ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန် နိုင်ငံတကာတကာဖွံဖြိုးရေးအစီအစဉ် (USAID) ကို ရ့ပ်ဆိုင်းလိုက်တာကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သတင်းမီဒီယာတွေအတွက် လာမယ့်သုံးနှစ်အတွင်း ပေးအပ်မယ့် ရန်ပုံငွေ ဒေါ်လာ ၃၉ သန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။
ဒီရန်ပုံတွေတွေကို ဘယ်အချိန်မှာ ပေးမယ်ဆိုတာနဲ့ ပေးအပ်ဦးမလားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ USAID ရဲ့ အကူအညီတွေထဲမှာ လူ့အခွင့်အရေး ကာကွယ်ရေး ပရောဂျက် ခုနှစ်ခုအတွက် ဒေါ်လာ ရှစ်သန်း၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်းအတွက် ကိုးခုအတွက် ဒေါ်လာသန်း ၃၀ နဲ့ အမှီအခိုကင်းတဲ့ မီဒီယာပံ့ပိုးမှု အစီအစဉ်နှစ်ခုအတွက် ဒေါ်လာ တသန်းတို့ကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ရန်ပုံတွေတွေကို ကာလရှည်ဆိုင်းငံ့မှုဟာ မြန်မာဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် ပြင်းထန်ပြီး ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီအခြေအနေကြောင့် ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာအဖွဲ့အစည်းအများစုဟာ လုပ်ငန်းတွေ ပိတ်သိမ်းတာ၊ ဝန်ထမ်းတွေကို လျှော့ချတာ၊ အစီအစဉ်တွေကို လျှော့ချတာမျိုးတွေ ပြုလုပ်နေကြပါတယ်။
ရန်ပုံငွေ ပြန်လည်ပေးအပ်တာ နှောင့်နှေးတာမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လူ့အခွင့်အရေး ဒီမိုကရေစီနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ကြိုးပမ်အားထုတ်မှုတွေမှာ အားနည်းသွားဖွယ်ရှိနေပါတယ်။
USAID ဟာ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံအတွက် စီမံကိန်း ၃၄ ခုအတွက် ရန်ပုံငွေတွေ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စီမံကိန်းတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအတွက် ဒေါ်လာ သန်း ၃၀ တို့ကို ဆိုင်းငံ့ခဲ့ပါတယ်။
အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲဟာ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ထိခိုက်စေကြောင်း Human Rights Myanmar က သတိပေးထားပါတယ်။ အမေရိကန်တာဝန်ရှိသူတွေနဲ့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ဒီရန်ပုံတွေတွေ ထာ၀ရရုပ်သိမ်းတာမျိုးမဖြစ်ဖို့ တားဆီးရမှာဖြစ်ပြီး ပွင့်လင်းမြင်သာ တာဝန်ခံမှုရှိတဲ့ သုံးသပ်မှုတွေကို လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
Ref: Human Rights Myanmar
Photo:AP