တပတ်အတွင်း ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်မှ ပို့ကုန်၊ သွင်းကုန် ကား အဝင်အထွက် အခြေအနေ

ဩဂုတ် ၂၂၊ ၂၀၂၃

Shy V(VOM)

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်ကနေ ဩဂုတ်လ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ တပတ် အတွင်း ပို့ကုန်၊ သွင်းကုန် ကား အဝင်အထွက် ၁၅၀၀ ကျော် ရှိကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

၇ရက်အတွင်း ပို့ကုန်ကား စုစုပေါင်း အစီးရေ ၆၄၀ ကျော် ရှိခဲ့ပြီး ခါလီကား အပါအဝင်ပျမ်းမျှ တစ်ရက်ကို ၈၁ စီး တရုတ်ဘက် ဝင်ရောက်၊ တင်ပို့တာတွေ့ရပါတယ်။

တင်ပို့ကုန်ထဲမှာ ငါးရှဉ့်နဲ့ ဂဏန်း အများဆုံးတွေ့ရပြီး ပုစွန်၊ ရေခဲငါး၊ သကာရည်၊ ကြက်သွန်နီ၊ မင်းဂွတ်သီး တို့ ဖြစ်ပါတယ်။

သွင်းကုန်ကား ‌ကတော့ ၈ ရက်အတွင်း ခါလီနဲ့ ကားအသစ် အပါအဝင် စုစုပေါင်း အစီး ၈၉၀ ဝန်းကျင် ရှိပြီး ပျမ်းမျှ ၁ ရက်ကို ၁၁၁ စီး ဝင်ရောက်တာကို တွေ့ရပါတယ်။

တင်သွင်းကားတွေထဲမှာ ၁၂ ဘီး တွေလည်း အနည်းငယ်ပါဝင်ပြီး တွဲကား အများဆုံးဖြစ်ကာ ကုန်မျိုးစုံ၊ စက်သုံးဆီဘောက်ဆာ၊ ခါလီ၊ ကားအသစ်‌တွေထဲမှာ တွဲခေါင်း၊ နောက်တွဲ၊ ဘောက်ဆာ၊ တွဲ Box, ၆ ဘီး Box, FAW ကားနဲ့ Truck တွေပါဝင်တာ တွေ့ရပါတယ်။

‌‌တရုတ် – မြန်မာ မူဆယ် နယ်စပ်မှာငွေလဲလှယ်နှုန်းကတော့ တပတ်အတွင်း အမြင့်ဆုံး ယွမ်ပေး ကျပ်ယူ ၁ ယွမ်ကို ၅၂၀ ကျပ်၊ ကျပ်ပေးယွမ်ယူ ၅၈၀ အထိ ရောက်ပြီး ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ၁၁ နာရီ ဝန်းကျင်မှာတော့ ယွမ်ပေး ကျပ်ယူ ၁ ယွမ်ကို ၄၇၀ ကနေ ၄၈၃ ကျပ် ကြား ရှိပြီး ယွမ်ပေးကျပ်ယူက ၁ ယွမ်ကို ၄၉၀ ကျပ် ဝန်းကျင်ရှိပြီး တချို့နေရာတော့ ယွမ် အရောင်း ပိတ်ထားပါတယ်။

Photo:Shy V
#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW