို ပိတ်ပစ်

ဩဂုတ် ၁၇ – ၂၀၂၃ GG (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီ Sonali ဘဏ်က မြန်မာအစိုးရပိုင်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB နှစ်ခုရဲ့ ငွေစာရင်းတွေကို ပိတ်ပစ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ အခုလို ဘဏ်ငွေစာရင်းအကောင့်အပိတ်ခံရတာနဲ့ပတ်သက်ပြီး လက်ရှိအထိတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသေးကြောင်း၊ အခုပိတ်လိုက်တဲ့ ဘဏ်၂ခုနဲ့လည်း ကုန်သွယ်မှုလုပ်တာမရှိဘူးလို့ ကုန်သယ်တွေဆီက သိရပါတယ်။ ” ကျနော်တို့လည်းသတင်းကြားကြားချင်း ဆိုနာလီဘဏ်ဘက်ကို ဆက်သွယ်ကြည့်တော့ ဒေါ်လာလဲပေးမယ်ပြောတယ်၊ဆိုတော့ကုန်သွယ်မှုက လုပ်လို့ရတယ်ပေါ့။ဘယ်လိုပုံစံ ဘယ်လိုလမ်းကြောင်းနဲ့လုပ်ပေးမယ်ဆိုတာတော့မသိရသေးဘူး။အခုက သိရသလောက်ကတော့ MFTB နဲ့ MICB ဘဏ် နှစ်ခုရဲ့ ငွေစာရင်းအကောင့်ကိုပဲပိတ်လိုက်တာပေါ့။ MEC ဘဏ်မပါသေးဘူးဆိုတော့ ကုန်သွယ်မှုက လုပ်လို့ရသေးတာပေါ့။ရပ်တဲ့အခြေအနေမျိုးမဖြစ်နိုင်သေးဘူး” လို့ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်ရေးလုပ်နေတဲ့ မြန်မာကုန်သည်တစ်ဦးကပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်ရေးလုပ်တဲ့အခါ ငွေကြေးကို မြန်မာကော်ပိုရေးရှင်းဘဏ်…

Read More

တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်စမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးပြော

ဆိုးလ်၊ သြဂုတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ယခုသီတင်းပတ်မှာကျင်းပမယ့် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်ဖို့ ပြင်ဆင်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအမျိုးသာထောက်လှမ်းရေးဌာနဟာ ဒီနေ့ပြုလုပ်တဲ့ လွှတ်တော်ကော်မတီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်ကို တင်ပြခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ မနက်ဖြန်မှာပြုလုပ်မယ့် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ သို့မဟုတ် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်ခြင်းအပါအဝင် ရန်စသည့်စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ စက်တင်ဘာ ၉ ရက်မှာကျရောက်မယ့် နိုင်ငံထူထောင်ခြင်း ၇၅ နှစ်မြောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုကို သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာအစောပိုင်းမှာ လွှတ်တင်နိုင်ကြောင်း ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီဂြိုဟ်တုလွှတ်တင်မှုကို မေလမှာပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ…

Read More
VOM News

FREE
VIEW