တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ ထုတ်ပယ်ခံရပြီး စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်ယုံကြည်နေ

ဝါရှင်တန်၊ စက်တင်ဘာ-၁၅-၂၀၂၃
မျိုးဆက်(VOM)

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ရာထုူးကနေထုတ်ပယ်ခံရပြီး စုံးစမ်းစစ်ဆေးမှုခံယူနေရတယ်လို့ အမေရိကန်က ယုံကြည်နေကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ သြဂုတ် ၂၉ရက်က ပေကျင်းမှာ ကျင်းပတဲ့ တရုတ်-အာဖရိက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။

သူဟာ ရာထူးတာဝန်ကနေ ရုပ်သိမ်းခံရပြီး စုံစမ်းစစ်ဆေးမှုခံနေရတယ်လို့ အမေရိကန်က ကောက်ချက်ချ ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေနဲ့ အခြားသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာကဖော်ပြထားပါတယ်။

လီဟာ မတ်လမှာ တရုတ်ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ လူလိုက်ပါတဲ့ အာကာသယာဉ်လွှတ်တင်မှု စီမံကိန်းနဲ့ တရုတ်နိုင်ငံအတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးတို့မှာ တာဝန်ယူခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းဟာ လည်း ရာထူးခန့်အပ်ခံရပြီးနောက် ခြောက်လအကြာ ဇူလိုင်လမှာ ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး လက်ရှိမှာတော့ သူဘယ်မှာရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်လာခြင်းမရှိပါဘူး။

Ref: NHK
Photo:AFP

#voiceofmyanmar #VOM #US #BelievesChinaDefenseMinister #fired #UnderInvestigation

Related posts

Leave a Comment

VOM News

FREE
VIEW