ဩဂုတ် ၂၀ – ၂၀၂၃
GG(VOM)
ပြည်တွင်းမှာ မတ်ပဲ ၊ပဲစဥ်းငုံနီ ၊ ပဲတီစိမ်း ၊ဆန် ၊ဆီ ၊ စပါး ၊ကြက်သွန်နီ စျေးကွက်က ဩဂုတ်လထဲမှာ ဆက်တိုက်ဆိုသလို စျေးနူန်းမြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေဆီကသိရပါတယ်။
နိုင်ငံခြားငွေစျေးမတည်ငြိမ်တာ ၊ စျေးကွက်ကို ပဲအဝင်နည်းတာ ၊ပဲအသစ်တွေ မပေါ်သေးတာ၊ပြည်ပဝယ်လိုအားရှိနေတာတွေကြောင့် စျေးတန်းက အတက်ဘက်ကိုသာ သွားနေတယ်လို့သိရပါတယ်။
‘မတ်ပဲ ၊ပဲစဥ်းငုံနီ ၊ ပဲတီစိမ်း’
လက်ရှိ ရန်ကုန်စျေးကွက်မှာ ဩဂုတ်လ ၁၉ ရက်နေ့စျေးက မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၄၉၇၀၀၀ ပြန်ဖြစ်လာပြီးမန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၅၀၀၀ ထိမြင့်တက်လာတာဖြစ်ပါတယ်။
နယ်တွေမှာတော့ ပွဲရုံတွေနဲ့ ကုန်စည်ဒိုင်တွေက မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၉၅၀၀ ကနေ ၈၀၀၀၀ ကျပ်အထိ စျေးပေးပြီးဝယ်ယူမှုရှိတယ်လို့သိရပါတယ်။မတ်ပဲကို ပြည်ပ တင်ပို့မှုအနေနဲ့က အိန္ဒိယနိုင်ငံကိုသာ တင်ပို့ရတာဖြစ်ပါတယ်။
” မတ်ပဲက အသစ်မဝင်ဘူးလေ၊အဟောင်းကိုပဲ ထုတ်ရောင်းသူကရောင်းတယ်၊ မရောင်းသေးဘဲလှောင်ထားသူကလှောင်တယ်။ အခုစျေးကမြောက်လာတော့ ရောင်းကြတယ်၊စျေးကတော့ ဆ
အလားတူပဲစဥ်းငုံနီကလည်း ပြည်ပဝယ်လိုအားရှိနေတာကြောင့် အမြင့်စျေးတန်းမှာပဲရှိနေတဲ့အပြင် စျေးကလည်း ထပ်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၆၇၅၀၀၀ ကျပ်အထိ စျေးခုန်တက်လာသလို မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် အထိ မြင့်တက်လာပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာလည်း ပဲစဥ်းငုံနီ စျေးက ပိဿာ ၂၀ တစ်တင်းကို ၁၁၄၈၀၀ ကျပ်အထိတက်လာပါတယ်။
‘ဆန်၊စပါး’
ဆန်စပါးစိုက်ပျိုးတဲ့ မြန်မာနိုင်ငံမှာပြည်တွင်းဆန်စျေးကလည်း ဆက်တိုက်မြင့်တက်လာပြီး အခုဆိုရင် အမြင့်ဆုံး စံချိန်တင်နူန်းအဖြစ်ရောက်ရှိလာတယ်လို့သိရပါတယ်။
ပြည်တွင်းဆန်စျေးက ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကို အနိမ့်ဆုံး ၆၅၀၀၀ ကနေစရှိပြီး ၇၀၀၀၀ ကျော် ၊ ၈၀၀၀၀ ကျော် ၊ ၉၀၀၀၀ ကျော် ၊ ၁၀၀၀၀၀ ကျပ် နဲ့ ရွှေဘိုပေါ်ဆန်းမွှေးကတော့ အမြင့်ဆုံး ၁၇၀၀၀၀ ဝန်းကျင် အထိ စျေးတန်းရောက်ရှိလာတယ်လို့သိရပါတယ်။
” ဆန်စျေးက တစ်ရက်ပြီးတစ်ရက်ကို တက်နေတာ၊ အခုဖြစ်နေတဲ့စျေးတွေက ကြားကိုမကြားဖူးဘူး၊အရံဆန်တွေထုတ်ရောင်းမှ ပိုတက်နေတယ်။အတတ်နိုင်ဆုံး ထိန်းပြီးရောင်းနေပါတယ်။စာသုံးသူတွေကိုလည်း ပြောချင်ပါတယ်၊အများကြီးမဝယ်ပါနဲ့၊လုံလောက်ရုံဝယ်ပါ၊စုထားမယ်ဆိုပြီး မဝယ်ကြပါနဲ့ ၊ဆန်စျေးက မမှန်းရဲသလောက်ဖြစ်နေတယ် “လို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ် ။
ရွှေဘိုပေါ်ဆန်းမွှေးကတော့ စျေးအမြင့်ဆုံးဖြစ်နေလို့ စားသုံးသူ နည်းပြီး စျေးနည်းတဲ့ ဆန်ကြမ်းနဲ့ ပေါ်ဆန်း ဆန်ကွဲ၊ ဆန်အဝါကို စားသုံးတာများလာတယ်လို့ သိရပါတယ်။
စပါးစျေးကလည်း နွေစပါးအသစ်စျေးက စပါး တင်း ၁၀၀ ကို ၁၆၇၀၀၀၀ ကနေစရှိပြီး မိုးစပါးအဟောင်းတွေကတော့ ၁၉၅၀၀၀၀ ကနေ စပါးအမျိုးအစားအပေါ်လိုက်ပြီး စျေးနူန်းက သိန်း ၂၀ ကျော် ၊သိန်း ၃၀ ကျော် ၊သိန်း ၄၀ ဝန်းကျင်အထိ စျေးနူန်းရှိတယ်လို့သိရပါတယ်။
‘စားသုံးဆီ’
အလားတူ စားသုံးဆီစျေးကလည်း ထပ်မံမြင့်တက်လာပြီး စံချိန်တင်နူန်းအဖြစ်ရောက်ရှိလာတဲ့အပြင် ဝယ်ယူရခက်တဲ့အခြေအနေအထိပါ ကြုံနေရတယ်လို့ ဆီရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။
ရန်ကုန်စျေးကွက် ၊ တောင်ကြီး၊ မြဝတီ၊ မန္တလေး ၊ မကွေး၊ ပြည် ၊ တောင်ငူ၊လားရှိုး ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့မြို့အများစုမှာ စားအုန်းဆီစျေးက တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့သိရပါတယ်။
စားအုန်းဆီ စျေးနဲ့အတူ မြေပဲဆီ ၊နှမ်းဆီ၊ နေကြာဆီ၊ပဲပိစပ်ဆီ၊ဟင်းသီးဟင်းရွက်ဆီတွေလည်း စျေးတက်လာတယ်လို့သိရပါတယ်။
‘ကြက်သွန်နီ’
နောက်ပြီး မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ကြက်သွန်နီကလည်း စျေးတန်း ငြိမ်နေရာကနေ တရုတ်ဘက်က အဝယ်လိုက်လာတဲ့အတွက် စျေးနူန်းပြန်လည်မြင့်တက်လာပါတယ်။
ရန်ကုန်စျေးကွက်၊ပခုက္ကူစျေးကွက်မှာ ကြက်သွန်နီစျေးက လက်ကား ၂၈၀၀ အထိဖြစ်လာပြီး လက်လီစျေးကွက်မှာ တစ်ပိဿာကို ၃၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ကြက်သွန်နီ အဝင်နည်းပြီး အရောင်းသွက်နေတယ်လို့သိရပါတယ်။
နှမ်းကလည်း ဆက်တိုက်မြင့်တက်လာပြီး ဩဂုတ်လ ၁၉ ရက်နေ့ မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို အနိမ့်ဆုံး ၃၉၀၀၀၀ ကျပ်ကနေ ၄၂၅၀၀၀ ကျပ်၊ နှမ်းညိုက ၃၁၅၀၀၀ ကျပ်၊ နှမ်းနက် စမုံကတော့ ၃၀၀၀၀၀ ကနေ ၃၉၅၀၀၀ ကျပ်၊ နှမ်းဖြူ ဂျပန်က ၄၂၀၀၀၀ ကနေ ၄၃၀၀၀၀ ကျပ် စျေးရှိတယ်လို့ သိရပါတယ် ။
နှမ်းဖြူဂျပန်ကို တရုတ်နဲ့ဂျပန်ကအဝယ်လိုက်နေတာကြောင့် စျေးကမြင့်တက်လာတာဖြစ်တယ်လို့ မန္တလေးစျေးကွက်ကသိရပါတယ်။
‘ပြောင်း’
ပြည်တွင်းအစေ့ထုတ်ပြောင်းကလည်း ထိုင်းဘတ်စျေးမြင့်တက်မှုနဲ့အတူ ထိုင်းဘက်မှာစျေးမြင့်လာသလို ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးတက်လာတယ်လို့ ပြောင်းလုပ်ငန်းရှင် တွေဆီကသိရပါတယ်။
ပြောင်းတစ်ကီလိုကို ထိုင်း စက်ရုံချစျေး ၁၁.၇၅ ဘတ်အထိပြန်တက်လာပြီး မြဝတီ စာရွက်အပါစျေး ၁၀.၉၅ ကျပ်၊ ပြည်တွင်းအစာစပ်ရုံတွေဖြစ်တဲ့ ရန်ကုန်အစာစပ်စက်ရုံက ၇၄၅ ကျပ်၊ အေးသာယာနဲ့ မန္တလေးအစာစပ်စက်ရုံက ၇၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။
ထိုင်းဘတ် စျေးတက်လာတဲ့အတွက် စျေးမြောက်လာပေမယ့် လက်ရှိမှာ မြဝတီအာရှလမ်းက ဖြတ်သန်းသွာလာခွင့်မရသေးတာကြောင့် ထိုင်းနိုင်ငံကို ပြောင်း တင်ပို့နိုင်ခြင်းမရှိဘူးလို့ ကုန်သည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့ကြောင့် ပြောင်းကို ပြည်တွင်းမှာပဲ အစာစပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေကိုသာ အဓိကရောင်းချနေရကြောင်း ၊အစာစပ်စက်ရုံတွေကလည်း စျေးတန်းကို ထိန်းပြီးဝယ်ယူနေကြတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #တပတ်တာကုန်စျေးနူန်း