ဟောင်ကောင်၊ စက်တင်ဘာ-၈-၂၀၂၃
မျိုးဆက်(VOM)
ဟောင်ကောင်နဲ့ တရုတ်တောင်ပိုင်းမြို့ကြီးတွေမှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့် နေရာအနှံ့ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဟောင်ကောင်မှာ စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေပါ ပိတ်ထားရပြီး မြေအောက်ရထားဘူတာရုံတွေထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကြာသပတေးနေ့မှာစတင်ခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ အတွင်းဟောင်ကောင်မှာ စံချိန်တင်ရွာသွန်းခဲ့တဲ့ မိုးဖြစ်ကြောင်း မိုးလေသဝဌာနက ပြောပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ရာသီဥတုဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၈၃ ဦးကို ဆေးရုံပို့ခဲ့ရကြောင်း ဟောင်ကောင်အာဏာပိုင်တွေက ပြောဆိုထားပြီး လမ်းအချို့ပိတ်ဆိုခဲ့ကာ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးရွားသွန်းမှုဟာ တနာရီကို မိုးရေချိန် ၁၅၈ ဒသမ ၁ မီလီမီတာထိရှိခဲ့ပြီး ၁၈၈၄ ခုနှစ်မှာ မှတ်တမ်းတွေထားရှိပြီးနောက်ပိုင်း အမြင့်ဆုံးမိုးရေချိန်ဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
ဟောင်ကောင်မြောက်ဘက် ကိုးလွန်းကျွန်းဆွယ်နဲ့အဓိကကျွန်းကို ဆက်သွယ်ထားတဲ့ဆိပ်ကမ်းဖြတ်ကျော် ဥမင်လှိုဏ်ခေါင်းလည်း ရေနစ်မြုပ်ခဲ့ပြီး ဟောင်ကောင်နယ်စပ်အနီး ရှန်ကျန်းမြို့နဲ့ တရုတ်တောင်ပိုင်းမှာလည်း မိုးစံချိန်တင်ရွာသွန်းမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Hong Kong #widespreadFlooding #recordrains