ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၄ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၇၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၁၀ ကျပ် ဝယ်ဈေး – ၂၄၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၇၀ ကျပ် ဝယ်ဈေး – ၃၆၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၄ ကျပ် ဝယ်ဈေး – ၉၅.၂၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၄ ကျပ် ဝယ်ဈေး – ၇၅၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၇ ကျပ် ဝယ်ဈေး –…
Read MoreMonth: August 2023
ငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ
သြဂုတ်-၄-၂၀၂၃ MaungMaung(VOM) လက်ရှိ ၂၀၂၃ ခုနှစ် မကုန်ခင်မှာငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာနိုင်ဖွယ်ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို လုပ်ဆောင်နေကြသူတွေက VOM ကို တညီတညွတ်တည်း ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နစက ရဲ့ ဝန်ကြီးများ အပြောင်းအလဲမှာ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ပေးလိုက်တဲ့အတွက်ကြောင့် သူ့နေရာမှာ ရောက်လာမယ့် ပုဂ္ဂိုလ်ဟာ ဘယ်သူ ဘယ်ဝါဖြစ်မယ်ဆိုတာကို တိတိကျကျ မသိနိုင်သေးပေမဲ့ အဲဒီနေရာကို ရောက်လာမယ့်သူ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ “အခုဟာကPPST တို့အထဲမှာအဖွဲ့(၅)ဖွဲ့ပါတယ်။အဲဒါကALP,DKBA,KNU, KNLA(PC),LDU,PLNOတို့ဖြစ် တယ်။ အဲဒါပြီးတော့PPST ထဲမှာမပါတဲ့ NMSPလို့ခေါ်တဲ့မွန်ပြည်သစ်ပါတီ နဲ့ RCSS ပေါ့။အခု(၂)ဖွဲ့ကNCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တယ်။ သို့သော် PPST ထဲမှာ မပါဘူး။သူတို့ကတစ်ယောက်နဲ့တစ်ယောက် သုံးနှုန်းတဲ့အခါမှာ…
Read Moreမက္ကဆီကိုမှာ ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲတိမ်းမှောက်မှု (၁၅) ယောက်သေဆုံး၊ (၂၀) ကျော်ဒဏ်ရာရ
မက္ကဆီကိုစီးတီး၊ သြဂုတ်-၄-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသတွေကပြောပါတယ်။ အဲဒီမတော်တဆမှုသည် သြဂုတ် ၃ ရက်နံနက်ပိုင်းက ် အနောက်ပိုင်းကမ်းရိုးတန်းပြည်နယ် နာယာရစ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားဟာ ချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တင်ဘတ်စ်ကားဟာ ပြည်နယ်မြို့တော် တီပစ်မြို့ပြင် ဘာရန်ကာဘလန်ကာအနီး အဝေးပြေးလမ်းပေါ်မှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး မတေ်ာတဆမှုဖြစ်ပွားချိန်မှာ တီဟူနာသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ အလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦးကို အရေးပေါ်ဌာနက ဆေးရုံ ပို့ဆောင်ပေးထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရီးသည်တင်ဘတ်စ်ကား ကုမ္ပဏီက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ဘတ်စ်ကားကို ယာဉ်မောင်းကထိန်းချုပ်မှုလွတ်ကင်းသွားပြီးနောက် ချောက်ထဲသို့တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဖြစ်စဉ်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။…
Read Moreတရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် လုပ်ရခက်သလို အလိမ်ခံရသူများလာ
ဩဂုတ် ၄၊ ၂၀၂၃ Shy V(VOM) မူဆယ်မှာ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်လုပ်ရခက်လာသလို အလိမ်ခံရသူများလာတယ်လို့ မူဆယ်ခရိုင် ပြန်/ဆက်နဲ့ လိမ်လည်ခံရသူတွေဆီက သိရပါတယ်။ “လိမ်တာက ညီမတို့ ၁ ယောက်ဆီက လိမ်တာ မဟုတ်ဘူး၊ ရခိုင်ပြည်က ၆ ဦးနဲ့ အောက် ဗမာပြည်ဘက်က ၃ ဦးဖြစ်ပြီး သူတို့ အုပ်စုတွေက ပွဲစားငှားပေးတဲ့ တိုက်ခန်းမှာ နေထိုင်ပြီး ကိုယ့်စရိတ်နဲ့ စားသောက် လချီစောင့်ပြီး စရိတ်ပြတ်မှ ပြန်သွားကြရတယ်၊ တချို့တွေက ၁ ဦးကို သိန်း ၂၀ ကျော် နဲ့ အပြတ်ပေးထားရပြီး တချို့က တရက် ကို နှစ်သိန်း၊ သုံးသိန်း ထုတ်ပေးရတာ”လို့ ရခိုင်ပြည်နယ်က လိမ်လည်ခံရတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက…
Read Moreစစ်ရေးအချက်အလက်တွေ တရုတ်ကိုလွှဲပြောင်းမှု အမေရိကန်ရေတပ် သင်္ဘောသားနှစ်ဦး ဖမ်းဆီးခံရ
ဝါရှင်တန်၊ သြဂုတ်-၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ကယ်လီဖိုးနီးယားရှိ အမေရိကန်ရေတပ်မှ သင်္ဘောသားနှစ်ဦးဟာ အရေးပါတဲ့ စစ်ရေးသတင်းတွေကို တရုတ်နိုင်ငံကိုပေးအပ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂျင်ချာအိုဝေဆိုသူဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်အေးဂျင့်တဦးကို နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဝမ်ဟမ်ကျောင်ဆိုသူ သင်္ဘောအမှုထမ်းကတော့ အရေးကြီးတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို လွှဲပြောင်းပေးမှုအတွက် ငွေလက်ခံမှုစွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။ သူတို့တို့နှစ်ဦးစလုံးကို တရုတ်အေးဂျင့်တဦးထဲကသာ ဆက်သွယ်ခဲ့ခြင်းဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။ မစ္စတာဝေဟာ အမေရိကန်ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘော ယူအက်စ်အက်စ်အက်ဆက်စ်နဲ့ပတ်သက်တဲ့ အရေးကြီး အချက်အလက်တွေကို ရယူခဲ့ကြောင်း တာဝန်ရှိသူများတွေကပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံသားဖြစ်ဖို့ လုပ်ငန်းစဉ်ကိုဖြတ်သန်းနေစဉ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလှာ တရုတ်အေးဂျင့်တဦးက ချဉ်းကပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar#VOM#အေမရိကန္#စစ်ရေးအချက်အလက်#လွှဲပြောင်းမှု
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၄ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၄ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် #voiceofmyanmar#ယနေ့ရွှေဈေး#dailygoldprice
Read MoreThis Day in History: August-4
This Day in History: August-4 Voice of Myanmar ၁၇၀၁-၁၇၁၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း စပိန်လက်နက်ချပြီးနောက် ဗြိတိန်သည် ဂျီဘရော်တာရေလက်ကြားကို ၁၇၀၄ ခုနှစ် သြဂုတ် ၄ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိန်ရေတပ်အင်အားတောင့်တင်းမှု၏ ပြယုဒ်ဖြစ်ခဲ့သည်။ #Voiceofmyanmar#VOM#Thisdayinhistory#သမိုင်းထဲကဒီနေ့
Read Moreစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အခုနှစ် ဝါဆိုသံဃာအရေအတွက် လျော့နည်းသွား
သြဂုတ် ၊ ၄ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဝါဆိုသီတင်းသုံးကြတဲ့ သံဃာအရေးအတွက် ဒီနှစ်မှာ သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့ မြို့နယ်သံဃနာယက ဦးဆောင်ဆရာတော်တွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း သံဃာဝန်ဆောင် ဆရာတော် တစ်ပါးက ” ရေဦး ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ တန့်ဆည် ၊ ကနီ ၊ ပုလဲ ၊ ဆားလင်းကြီး ၊ ကလေး ၊ ထီးချိုင့် ၊ အရာတော် စတဲ့မြို့နယ်တွေဘက်က ကျေးရွာတွေမှာ ဝါဆိုသံဃာ မရှိသလောက်နည်းတယ် ၊ ဘုန်းကြီးကျောင်းတွေကို သော့ခတ်ပြီး ရှောင်တိမ်းနေရတယ်၊ အဲ့ဒီလို ဘုန်းကြီးကျောင်းက သံဃာတော်တွေဟာ ၊ ရွာကကျောင်းမှာ ဝါမဆိုနိုင်ပေမယ့် ရန်ကုန် ၊ ပဲခူး ၊…
Read Moreမော်လမြိုင်က နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ စာသင်ကျောင်းကြီး မီးလောင်မှုဖြစ်ပွားခဲ့
ဩဂုတ် ၄ – ၂၀၂၃ SN (VOM) မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်မှ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ အမှတ် ၉ အထက်တန်းကျောင်း မီးလောင်မှု မနေ့ ဩဂုတ် ၃ ရက်၊ ည ၁၁ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး Level 4 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ အဲ့ဒီ့ ကျောင်းမီးလောင်မှုကြီးကို မီးသတ်ယာဉ် (၄) စီး၊ မီးသတ်ရေသယ်ယာဉ် (၁၀) စီး၊ လူမူကယ်ဆယ်ရေး ရေသယ်ယာဉ် (၆) စီး၊ စည်ပင်ရေသယ်ယာဉ် (၄) စီး၊ အပြင်ရေသယ်ယာဉ် (၆) စီး၊ စုစုပေါင်း ယာဥ်အစီး (၃၀)၊ ရေဂါလံ (၆၀၀၀၀)ကျော်နဲ့ အချိန်(၁)နာရီဝန်းကျင်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ “နှစ်ပေါင်း (၁၀၀)ကျော်…
Read Moreပြည်ပရောက် မြန်မာလုပ်သားတွေရဲ့အခြေခံလစာ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲစေဖို့ စီစဉ်နေ
ဩဂုတ် ၄ – ၂၀၂၃ SN (VOM) ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ ငွေလွှဲရာမှာ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်လမ်းကြောင်းကနေ လွှဲစေဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ကြပ်မတ်ဖို့ အေဂျင်စီတွေကို ခေါ်ယူပြီး ဖိအားပေးမှုတွေ ပြုလုပ်ထားသလို မဖြစ်မနေလွှဲပို့ခိုင်းမယ့် နှုန်းထားကိုလည်း ထုတ်ဖော် အသိပေးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ “တရားဝင်စာတော့ မထွက်သေးဘူး။ ဒီရက်ပိုင်းစာထွက်လိမ့်မယ်ထင်တယ်။ အေဂျင်စီတွေကို ကိုယ်လွှတ်လိုက်တဲ့ အလုပ်သမားရဲ့ငွေလွှဲပို့မူကို တာဝန်ယူခိုင်းမယ်ပြောတယ်။ လက်ရှိမှာလည်း ကိုယ်တာဝန်ယူထားတဲ့ အလုပ်သမားတွေကို ပြည်ပမထွက်ခင် ဘဏ်အကောင့်ဖွင့်ဖို့ မဖြစ်မနေပြောရမယ်လို့ ဖိအားပေး ပြောဆိုတာတွေရှိတယ်။ ဒါပေမယ့်ဒါကို အရင်ကတည်းက လုပ်နေတာပါ။ တကယ့်တကယ်တမ်းကျတော့ အလုပ်သမားတွေဘက်က လိုက်နာနိုင်မှု အခြေအနေက အလွန်အားနည်းတယ်။ ဘဏ်ကနေ လွှဲဖို့ဆိုတာကလည်း တချို့ဒေသတွေမှာ…
Read More