ယူကရိန်းသမ္မတဇီလန်စကီး ကုလအထွေထွေညီလာခံ လူကိုယ်တိုင်တက်ရောက်ဖွယ်ရှိနေ

ကိယက်ဗ်၊ စက်တင်ဘာ-၂-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယခုလနှောင်းပိုင်းမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို လူကိုယ်တိုင်တက်ရောက်ဖို့ နယူးယောက်ကို သွားဖွယ်ရှိနေပါတယ်။

ယူကရိန်းအခြေအနေတွေကို ဆွေးနွေးဖို့အတွက် ထိပ်သီးအဆင့်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်မှာပြုလုပ်မယ်လို့ အယ်လ်ဘေးနီးယားဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဖီရစ်ဟော့စ်ဟာက ပြောပါတယ်။

အယ်လ်ဘေးနီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌအဖြစ် ယခုလအတွက် တာဝန်ယူထားပါတယ်။ ကုလသမဂ္ဂအစည်းအဝေးတွေကို ယူကရိန်းသမ္မတ ဇီလန်စကီးတက်ရောက်ဖို့ သေချာသလောက်ဖြစ်ကြောင်း ဖီရစ်ဟော့စ်ဟာကပြောပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အယ်လ်ဘေးနီးယားသံအမတ်ကြီးကပြောပါတယ်။ ဇီလန်စကီးဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို ယူကရိန်းသမ္မတဇီလန်စကီး ပထမဆုံးအကြိမ် တက်ရောက်မှာလည်းဖြစ်ပါတယ်။

Ref: NHK
Photo:Bloomberg
#voiceofmyanmar #VOM #ZelenskyyExpected #toAttendUN meetings #inNewYork #inperson

Related posts

Leave a Comment

VOM News

FREE
VIEW