အိန္ဒိယအာကာသအေဂျင်စီရဲ့ ပထမဆုံးနေလေ့လာရေးမစ်ရှင် အောင်မြင်စွာလွှတ်တင်

ဒေလီ၊ စက်တင်ဘာ-၂-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို ကမ္ဘာ့ပထမဆုံးဆင်းသက်နိုင်ပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ ပထမဆုံးသော နေစူးစမ်းလေ့လာရေးမစ်ရှင်ကို စက်တင်ဘာ ၂ ရက်မှာ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။

အဒစ်ယာ-အယ်လ်၁ စူးစမ်းလေ့လာရေးယာဉ်ကို စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၀ မိနသ်အချိန်မှာ ဆရီဟာရီကိုတာ လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

နေစူးစမ်းလေ့လာရေးယာဉ်ဟာ ကမ္ဘာမြေကနေ ကီလိုမီတာ ၁ ဒသမ ၅ သန်းအကွာကနေ နေကိုစူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမည်ဖြစ်ပြီး အဲဒီနေရာကို ရောက်ရှိနိုင်ဖို့ အချိန်လေးလကြာမြင့်မယ်လို့ အိန္ဒိယအာကာသအေဂျင်စီက ပြောပါတယ်။

အဒစ်ယာ-အယ်လ်၁ ဟာ အဲဒီနေရာကို ရောက်ရှိပြီးနောက်မှာ နေကို ကမ္ဘာနဲ့တူတဲ့နှုန်းနဲ့ လှည့်ပတ်နိုင်မှာဖြစ်ပြီး အဲဒီလိုလှည့်ပတ်နိုင်ဖို့ လောင်စာအနည်းငယ်သာလိုအပ်မှာဖြစ်ပါတယ်။

အဲဒီမစ်ရှင်နဲ့ပတ်သက်ပြီး ကုန်ကျစရိတ်ကို အိန္ဒိယအာကာသအေဂျင်စီက ထုတ်ဖော်ကြေညာခြင်းမရှိပေမယ့်လည်း ဒေါ်လာ ၄၆ သန်းကုန်ကျခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:BBC
Photo:ISRO
#voiceofmyanmar #VOM #India’sAditya-L1Mission #blastsOff #tostudythesun

Related posts

Leave a Comment

VOM News

FREE
VIEW