ရုရှားကို ပုန်ကန်မှုပြုခဲ့တဲ့ ဝဂ္ဂနာကြေးစားအဖွဲ့အကြီးအကဲ ရုရှားမှာ လေယာဥ်ပျက်ကျ သေဆုံး

မော်စကို၊ သြဂုတ် ၂၄
မျိုးဆက်(VOM)

ရုရှားကြေးစား ဝဂ္ဝနာအဖွဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ရုရှားနိုင်ငံအနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လေယါဥ်ပျက်ကျမှာ သေဆုံးသွားဖွယ်ရှိပြီး လိုက်ပါသူစာရင်းထဲမှာ သူပါဝင်ကြောင်း ရုရှား လေကြောင်းအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။

သူ့အမည်ဟာ လေယာဉ်ပေါ်ပါ ခရီးသည်စာရင်းမှာ ဝဂ္ဂနာအဖွဲ့ အဓိကတပ်မှုး Dmitry Utkin နဲ့အတူပါဝင်နေတာဖြစ်ပါတယ်။

Kuzhenkino ရွာအနီးမှာ ကိုယ်ပိုင်လေယာဉ် ပျက်ကျခဲ့တယ်လို့ ရုရှား အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဂျက်လေယာဉ်ဟာ မော်စကိုမြို့ကနေ စိန့်ပီတာစဘတ်သို့ ပျံသန်းနေပြီး လေယာဉ်ပေါ်မှာ လူ ၁၀ ဦးပါရှိကြောင်း အာဏာပိုင်တွေကပြောပါတယ်။

လေယာဉ်ပျက်ကျရာနေရာကနေ ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။

ပရီဂိုဇင်ဟာ ယူကရိန်စစ်ပွဲမှာ ရုရှားဘက်ကတိုက်ခိုက်ပေးခဲ့သူဖြစ်ပြီး ဇွန်လအတွင်းက ရုရှားတပ်တွေကို ပုန်ကန်မှုပြုခဲ့သူဖြစ်ပါတယ်။
ကနဦးသတင်းတွေအရ အဲဒီလေယာဥ်ဟာ ပစ်ချခံခဲ့ရကြောင်း သိရပါတယ်။

Ref: BBC
.#voiceofmyanmar #vom # #ရုရှား #ပရီဂိုဇင် #​​ေယာဥ်ပျက်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW