တက္ကသိုလ်နဲ့ကောလိပ်တွေ အွန်လိုင်းကနေ ကျောင်းအပ်နှံမှု UAB ပေးတခုတည်းနဲ့သာလုပ်ရတဲ့အတွက် အခက်အခဲတွေရှိနေ

ဖေဖော်ဝါရီ ၇-၂၀၂၅
Ms (VOM)
၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ကျောင်းအပ်ရာသီကနေစတင်ကာ ရန်ကုန်အဝေးသင်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေမှာ ကျောင်းအပ်ငွေသွင်းပါက UAB pay ရှိထားရန်လိုအပ်ပြီးUAB ဘဏ်နဲ့သာချိတ်ဆက်ထားဖို့လိုအပ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနကနေသိရပါတယ်။
ပညာရေးဝန်ကြီးဌာနနဲ့ UAB ဘဏ် တို့ပူးပေါင်းဆောင်ရွက်မှုနဲ့ တက္ကသိုလ်နဲ့ကောလိပ်တွေမှာ ကျောင်းအပ်ပါက အွန်လိုင်းစနစ်နဲ့ကျောင်းအပ်နိုင်ဖို့ပြုလုပ်ထားတာဖြစ်ပြီး တက္ကသိုလ် ကျောင်းဝင်ကြေး၊ကျောင်းလခနဲ့ စာမေးပွဲကြေးများကို UAB payကနေ Online Payment စနစ်ဖြင့် ပေးသွင်းရမယ်လို့ဆိုပါတယ်။
” အခုက တက္ကသိုလ်တွေအားလုံးပဲ အဝေးသင်ရောပါတယ်။ ကျောင်းအပ်တာကိုအွန်လိုင်းကနေ လုပ်ဖို့ကြေငြာထားတယ်။ ပညာရေးဌာနရဲ့Websiteကနေကျောင်းအပ်တာကို လုပ်နိုင်တယ်။ ပြီးတော့ကျောင်းလခတွေ အတွက်ကျောင်းသားတိုင်းကျောင်းအပ်ရင်play storeကနေUAB pay ကို ဒေါင်းလော့ဆွဲထားပြီး ငွေပေးသွင်းနိုင်တယ်။တခြားkpay, wave payတွေမရဘူး။UAB pay ကိုကျောင်းသားတွေ ငွေသွင်းဖို့ကတော့ ကျောင်းတွေမှာ ဘဏ်ကလူတွေကစောင့်ပြီး ငွေသွင်းပေးတာတွေရှိတယ်။နောက်တခုက ဘဏ်မှာကိုယ်တိုင်ငွေသွားသွင်းလည်းရတယ်လို့ပြောထားတယ်။”ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်က ဆရာမတယောက်က ပြောပါတယ်။
ကျောင်းသားများအနေနဲ့https://sms.moe.gov.mm ဝက်ဆိုဒ် Online မှတစ်ဆင့် ကျောင်းအပ်နှံရန် မှတ်ပုံ တင်တဲ့နေရာတွင် နာမည်မှားခြင်း၊ ဖုန်းနံပါတ်မှားခြင်း စတဲ့ အခက် အခဲများရှိနေတယ်လို့လည်း သိရပါတယ်။
” အွန်လိုင်းကနေ ကျောင်းအပ်ရတာက လက်ရှိတော့လိုက်လုပ်ကြတာ အခက်ခဲတွေနဲ့ကြုံနေရတယ် ။အင်တာနက်အခက်ခဲရှိသူတွေဆို အဆင်မပြေနိုင်ဘူးပေါ့။အရင်လို ကျောင်းသားရေးရာကိုသွားပြီး ငွေသားနဲ့ပဲကျောင်းလခပေးသွင်းလို့ရမရ စုံစမ်းကြည့်တာတော့ ကျောင်းသားရေးရာအဆောင်မှာပဲ ဘဏ်ကနေ UAB pay အက်ပလီကေးရှင်းဖုန်းထဲထည့်ဖို့လုပ်ပေးတာနဲ့ အဲ့payထဲငွေသားလိုက်ဖြည့်ပေးတာတ ွေရှိနေတယ်လို့ပြောတယ်။ ဒါပေမယ့် အွန်လိုင်ကနေ ကျောင်းအပ်တယ်ဆိုတိုင်းလည်း ကျောင်းကိုလာစရာမလိုတော့တာတော ့မဟုတ်သေးဘူး ။ခုံအမှတ်၊ကျောင်းသားမှတ်ပုံတင်စတဲ့ အချက်အလက်တွေကိုတော့ကျောင်းသားရေးရာမှာပဲသွားကြည့်ရမှာပေါ့။ လက်ရှိမှာတော့ကျောင်းသားတွေကကျောင်းအပ်တာကိုအခုလိုအွန်လိုင်းစနစ်နဲ့လုပ်လိုက်တာက သူ့ရဲ့payကိုဒေါင်းလော့ဆွဲရတာနဲ့ ကျောင်းအပ်ဖို့Websiteကနေ ကိုယ့်အချက်အလက်ကို ရှာမရတာတွေဖြစ် တော့အလုပ်ပိုရှုပ်ပြီး ပိုခက်ခဲနေတယ်လို့”ဒဂုံအဝေးသင်ကတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသားတယောက်ကပြောပါတယ်။
Online နဲ့ မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ကျောင်းသား နာမည်နဲ့ဖခင်အမည်တွင် “မောင်” ၊ “မ” ၊ ” ဦး” တို့ကို ထည့်ရန်မလိုကြောင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် နိုင်ငံသားဖြစ်ပါက “C” ကိုထည့်ရရန်လိုအပ်ပြီး အခက်အခဲများရှိခဲ့ပါက ကျောင်းအပ်သူများအနေနဲ့ 09421742448၊ 09448052474 တို့ကို ဆက်သွယ်နိုင်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW