စက်တင်ဘာ ၇၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ ဂိတ်တွေ ကနေ တရုတ်ဘက်ကို (၆)ညအိပ် (၇)ရက် လည်ပတ်ခွင့် တစ်ခါသုံး တစ်ပတ်ကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ တရုတ်ဘက်က သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရင် အလုပ်လုပ်လို့ရတဲ့ QR Code ထုတ်ပေးမှာဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြန်စာ နဲ့ နယ်စပ်ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “အလုပ်လုပ်လို့ ရမလိုလို ဆိုတာက ဒီဘက်မှာ နေရင်သူတို့က QR ထုတ်ပေးမယ်။ တရုတ် – မြန်မာ ဆက်ဆံရေးက နဂိုထက် ပိုပြီးတော့ အခုက ကောင်းလာတယ်။ ဒီဘက်က ခရိုင်ရဲဌာနကနေပြီးတော့ ပြည်သူ့ လုံခြုံရေးဌာနကနေ QR လေးတွေ ထုတ်ပေးတယ်။…
Read MoreDay: September 7, 2023
လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် ဂျပန်နိုင်ငံ အောင်မြင်စွာ လွှတ်တင်
တိုကျို၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို H-2A ဒုံးပျံနဲ့ စက်တင်ဘာ ၇ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မွန်းစနိုက်ပါလို့ အမည်ပေးထားတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ သူ့ရဲ့ပျံသန်းမှုမစ်ရှင် အားလုံးအဆင်ပြေချောမွေ့ပါက ဖေဖော်ဝါရီလမှာ လကမ္ဘာပေါ် ဆင်းသက်နိုင်ဖွယ်ရှိပါတယ်။ ယခင်လွှတ်တင်မှုတွေကတော့ ရာသီဥတုဆိုးရွားမှုကြောင့် ဆိုင်းငံ့ခဲ့ရပြီး စတုတ္ထအကြိမ်လွှတ်တင်မမှာ အောင်မြင်ခဲ့တာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ပြီးပါက ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ပထမဆုံး ဆင်းသက်နိုင်ခဲ့ပြီး သမိုင်းဝင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ကတော့ လေးလအတွင်း လကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိနိုင်ကြောင်း ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။ အဲဒီနောက်မှာ လကမ္ဘာပေါ် မဆင်းသက်မီ လကိုတလကြာ ပတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဂျပန်အာကာသအေဂျင်စီကထုတ်ပြန်ထားအပါတယ်။ Ref:BBC…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၂၂၀၀၀ ကျပ် ဝယ်ဈေး ၃၂၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September7th
Read Moreကမမောင်းမြို့က ထွေ/အုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး
စက်တင်ဘာ ၇ ၊ ၂၀၂၃ SP( VOM) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲအချိန်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်လို့ လူ ၁ ဦးသေဆုံးတယ်လို့ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်စဥ်က ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အစည်းဝေးလုပ်နေတဲ့ အမှတ် ၄ ရပ်ကွက် အထွေထွေအုပ်အချုပ်ရေးရုံးပေါ်ကို Drop Bomb ဗုံး ၃ လုံးပြုတ်ကျ ပေါက်ကွဲတယ် ၊ရုံးရဲ့အရှေ့ မျက်နှာစာ ၁ လုံး၊ အလံတိုင်ရှေ့တည့်တည့်မှာ ၁လုံး၊ ရုံးနားမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်၊ ဗုံး ၃ လုံး ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး…
Read Moreယူကရိန်းအရှေ့ပိုင်း လူစည်းကားရာဈေးတခု တိုက်ခိုက်ခံရမှု (၁၇) ယောက်သေဆုံးပြီး (၃၀) ကျော်ဒဏ်ရာရ
ကိယက်ဗ်၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လူစည်ကားတဲ့ ဈေးတခု တိုက်ခိုက်ခံရမှုကြောင့် လေးငယ်တဦးအပါအဝင် လူ ၁၇ ယောက်သေဆုံးသွားကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကော့ယန်တီနစ်ဗ်ကာမြို့ဟာ ငြိမ်းချမ်းတဲ့မြို့ဖြစ်ပြီး ဒါဟာတမင်တကာ တိုက်ခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ရှုတ်ချပြောဆိုထားပါတယ်။ အဲဒီမြို့ဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသရှိ ရှေ့တန်းစစ်မျက်နှာအနီးမှာတည်ရှိပြီး ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ သေဆုံးသူတွေဟာ အပြစ်မဲ့အရပ်သားတွေဖြစ်ကြောင်း ဇီလန်စကီးကပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လူ ၃၃ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနို်င်ပြီး ဈေးဆိုင်တွေနဲ့ အဆောက်အဦတွေ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဒါဟာ ယခုနှစ်နွေရာသီနောက်ပိုင်း ယူကရိန်းအရပ်သားတွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရာနေရာမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ရှုတ်ချပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြေနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးမှုတွေစတင်နေပါတယ်။ Ref:BBC #voiceofmyanmar #VOM #UkraineWar…
Read Moreရေထွက်ပစ္စည်းနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်က အရည်အသွေးပိုင်းဆိုင်ရာ အခက်အခဲဖြစ်နိုင်
စက်တင်ဘာ ၇-၂၀၂၃ GG (VOM) ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုလုပ်တဲ့နေရာမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနဲ့ ကြက်သွန်နီ နဲ့ ရေချို၊ ရေငန်ငါးမျိုးစုံကို မောင်တောကုန်သွယ်ရေးစခန်းကနေ တင်ပို့ခွင့်မပြုတော့ဘဲ စစ်တွေကုန်သွယ်ရေးစခန်းကသာ တင်ပို့ရမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေ တင်ပို့ခြင်းက နှစ်နိုင်ငံ ကုန်သွယ်မှု ပိုပြီးလုပ်နိုင်လို့ အကျိုးထိရောက်မှုရှိပေမယ့် ရေထွက်ကုန်ပစ္စည်းတွေကတော့ အရည်အသွေးပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိနိုင်တယ်လို့ မောင်တောနယ်စပ်ကုန်သည်(၁)ဦးကပြောပါတယ်။ ” မောင်တောနဲ့ဆိုရင် တစ်ရက်ကို ၁၀ စီးပို့နိုင်ရင် စစ်တွေကနေ အစီး၂၀ ပို့နိုင်တယ်ပေါ့။ဒီထက်မက ပို့နိုင်အောင် စဥ်းစားတာမှန်တယ်၊ငါး တို့ကျ အဆင်မပြေလောက်ဘူး အခက်အခဲရှိနိုင်မယ် စိုးရိမ်တာပေါ့ ၊အရည်အသွေးပိုင်းပေါ့၊ စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်ကို လမ်းခရီးကဝေးတယ် ၊မောင်တောက နီးတယ် လမ်းခရီးက ၁ နာရီလောက်ပဲ၊စစ်တွေကကျတော့ အနည်းဆုံး ၁၀ နာရီသွားရတယ်၊…
Read Moreစစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း လူ ၈ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ
စက်တင်ဘာ ၇ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ ကျွဲရဲကျေးရွာနားနဲ့ ကြေးမုံကျေးရွာအနီးမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းကစလို့ နေ့ခင်းပိုင်းအထိ လူ ၈ ယောက် ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မနက် ၇ နာရီဝန်းကျင်က ကြေးမုံကျေးရွာနားမှာ လူ ၆ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီမှာ ၆ ယောက်စလုံး သေတယ် ၊ နောက်ပြီး နေ့ခင်း ၂ နာရီဝန်းကျင်မှာ ကျွဲရဲကျေးရွာနားမှာ နောက်ထပ် လူငယ် ၁ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒါလည်း သေတယ်၊ အဲ့ဒီအပြင် တမူးမြို့နယ် ၊ ခို့မွန်းနွံကျေးရွာနားမှာ ညနေ…
Read Moreမြန်မာ့နိုင်ငံရေး အကျပ်အတည်း အာဆီယံသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်ရန် အာဆီယံခေါင်ဆောင်တွေ သဘောတူ
ဂျကာတာ၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ရှိမြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံက တာဝန်ယူသွားဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူလိုက်ကြပါတယ်။ အဲဒီလိုမြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်မှုတွေကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ၊ ယခင်အလှည့်ကျဥက္ကဌနဲ့ လာမည့်အလှည့်ကျဥက္ကဌနိုင်ငံ သုံးနိုင်ငံက ဦးဆောင်တာဝန်ယူသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူနိုကပြောပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ တနှစ်အတွင်း ပြေလည်မှာမဟုတ်ဆိုတာကို လူတိုင်းနားလည်သဘောပေါက်ကြောင်း ၊ လက်ရှိသဘောတူခဲ့တဲ့ အလွတ်သဘော ထရွိုက်ကာ “troika”လမ်းစဉ်နဲ့ အကျပ်အတည်းကို အချိန်ယူဖြေရှင်းသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒီလမ်းစဉ်အရ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၊ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဌ လာအိုနဲ့ ၂၀၂၅ ခုနှစ်အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိ…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအရှေ့မြောက် စီးပွားရေး တံခါးပေါက် ၂ ခုရဲ့ အခုရက်ပိုင်း ကုန်သွယ်မှုအခြေအနေ
စက်တင်ဘာ ၇- ၂၀၂၃ Shy V(VOM) ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းရဲ့ ဩဂုတ် ၂၆ ရက် ကနေ စက်တင်ဘာ ၅ ရက် အထိ အမေရိကန်ဒေါ်လာ ၃၉.၉၇၈ သန်း ကုန်သွယ်နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀.၄၃၂ သန်းရှိပြီး သွင်းကုန် အမေရိကန် ဒေါ်လာ ၂၉.၅၄၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ရာဘာ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲလွန်းဖြူ၊ နှမ်းနက်၊ စွန်တာနီပဲ၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ မြေပဲဆံ နဲ့ ပြောင်း တွေ အများဆုံး တင်ပို့ခဲ့ အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ စက်နဲ့ စက်အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဇာနဲ့ ဇာထိုးထားသောအထည်အလိပ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံး…
Read More