MM(VOM) သြဂုတ်၊ ၃-၂၀၂၃ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြ-ငပုတောလမ်းနဲ့ မြောင်းမြ-လပွတ္တာလမ်းပေါ်က နေအိမ်တွေနဲ့ အဆောက်အဦတွေကို လမ်းနယ်နိမိတ်နဲ့ မလွတ်တာကြောင့်လို့ဆိုပြီး ရုတ်တရက်ရွှေ့ပြောင်းခိုင်းနေလို့ အခက်အခဲဖြစ်နေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ လမ်းပေါ်မှာ နေအိမ် ၊ ဈေးဆိုင် ၊ အခြားတဲတွေ အပါအဝင် အဆောက်အဦ ၁၀၀၀ နီးပါးလောက်ကို အခု သြဂုတ်လ ပထမအပတ်အတွင်း အပြီးဖျက်သိမ်းရွှေ့ပြောင်းဖို့ သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့အတိုင်း မလိုက်နာရင် ဘူဒိုဇာ အသုံးပြုဖယ်ရှားသွားမယ်လို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”နေလာတာ အနှစ် ၃၀ ကျော်ပြီ အခုရုတ်တရက်ကြီး လာရွှေ့ခိုင်းနေတယ်၊ ရွှေ့ပေးရလည်းအချိန်ကောင်း အခါကောင်းဆို တော်သေးတယ်၊ အခုက မိုးတွငကြီးလေ ၊ မရွှေ့ပေးရင် အင်အားသုံးရွှေ့မယ်တဲ့၊ ဘယ်လိုအခြေအနေဖြစ်ဖြစ်ပြောင်းရွှေ့ရမယ့်သဘောရှိတယ်၊ ဖြစ်နိုင် အခု မိုးကာလကုန်တဲ့ အချိန်လေးအထိ…
Read MoreMonth: August 2023
ခေါင်ခိုက်နေတဲ့ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ လုပ်ခလစာ
SN (VOM) လက်ရှိကာလမှာတော့ လူတန်းစားအားလုံးအတွက် မရှိမဖြစ်အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် များစွာမြင့်တက်နေပါတယ်။ မိသားစုဝင်ငွေ တိုးမလာပေမယ့် ထွက်ငွေတွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုလို့သာ တိုးလို့လာနေပါတယ်။ တစ်မိသားစုလုံး ဘယ်လောက်ပဲ ဝင်ငွေတိုးအောင်ရှာပါစေ၊ တရကြမ်းတက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ဖြစ်နေရတာပါ။ ဒါ့ကြောင့် အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူတွေအတွက်ကတော့ ဆင်းရဲတွင်းဟာ တစ်နေ့တခြား နက်သထက်နက်လို့လာနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ဟာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲတာ ၂နှစ်နဲ့ ၆လတာပြည့်တဲ့နေ့ပါ။ အဲ့ဒီ့ ၂ နှစ်နဲ့ ၆ လတာ ကာလအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ရွှေနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပေမယ့် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဟာတော့ တိုးမလာခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ မတ်လမှာပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၃…
Read MoreOnline ကနေ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်မယ့်အပေါ် ကုမ္မဏီနဲ့ဘဏ်တွေကို ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်
ဩဂုတ် ၃ – ၂၀၂၃ GG (VOM) ဗဟိုဘဏ်ရဲ့Online Tradingကနေ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ခွင့်ရှိတဲ့ ကုမ္ပဏီတွေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဗဟိုဘဏ်က မနေ့ ဩဂုတ် ၂ ရက်နေ့မှာ လုပ်ငန်းရှင်တွေကို ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိရင် AD လိုင်စင်ရဘဏ်တွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်သလို Online Trading ငွေလဲလှယ်နှုန်းနဲ့ ရောင်းဝယ်ခြင်းမရှိတဲ့ လုပ်ငန်းရှင်ကိုလည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ကုမ္ပဏီတစ်ခုအနေနဲ့ transaction တစ်ကြောင်းအတွက် ဝယ်ယူလိုတဲ့ပမာဏများရင်တော့ သင့်လျှော်တဲ့ပမာဏကိုပဲ ဗဟိုဘဏ်က ဝယ်ယူခွင့်ပြုမှာဖြစ်တယ်။နောက်ပြီး နေ့တိုင်းဝယ်ချင်နေလည်းမရပါဘူး ၊ရောင်းချနိုင်တဲ့ ပမာဏအပေါ်သာမူတည်ပြီးသာ ဗဟိုဘဏ်ဘက်က ဝယ်ယူခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပေါ့ ၊ ဘဏ်ရော ၊လုပ်ငန်းရှင်ရော သတ်မှတ်ချက်ကိုမလိုက်နာရင် လိုင်စင်ပိတ်မယ်လို့ သိရတယ်”လို့ လုပ်ငန်းရှင် တစ်ဦးကပြောပြပါတယ်။ ဗဟိုဘဏ်ရဲ့Online Trading ကနေ…
Read MoreThis Day in History: August-3
This Day in History: August-3 အီတလီလူမျိုး လူစွန့်စား ခရစ္စတိုဖာကိုလံဘတ်သည် အိန္ဒိယသို့သွားရောက်နိုင်သည့် အနောက်ဘက် လမ်းကြောင်းရှာဖွေရန် မျှော်လင့်ချက်ဖြင့် ၎င်း၏ပထမဆုံး အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ခရီးကို နီနာ၊ ပင်တာ၊ ဆန်တာမာရီယာ သင်္ဘောသုံးစင်းဖြင့် ၁၄၉၂ ခုနှစ် သြဂုတ် ၃ ရက်တွင် စပိန်နိုင်ငံမှ စတင်ထွက်ခွာခဲ့သည်။ #Voiceofmyanmar#Thisdayinhistory#ChristopherColumbus
Read Moreလူမှုကွန်ယက်မှာ ငွေကြေးလုပ်ငန်းလုပ်ဆောင်နေတဲ့ ZX Digital Store ကို ဗဟိုဘဏ် အရေးယူမယ်
ဩဂုတ် ၃ – ၂၀၂၃ SN (VOM) ဗဟိုဘဏ်ကထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း (NBFI)အဖြစ် လူမှုကွန်ရက်ပေါ်မှာ ထူထောင်လုပ်ကိုင်နေတဲ့ ZX Digital Store ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရေးယူဖို့ရှိနေတယ်လို့ သိရပါတယ်။ ZX Digital Store ဟာ လူမှုကွန်ယက်စာမျက်နှာမှာ လိမ်ညာလှည့်ဖြားမသမာမှုတွေ ဆောင်ရွက်နေကြောင်းတွေ့ရှိရတဲ့အတွက် ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “မှန်မှန်ကန်ကန် ရောင်းဝယ်နေတဲ့ Zx Digital Store ပါ။ အရမ်းနာမည်ကြီးတော့ သက်ဆိုင်ရာက မှတ်ပုံတင်ခိုင်းတယ်။ မတင်တဲ့အခါကျတော့ လိမ်တယ်ဆိုပြီး ပုဒ်မ တပ်တယ်။ အဲ့ဒီတော့ Online shop လုပ်မယ့်သူများ တိုးတိုးတိတ်တိတ် ရောင်းကြဝယ်ကြပါ။ အရမ်းနာမည်ကြီးသွားရင် မှတ်ပုံတင်ကြပါ။ မှတ်ပုံမတင်ချင်ရင် ကိုယ့် Page ကို နာမည်မကြီးစေနဲ့ပေါ့”လို့ Zx Digital Store…
Read Moreပြီးခဲ့တဲ့ ၆ လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေးဥပဒေအရ လူပေါင်း ၁၈၀ ကို အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ပြစ်ဒဏ်ပေးခဲ့
သြဂုတ် ၃-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် ချင်းပြည်နယ်ထဲတွေက လူပေါင်း ၁၈၀ ကို စစ်အုပ်ချုပ်ရေး (Martial Law)ဥပဒေအရ အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး အမိန့်ချခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။ “၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ၆ လအတွင်းမှာ စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law)အရ လူပေါင်း ၁၈၀ ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တွေနဲ့ ၆ လအတွင်း အပြစ်ပေး အရေးယူတာတွေ ရှိတယ် ၊ အနိမ့်ဆုံး အပြစ်ဒဏ်က အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်ကနေ ၇ နှစ် ၁၀ နှစ်တွေဖြစ်တယ်…
Read Moreအနောက်အာဖရိက ဆာဟဲလ်ဒေသမှ အာဏာသိမ်းပွဲများ
မျိုးဆက်(VOM) ၂-၈-၂၀၂၃ နိုင်ဂျာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်က နိုင်ဂျာတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံသမ္မတဖြစ်တဲ့ သမ္မတမို ဟမ်မက်ဘာဇိုအမ်ကို ဖြုတ်ချခဲ့ကြပြီး အာဏာသိမ်းမှုပြုခဲ့ကြပါတယ်။ သမ္မတကို ဖမ်းဆီးထားပြီး နိုင်ငံကိုထိန်းချုပ်ခဲ့တဲ့ အဲဒီအာဏာသိမ်း ပွဲအလွန်မှာတော့ အနောက်အာဖရိက ဆာဟဲလ်ဒေသရဲ့ စစ်အာဏာရှင်နိုင်ငံတွေ စာရင်းမှာ နိုင်ဂျာလည်းထပ်တိုး လာခဲ့ပါတယ်။ ဆာဟာရသဲကန္တရရဲ့ တောင်ဘက်ပိုင်းနယ်မြေဖြစ် တဲ့ ဆာဟဲလ်ဒေသဟာ အထူးသဖြင့် အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုပြီးရင်ဆိုင်လာကြရပါတယ်။ ဒီလိုလုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့အပေါ် ဆာဟဲလ်ဒေသပြည်သူတွေဟာ ရွေး ကောက်ခံအစိုးရတွေကိုဆန့်ကျင်လာကြပါတယ်။ အနောက်အာဖရိကမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းပွဲတွေဟာ မနီးယိုးစွဲ ခပ်ဆင်ဆင်တွေဖြစ်ပြီး တည်ဆဲအစိုးရတွေအနေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ အာဏာသိမ်းခေါင်းဆောင်တွေကာ အာဏာသိမ်းခဲ့တာက အများစုဖြစ်ပါတယ်။ ဒီလိုစစ်အစိုးရတွေက ဒီမိုကရေစီအသီးအပွင့်တွေ ကို ချွေဖျက်ခြိမ်းခြောက်နေကြတာတွေကို ဆာဟဲလ်ဒေသ တင်မကဘူး။ အနောက်အာဖရိကဒေသတစ်ခုလုံးအနှံ့ တွေ့နိုင်ပါတယ်လို့ အာဖရိကရေးရာကျွမ်းကျင်သူတွေကဆို ပါတယ်။ စစ်အာဏာသိမ်းပွဲတွေကြောင့် နိုင်ငံရေးမ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း(သြဂုတ် ၂-၂၀၂၃)
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း(သြဂုတ် ၂-၂၀၂၃) Voice of Myanmar -အမေရိကန် တဒေါ်လာ ရောင်းဈေး – ၃၄၃၀ ကျပ် ဝယ်ဈေး – ၃၃၈၀ ကျပ် -စင်္ကာပူ ဒေါ်လာ ရောင်းဈေး – ၂၄၇၀ ကျပ် ဝယ်ဈေး – ၂၄၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉ ကျပ် ဝယ်ဈေး – ၉၇ ကျပ် မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး –…
Read Moreနေတိုးအဖွဲ့ဝင် ပိုလန်လေပိုင်နက်ကို ရုရှားမဟာမိတ် ဘီလာရုစ်စစ်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်
ဝါဆော၊ သြဂုတ်-၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်စစ်ရဟတ်ယာဉ်တွေ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုကြောင့် နိုင်ငံအရှေ့ပိုင်းနယ်စပ်ကို ပိုလန်တပ်ဖွဲ့ဝင်တွေအရှိန်မြှင့်စေလွှတ်နေပါတယ်။ ဘီလာရုစ်စစ်တပ်ကနော့ စစ်ရဟတ်ယာဉ်တွေ လေပိုင်နက်ချိုးဖောက်တယ်ဆိုတာကို ငြင်းဆိုထားပြီး နေတိုးအဖွဲ့ဝင်ပိုလန်ဟာ တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်လိုတာကြောင့် အကြောင်းပြချက်ရှာတာဖြစ်ကြောင်း ဘီလာရုစ် စစ်တပ်က ပြောပါတယ်။ နယ်စပ်ဒေသကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် နောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ဖြန့်ကြက်နေကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလို ဘီလာရုစ်က လေပိုင်နက်ချိုးဖောက်တာနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ကို ပိုလန်က အကြောင်းကြားထားပြီး ဒီကိစ္စအပေါ် ရှင်းလင်းချက်ပေးဖို့ ဘီလာရုစ်သံရုံးတာဝန်ခံကို ဆင့်ခေါ်ထားကြောင်း ပိုလန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘီလာရုစ်သမ္မတ လူကာရှင်ကိုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားတပ်တွေကို ဘီလာရုစ်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားပေမယ့် ဘီလာရုစ်စစ်တပ်ကိုတော့စစ်ပွဲမှာ ပါဝင်ခွင့်ပြုမထားပါဘူး။ Ref: Reuters Photo:Reuters #Voice of Myanmar# ပိုလန်# ဘီလာရုစ် စစ်ရဟတ်ယာဉ်# လေပိုင်နက်
Read Moreမူဆယ်နဲ့ နမ့်ခမ်းကြားမှာ တပ်နဲ့ TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား
ဩဂုတ် ၂- ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ရွာအနီးတဝိုက်မှာ တပ်နဲ့ TNLA တို့အကြား ဒီကနေ့ ဩဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲကျော်ခန့်ကစပြီး တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရွာထိပ်မှာ ဘုရားရှိတယ်လေ အဲ့ဒီနားမှာ ဖြစ်တာ။ ဒီမနက် ၁၀ နာရီကျော် ကတည်းက။ ရွာကလူတွေက ဘုန်းကြီးကျောင်းမှာ ထွက်ပြေး လာနေကြတယ်၊ လက်နက်ကြီးက နမ့်ဖတ်ကာ ဘက်ကတော့ ပစ်ကူနေတာ မရှိပေမယ့် မူဆယ် ၁၀၅ မိုင်ကနေ ပစ်ကူနေတယ်”လို့ ဒေသခံ အမျိုးသမီး ၁ ဦး ကပြောပါတယ်။ ဒေသခံအမျိုးသား ၁ ဦးကလည်း “ပစ်နေကြတယ် ပလောင်နဲ့။ အရင်နေ့တွေက အဆက်နေမှာပေါ့၊ မူဆယ် ၁၀၅ မိုင်ဘက်ကနေ…
Read More