မလေးရှားမှာ ကိုယ်ပိုင်လေယာဉ်တစင်း အဝေးပြေးလမ်းပေါ် ပျက်ကျမှု လူ (၁၀) ဦးသေဆုံး

ကွာလာလမ်ပူ၊ သြဂုတ်-၁၈-၂၀၂၃
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစင်းပျက်ကျပြီး ကားတစီးနဲ့ မော်တော်ဆိုင်ကယ်တစီးတို့နဲ့ တိုက်မိပြီးနောက် လူ ၁၀ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမတော်တဆမှုကြောင့် လေယာဉ်ပေါ်မှာလိုက်ပါသွားသူရှစ်ဦးနဲ့ မြေပြင်ပေါ်က မော်တော်ဆိုင်ကယ်စီးနှင်းသူနှစ်ဦး သေဆုံးသွားပြီး လေယာဉ်ဟာ လန်ကာဝီအပန်းဖြေကျွန်းကနေ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် ဆီလန်ဂေါကို ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဘီးချ်-၃၉၀ အမျိုးအစား အဲဒီလေယာဉ်သည် သြဂုတ် ၁၇ ရက်က ပျက်ကျမှုမဖြစ်ပွားမီ လေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ဟာ နေ့လယ် ၂ နာရီ ၄၇ မိနစ်မှာ ဆူဘန်းလေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ ပထမဆုံးအကြိမ် ထိတွေ့ဆက်သွယ်ခဲ့ပြီး ၂ နာရီ ၄၈ မိနစ်မှာ လေဆိပ်ဆင်းသက်ဖို့ လမ်းရှင်းပေးပြီးနောက် ၂ နာရီ ၅၁ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲက သေဆုံးသူတဉ်ီးဟာ နိုင်ငံရေးသမားတဦးဖြစ်ပြီး လက်ရှိမှာာတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံးစမ်းစစ်ဆေးနေပြီး လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို ရှာဖွေနေကြပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #Privatejetcrashes #Malaysiahighway #killed10

Related posts

Leave a Comment

VOM News

FREE
VIEW