ဩဂုတ် ၂၇ – ၂၀၂၃ GG (VOM) မြန်မာ့ ပြောင်းဆန်တွေ ထိုင်းကိုတင်ပို့မှု ကာလပြီးဆုံးဖို့ ၄ ရက်သာ ကျန်ရှိတော့တယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။ ထိုင်းကို ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပါက မြန်မာ့ ပြောင်းဆန်စျေးက လက်ရှိစျေးနူန်းထက် စျေးတန်းပိုကျသွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြောင်းကို ထိုင်းနိုင်ငံ တစ်ခုတည်းကသာ စျေးကောင်းပေးဝယ်ယူပြီး ကျန်တဲ့ ပြည်ပနိုင်ငံတွေက စျေးနည်းတာကြောင့် စက်တင်ဘာလကစတင်ကာ ပြောင်းစျေးကျသွားနိုင်တာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုပါတယ်။ “မြန်မာနိုင်ငံပြောင်းကို ကမ္ဘာစျေးကွက်ထက် ပိုပေးဝယ်နိုင်တာ ထိုင်းနိုင်ငံပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းကို ပို့လို့ရရင် ပြောင်းစျေး တက်နိုင်ပါတယ်။ ပို့လို့မရရင် ပြောင်းစျေးကျနိုင်ပါတယ်။ ထိုင်းကပေးတဲ့စျေးကို ဘယ်သူမှ ပေးပြီးမဝယ်နိုင်ဘူး၊တခြားနိုင်ငံတွေက ဝယ်လည်း စျေးသက်သာမှဝယ်တယ်၊ စျေးကြီးနေရင်ဝယ်မှာမဟုတ်ဘူး”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်ကပြောပါတယ်။ ထိုင်းနိုင်ငံ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်သွင်းခွင့်ကာလဟာ ဖေဖော်ဝါရီလကစပြီး…
Read MoreMonth: August 2023
ဒဂုံမြို့သစ်(၄)မြို့နယ်မှာ အိမ်ခြံမြေအရောင်းအဝယ် ပြန်သွက်လာ
ဩဂုတ် ၂၇ – ၂၀၂၃ SN (VOM) အခု သီတင်းပတ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ ဒဂုံမြို့သစ်လေးမြို့နယ်မှာ အိမ်ခြံမြေစျေးတွေ ပြန်လည်လှုပ်ခတ်လာပြီး တန်ဖိုး ကျပ်သိန်းတစ်ထောင်ပတ်လည် မြေကွက်တချို့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ဒဂုံ(၄)မြို့နယ်ရဲ့ မြေကွက်ဈေးတန်းတွေဟာ တခြားသော မြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက တန်ဖိုးသင့်တင့်ပြီး အနာဂတ်အတွက် အလားအလာကောင်းတဲ့ အားသာချက်လည်းရှိသလို တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြို့ထဲနဲ့ တခြားမြို့သစ်တွေထက်စာရင် သွားရလာရ လွယ်ကူတာကြောင့် အရောင်းအဝယ်ဖြစ်နေတာလို့ သိရပါတယ်။ “ဒီရက်ပိုင်းမှာတော့ ဒဂုံ(၄)မြို့နယ်ကတော့ အရောင်းအဝယ်ပိုင်းမှာ ပိုပြီး သွက်လက်ဖြစ်ထွန်းနေပါတယ်။ ဈေးကွက်က အရမ်းလှုပ်ရှားသွက်လက်နေတယ်လို့ ပြောလို့ရတယ်။ နောက် မြို့ထဲမှာနေထိုင်တဲ့သူတွေက ဝိတ်လျှော့ပြီးတော့ ဒဂုံ လေးမြို့နယ်မှာ ပြောင်းရွှေ့အခြေချ နေထိုင်တာတွေလည်းရှိတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေကနေ ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိပါတယ်” လို့…
Read Moreလိုင်ဇာအနီး မဒီးယန်မှာ တပ်နဲ့ KIAတို့ တိုက်ပွဲ ပြင်းထန်ခဲ့
ဩဂုတ် ၂၇-၂၀၂၃ Shy V(VOM) လိုင်ဇာအနီး မိုးမောက်မြို့နယ်၊ မဒီးယန်ရွာဘက် တကြော မနေ့ ဩဂုတ် ၂၆ ရက် မနက် ၉ နာရီခွဲခန့်ကစ တပ်နဲ့ KIA တို့ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မဒီးယန်နဲ့ နမ်ဆန်ယန်မှာ ညနေပိုင်းက လေကြောင်း အသုံးပြုတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ဖြစ်တာက ၅ မိုင်လောက်ဝေးတဲ့ မဒီးယန်ဘက်။ ဗုံးလာကျဲတာက နမ့်ဆန်ယန်မှာ။ အိမ်တအိမ်က ရစရာကို မရှိတော့ဘူး၊ တိုက်ပွဲမှာ တပ်က အထိအခိုက်များတာကြောင့် ညနေ ၄ နာရီကျော်ခန့်က မြစ်ကြီးနားဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ပွဲဖြစ်ရာ မဒီးယန်အနီးဝန်းကျင်မှာ ဗုံးလာကျဲသွားပြီးနောက် ၅ နာရီကျော်ခန့်ကလည်း လိုင်ဇာအနီး နမ်ဆန်ယန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂…
Read MoreThis Day in History(August27)
This Day in History(August27) Voice of Myanmar ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို ၁၉၉၅ ခုနှစ် သြဂုတ် ၂၇ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး မှတ်တမ်းစာအုပ်ဖြစ်လာခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #August27
Read Moreအပျိုလူပျို နီးစပ်နိုင်သနော် ရတနာ့ဂူပွဲတော်
ဆူးငှက် “ဝနာတစ်ခွင်မှာလေ …. ရာဇပလ္လင်တွေ ဝိုင်းပြီးတော့ တစ်ပိုင်းတစ်စစီသာကျန်၊ ပစ္စင်ကျုံးမြောင်းတို့သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေထွက်တဲ့ ၎င်းအချက်ကျနေရာပေါ့။ တဘောင်ချို့တဲ့ တောင်မြို့လို့ ဆိုပါတော့ …. စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန် နှစ်ပေါင်းတစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် ….” (နန်းတော်ရှေ့ဆရာတင် – တောင်သမန်သီချင်း) အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့်မြစ်ကြားမှာလည်း တက်သိမ်းအင်းရှိသည်။ မြို့အရှေ့မြောက် မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသေအောင်ပင်လယ် ကန်တော်ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်းရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ်ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်းရှိသည်။ တကယ်တော့ တောင်သမန်အင်းသည် အမရပူရ မြို့၏ အမှတ်အသားဖြစ်သည်။ တောင်သမန်အင်းဟု ဆိုသော်ငြား ထိုစဉ်က ၁၂ ရာသီ ရေပြည့်ဝပ်သည်မဟုတ်အခါ၌…
Read Moreဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ ဝင်ငွေခွန် ပေးဆောင်ရမယ်
ဩဂုတ် ၂၆ – ၂၀၂၃ SN (VOM) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ ဩဂုတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ လစာသဘောမျိုးမဟုတ်တဲ့ အခကြေးငွေယူပြီး ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ကြီးတွေနဲ့ အတတ်ပညာရှင်တွေကို ဆေးရုံ၊ ဆေးခန်းတွေက ငွေပေးချေမှုပြုလုပ်တဲ့အခါတိုင်း အမိန့်ကြော်ငြာစာအရ ပေးချေငွေရဲ့ ၂ ရာခိုင်နှုန်းကို ပင်ရင်းမှနုတ်ယူပေးသွင်းတဲ့ ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းရမယ်လို့ သိရပါတယ်။ “ပေါ်လစီကတော့ ချလိုက်ပြီဆိုတော့လည်း ပေါ်လစီအတိုင်းတော့ လိုက်နာကျင့်သုံးရမှာပေါ့။ ပုံမှန်ဆိုလည်း အခွန်ကဆောင်နေတာပဲ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ။ ဒီဘက်မှာ ဝင်ငွေခွန်၊ အမြတ်ခွန် ဒီအခွန်တွေကတော့ တောက်လျှောက် ရှိနေတာပဲလေ။…
Read Moreပြင်သစ်သံအမတ်ကို နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေ နှင်ထုတ်
နီယာမေ၊ သြဂုတ်-၂၆-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နဲ့နိုင်ဂျာဆက်ဆံရေး လျှင်မြန်စွာဆက်လက်ဆိုးရွားနေချိန်မှာ ပြင်သစ်သံအမတ်ကို နိုင်ငံတွင်းကနေ ၄၈ နာရီအတွင်းထွက်ခွာဖို့ နိုင်ဂျာအာဏာပိုင်တွေက သြဂုတ် ၂၅ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။ ပြင်သစ်သံအမတ် ဆိုဗေးနီလိဒ်ဟာ နိုင်ဂျာနိုင်ငံခြာရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြောင်း နိုင်ဂျာအာဏာပိုင်တွေကပြောပါတယ်။ သံအမတ်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေဟာ တရားဝင် ရွေးကောက်ခံထားတဲ့ နိုင်ဂျာတာဝန်ရှိသူတွေထံမှာသာရှိကြောင်း ပြင်သစ်က တုံ့ပြန်ပြောဆိုထားပါတယ်။ ပြင်သစ်နိုင်ငံဟာ နိုင်ဂျာမှာ ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကို ရှုတ်ချထားပြီး ရွေးကောက်ခံသမ္မတ ဘာဇိုအမ်ကို အာဏာပြန်လည်အပ်နှင်းဖို့ နိုင်ဂျာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကတော့ လာမယ့်သုံးနှစ်အတွင်းအရပ်အသားအုပ်ချုပ်ရေးကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်က ကတိပြုပြောဆိုထားပါတယ်။ အနောက်အာဖရိကဒေသ အီကိုဝပ်စ်အဖွဲ့ကတော့ ဆွေးနွေးပွဲတွေမအောင်မြင်ပါက စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်ထားပြီး နိုင်ဂျာအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို ခုခံကာကွယ်သွားမှာဖြစ်ကြောင်း နိုင်ဂျာအာဏာသိမ်း ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreမူဆယ်၊ မန့်ဟန်ရွာမှာ ဗုံးပေါက်ကွဲပြီး လူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ
ဩဂုတ် ၂၆၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန့်ဟန်ရွာက နေအိမ် ၁ အိမ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက် ည ၇ နာရီခန့်က ဗုံးပေါက်ကွဲပြီး လူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကျွန်မနေတဲ့ နေရာလေ။ မန့်ဟန်ရွာက သေသွားတဲ့ တစ်ယောက်ရဲ့ ခြေထောက်တောင် အခုထိ တောင်ရှာလို့ မရသေးဘူး။ ကျွန်မတို့ အိမ်တောင် တုန်သွားတယ်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ TNLA ရဲဘော် ၁ ဦးက ဗုံးဆော့ရာကနေ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုမှာ အဲဒီ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ဒဏ်ရာရတဲ့သူတွေထဲမှာ မူးယစ်မှုနဲ့…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၂၆ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၂၆ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၆ ရက်
Read Moreပရီဂိုဇင်လိုက်ပါသွားတဲ့လေယာဉ်ပျက်ကျမှု အလောင်းတွေနဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ ရှာဖွေတွေ့ရှိ
မော်စကို၊ သြဂုတ်-၂၆-၂၀၂၃ မျိုးဆက်(VOM) ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးခဲ့တယ်လို့ ယူရဆတဲ့ လေယာဉ်ပျက်ကျမှုမှာ ရုပ်အလောင်း ၁၀ လောင်းနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက သြဂုတ် ၂၅ ရက်မှာပြောပါတယ်။ လက်ရှိမှာတော့ အလောင်းတွေနဲ့ပတ်သက်ပြီး မျျိုးရိုးဗီဇစစ်ဆေးမှုတွေကို လုပ်ဆောင်နေကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ မော်စကိုမြို့အနီးမှာ သြဂုတ် ၂၃ ရက်က ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဗုံး ဒါမှမဟုတ် ဒုံးကျည်ကြောင့်ဖြစ်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ ပရီဂိုဇင်ကိုသတ်ဖြတ်ဖို့ ရုရှားအစိုးရက အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝအလိမ်အညာတွေဖြစ်ကြောင်း ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပူတင်ရဲ့ သစ္စာခံတဦးဖြစ်သူ ပရီဂိုဇင်ဟာ ဇွန်လအတွင်းက ဝဂ္ဂနာအဖွဲ့ရဲ့ ရုရှားစစ်တပ်ကို ပုန်ကန်မှုကို ဦဆောင်ခဲ့ပါတယ်။ ဒါဟာသစ္စာဖောက်မှုဖြစ်ကြောင်း ပူတင်က အဲဒီအချိန်က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝဂ္ဂနာစစ်သားတွေကို ရုရှားစစ်တပ် ပါဝင်ခြင်း သို့မဟုတ် မဟာမိတ်ဘီလာရုစ်မှာ နေထိုင်ဖို့…
Read More