ဂျိုဟန်နက်စဘတ် ၊ သြဂုတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့လယ်ရှိ တိုက်ခန်းတွဲအဆောက်အအုံတခုမီးလောင်မှုကြောင့် လူ ၇၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေကပြောာပါတယ်။
ငါးထပ်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့မီလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ လက်ရှိမှာတော့ အဆောက်အအုံအတွင်းနေထိုင်သူတွေကို ကယ်ထုတ်ခဲ့ပြီး ရုပ်အလောင်းတွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။
အဲဒီတိုက်ခန်းတွဲမှာနေထိုင်သူ အများစုဟာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ကြတယ်လို့ ကနဦးသတင်းတွေက ဖော်ပြထားပါတယ်။ မီးလောင်မှုဖြစ်ပွာခဲ့တဲ့ ဂျိုဟန်နက်စဘတ်အလယ်ပိုင်းဟာ အာဖရိကရွှေ့ပြောင်းနေထိုင်သူအများစု နေထိုင်ရာနေရာဖြစ်ပါတယ်။
မီးလောင်ခဲ့တဲ့ တိုက်ခန်းတွဲဟာ ပြန်ပေးဆွဲခံထားရအဆောက်အအုံတွေလို့ သတ်မှတ်ထံထားရတဲ့အရပ်မှာရှိပြီး အများစုကို ပြည်ပကလာရောက်သူတွေက ကျူးကျော်သိမ်းပိုက်ထားကြတာဖြစ်ပါတယ်။
အာဖရိကဒေသမှာ စီးပွားရေးအင်အားကြီးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဖရိကရှိအခြားနိုင်ငံတွေကလူတွေအတွက် အဓိကအားထားရာနိုင်ငံဖြစ်ပြီး အထူးသဖြင့် သတ္တုတွင်းကဏ္ဍအလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြသူအများစုဖြစ်ပါတယ်။
Ref:BBC
Photo: Reuters
#voiceofmyanamr #VOM #တောင်အာဖရိက #ဂျိုဟန်နက်စဘတ် #တိုက်ခန်းတွဲမီးလောင်မှု #လူ(၇၀)ကျော်သေဆုံး