ကရိုင်းမီးယားနဲ့ ရုရှားဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

မော်စကို၊ သြဂုတ်-၁၈-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်နဲ့ဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက ဒုံးကျည်နှစ်စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောပါတယ်။

ယူကရိန်းဟာ ကာ့ချ်တံတားကို အက်စ်-၄၀၀ ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းကတော့ တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းကလည်း ယူကရိန်းဟာ ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ တံတားတွေကို တိုက်ခိုက်မှုနှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

ကာ့ချ်တံတားကို ၂၀၁၈ ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားသိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသနဲ့ ရုရှားကို ကားလမ်း၊ ရထားလမ်း ဆက်သွယ်ပေးတဲ့ တံတားတစင်းဖြစ်ပြီး ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ထားတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းလည်းဖြစ်ပါတယ်။

ယူကရိန်းဟာ ရုရှားနိုင်ငံ မော်စကိုမြို့လယ်ရှိ အဆောက်အအုံတခုကို သြဂုတ် ၁၇ ရက်ကလည်း မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo: Reuters
#voiceofmyanmar#VOM#Crimeabridge #targetedbymissiles

Related posts

Leave a Comment

VOM News

FREE
VIEW