စက်တင်ဘာ ၁၃၊ ၂၀၂၃ Shy V(VOM) တရုတ်နယ်စပ်ကနေ မြန်မာဘက် တင်သွင်းမယ့် သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ် Credit Advice နဲ့ Bank Statement မူရင်းတင်ပြရန် မလိုဘဲ လိုင်စင်ခွင့်ပြုပေးမှာဖြစ်တယ်လို့ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်းတွေရဲ့ အသိပေး ထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ “ကံပိုင်တည်ရယ်၊ ချင်းရွှေဟော်ရယ်၊ မူဆယ်ရယ် အဲ့ဒီသုံးပေါက်ကတော့ ပို့ကုန်ရငွေကို သွင်းကုန်အတွက် ပြန်ပြစရာမလိုဘူး။ Ending ဖြုတ်လိုက်တယ်လို့ ခေါ်တာပေါ့နော်။ Credit ပြစရာမလိုတော့ဘူးတဲ့။ ဒါပေမယ့် မြဝတီ တို့၊ တာချီလိတ်တို့တော့ မပါသေးဘူး။ အဲ့ဒီဘက်ကလည်း မကြာခင် ဖြေလျှော့မယ်လို့တော့ကြားတယ်”လို့ နယ်စပ် သွင်းကုန်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ အရင်ကဆောင်နေကျကတော့ ဂျူတီအလိုက် ပေးဆောင်ရင် ပို့ကုန်ရငွေ စာရွက်စာတမ်းတွေပြမှ သွင်းကုန်အတွက် ဂျူတီဆောင်ခွင့်ပေးတာဖြစ်တယ်…
Read MoreDay: September 13, 2023
ရန်ကုန်ကို အလည်ရောက်နေတဲ့ ရဲအုပ်တဦး ပစ်သတ်ခံရ
စက်တင်ဘာ ၁၃ – ၂၀၂၃ SP -GG (VOM ) ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊(၈)ရပ်ကွက်၊တပင်ရွှေထီးလမ်းက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ ရဲအုပ်အောင်သက်ထွေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ” ဝေယံလက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို ဝင်ပြီးပစ်သွားတာ၊ ပစ်သွားသူက ၂ ယောက် ပါ။ပစ်တာတော့ ၃ ချက်လို့ သိရတယ်။ ဖြစ်ပြီး ဆေးရုံခေါ်သွားပေမယ့် သေသွားတယ် သိရတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဆိုပါ ရဲအုပ်အောင်သက်ထွေးဆိုသူဟာ ရန်ကုန်မှာတာဝန်ကျတဲ့ ရဲအုပ်မဟုတ်ဘဲ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တာဝန်ကျတဲ့ ရဲအုပ်ဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့လယ်ပိုင်းက ပစ်ခံရတာဖြစ်တယ် ၊ သူက ရန်ကုန် ရွှေပြည်သာက မဟုတ်ဘူး ၊ ကယားပြည်နယ် လွိုင်ကော်မှာ တာဝန်ကျတယ် ၊ အခုဟာက…
Read Moreအင်အားကြီး နိုင်ငံတွေအကြား ပြင်းထန်လာတဲ့ ဟိုက်ပါဆိုးနစ်လက်နက် အားပြိုင်ပွဲ
မျိုးဆက်(VOM) စက်တင်ဘာ-၁၃-၂၀၂၃ လွန်ခဲ့တဲ့ နှစ်အတန်ကြာအချိန်ကတည်းက ကမ္ဘာ့နျူကလီးယားအင်အားကြီး နိုင်ငံအချို့ဟာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်လို လက်နက်သစ်တွေ တီထွင်ထုတ်လုပ်ရေးမှာ အပြိုင်အဆိုင်ဖြစ်လာကြပါတယ်။ လက်ရှိချိန်ထိ Hypersonic cruise missiles (HCMs) နဲ့ Hypersonic glide vehicles (HGVs) တို့ထုတ်လုပ်ရေးမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က လက်ရှိအချိန်ထိ ဦးဆောင်နေပြီး တောင်အာရှဒေသမှာတော့ အိန္ဒိယနိုင်ငံကလည်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိကာလရဲ့ စစ်မြေပြင်အနေအထားဟာ လက်နက်တွေရဲ့အမြန်နှုန်းနဲ့တိကျမှုတို့က အရေးပါလာတာကြောင့် အသံထက်မြန်တဲ့နှုန်းနဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေကို သယ်ဆောင် ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ခေတ်သစ်စစ်မြေပြင်ရဲ့ လိုအပ်ချက်အရ အင်အားကြီးနိုင်ငံတွေက ပိုင်ဆိုင်ချင်နေကြတာဖြစ်ပါတယ်။ နျူကလီးယားတိုက်ခိုက်မှုနဲ့ ဟန့်တားခြင်းတွေမှာ အမြန်နှုန်းဟာ အရေးပါတဲ့ အချိုးကျမှု သဟဇာတဖြစ်မှုလည်း ဖြစ်ပါတယ်။ ။၁၉၅၀ ပြည့်အလွန်နှစ်တွေအတွင်း တိုက်ချင်းပစ်ဒုံးကျည် (ICBMs) တွေပေါ်လာပြီးနောက် ပစ်ခတ်တိုက်မှုတွေပြုလုပ်ရာမှာ ပစ်မှတ်ကိုရောက်ရှိရန် ကြာမြင့်ချိန်ကို ချုံ့နိုင်ခဲ့ကြပါတယ်။…
Read Moreမိုးကောင်းမှာ ဖမ်းဆီးခံရတဲ့ စက်သုံးဆီဆိုင် ပိုင်ရှင် အမျိုးသမီး ချုပ်နှောင်စစ်ဆေးနေစဥ် သေဆုံး
စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးကောင်းမြို့က ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးဟာ မနေ့ စက်တင်ဘာ ၁၂ ရက်က ချုပ်နှောင်စစ်ဆေးနေစဥ် သေဆုံးသွားတယ်လို့ မိုးကောင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင် ဦးမိုးကျော်နဲ့ သူ့မိန်းမ ဒေါ်ခင်မာရွှေ လင်မယား ၂ ယောက်ကို အခုလ (စက်တင်ဘာ ၆)ရက်နေ့က ဖမ်းသွားတယ် ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး ၊ သူတို့ ဖမ်းပြီးနောက် သူတို့ရဲ့ ဇင်ယော် စက်သုံးဆီ အရောင်းဆိုင် အဆောက်အဦကို မြေထိုးစက်နဲ့ ထိုးကော်ဖျက်စီးခံရတယ် “လို့ မိုးကောင်းဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မိုးကောင်းမြို့ခံ ပရဟိတသမားတယောက်က ”…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September13
Read Moreအိန္ဒိယမှာ နီးပါးဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးဆုံးပြီးနောက် သတိပေးချက် ထုတ်ပြန်ထား
ဒေလီ၊ စက်တင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ်ကြောင်း လူနှစ်ဦးသေဆုံးပြီးနောက် အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လူသေဆုံးမှုတခုဟာ ယခုလအစောပိုင်းမှာဖြစ်ပွားခဲ့ပြီး နောက်တဦးကတော့ သြဂုတ် ၃၀ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ကီရာလာပြည်နယ် ကိုဇ်ဟီကုတ်ခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းနှစ်ဥၤီးဟာလည်း နီပါးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဆေးရုံတက်ကုသမှုခံယူနေရပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကီရာလာပြည်နယ်မှာ စတုတ္ထအကြိမ်မြောက် နီပါးဗိုင်းရပ်စ် ကူးစက်မှုလည်း ဖြစ်ပါတယ်။ နီးပါးဗိုင်းရပ်စ်ဟာ ဝက်နဲ့ လင်းနို့တွေကနေ လူကိုကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ဖြစ်ကြောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာ သို့မဟုတ် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုကနေ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ တခါတရံ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မပြတတ်ပေမယ့် အချို့မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်လက္ခဏာတွေ ပြတတ်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ထိ ပြင်းထန်တတ်ပါတယ်။…
Read Moreမီဇိုရမ်မှာ မြန်မာနိုင်ငံသား ၂ ဦးဆီက ကျည်ဆံတွေ ဖမ်းဆီးရမိ
စက်တင်ဘာ ၁၃ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မနေ့ စက်တင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံသား ၂ ဦးဆီကနေ တရားမဝင် ကျည်ဆံတွေ သယ်ဆောင်လာတာကို ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ” မနေ့က ဖမ်းမိတာဖြစ်တယ် ၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မီဇိုရမ် ဒေသခံ ၁ ဦး အပါအဝင် ၃ ဦး အဖမ်းခံရတယ် ၊ သူတို့က မြန်မာဘက်ကို ဖြတ်ဝင်နိုင်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ အသွား အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ပြည်နယ်…
Read Moreရုရှားသမ္မတပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားမှာတွေ့ပြီ
မော်စကို၊ စက်တင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ရုရှားအရှေ့ဖျားပိုင်းမှာ စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ ရုရှားအရှေ့ပိုင်း အမ်မာဒေသရှိ ခေတ်မီအာကာသလွှတ်တင်ရေးစင်တာမှာ တွေ့ဆုံခဲ့ကြရာ တွေ့ဆုံရတာကြောင့် ဝမ်းသာကြောင်း ပူတင်ကပြောဆိုခဲ့ပြီး ဖိတ်ကြားမှုနဲ့ ကြိုဆိုမှုအတွက် ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်က ပြန်လည်ပြောကြားခဲ့သည်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုနေရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုကို အမေရိကန်နဲ့မဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေကြပြီး နှစ်နိုင်ငံအကြား လက်နက်အရောင်းအဝယ်ကိစ္စဆွေးနွေးမယ်လို့ သံသယရှိနေပါတယ်။ ၁၈ လကြာမြင့်ပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့လက်နက်ခဲယမ်းမီးကျောက်တွေ နည်းပါးလာတာကြောင့် မြောက်ကိုရီးယားဆီက လက်နက်တွေရယူရေးကို ပူတင်နဲ့ကင်ဂျုံအန်ဆွေးနွေးဖွယ်ရှိကြောင်း သတင်းတွေကို နှစ်ဘက်စလုံးက ငြင်းဆိုထားပါတယ်။ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့လေးလအတွင်း ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ပြီး ရုရှားဆီက နည်းပညာအကူအညီရယူနိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။ မြောက်ကိုရီးယားနဲ့ ကင်ဂျုံအန် မတွေ့ဆုံခင်…
Read MoreThis Day in History
This Day in History Voice of Myanamr ရုရှားတို့၏ နောက်ထပ်နျူကလီးယားစမ်းသပ်မှုများအပြီး ၁၀ ရက်အကြာ ၁၉၆၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန်သည် မြေအောက်နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September13
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September13
Read More