ဧပြီ ၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ကသာမြို့နယ် ၊ သံပုရာကုန်းကျေးရွာ ၊ သံပုရာဆိပ်ကမ်းမှာ ကုန်ပစ္စည်းတင်ချလုပ်နေတဲ့ ကားသမားနဲ့ စက်လှေသမား ၁၀ ယောက်လောက်ဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံလိုက်ရတယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ တပ်သားသစ်အဖြစ် လူစုဆောင်းခံလိုက်ရတာ ဖြစ်ကြောင်း ခုချိန်ထိတော့ လူစုဆောင်းခံရသူတွေထဲက တယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ ” ခုတလော ပေါ်တာတွေ အရမ်းဆွဲနေလို့ ပြည်သူတွေ ဘယ်မှ မသွားရဲအောင်ကိုဖြစ်နေပြီ ။တိုင်လို့လည်းမရပါဘူး ။ ကျွန်တော့် အကို လိုက်နေတာကို လိုက်မရသေးဘူး။ ပကဖ ဘက်ကဆွဲနေတာ။ Kia နဲ့ pdf အဖွဲ့ကပါ။ ကျွန်တော့်အကိုက အသက် ၃၀ ကျော်ပါ။ သံပုရာဆိပ်ကမ်းမှာ သကြားတင်နေတဲ့…
Read MoreDay: April 4, 2026
Taxi ယာဉ် ၊ သုံးဘီးယာဉ် နဲ့ ကုန်တင်ယာဥ်တွေကို ခရီးအကွာအဝေးအလိုက် ငါးကီလိုကို စက်သုံးဆီ တလီတာနူန်းရောင်းချပေးမယ့်အစီအစဥ် တချို့ကားတွေအဆင်မပြေ
ဧပြီ ၃ ၊ ၂၀၂၆ GG (VOM) Taxi ယာဉ် ၊ သုံးဘီးယာဉ် နဲ့ ကုန်တင်ယာဥ်တွေကို မောင်းနှင်တဲ့ ခရီးအကွာအဝေးပေါ်လိုက်ပြီး စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို ဒီကနေ့ ဧပြီ ၃ ရက်မှာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ခရီးမောင်းနှင်တဲ့အကွာအဝေးပေါ်လိုက်ပြီး ၅ ကီလိုကို စက်သုံးဆီ တလီတာနူန်း ရောင်းချပေးသွားမှာဖြစ်ပြီး ကီလိုကြည့်ရှု့မရတဲ့ ကားတွေအနေနဲ့ကတော့ ကီလိုမတက်ပါက နောက်တကြိမ် ဆီဖြည့်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ စက်သုံးဆီ ဆိုင်တချို့က အသိပေးထားတာ တွေ့ရ ပါတယ်။ ခရီးအကွာအဝေးပေါ်လိုက်ပြီး ကီလိုမီတာသတ်မှတ်ကာ စက်သုံးဆီ ရောင်းချပေးမှာဆိုပေမယ့်လည်း တပတ်အတွက် ဆီထုတ်ယူနိုင်တဲ့ပမာဏကတော့ အရင်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ” ဒီနေ့ ဆီ ထည့်ခဲ့ပြီးပါပြီ ။ 92 စျေးအနည်းငယ်တက်တယ်။ ဆီပေးတာကတော့ အရင် အတိုင်းလီတာ…
Read Moreပေါက်မြို့တောင်ပိုင်းက နှစ်ချီကြာ ရိက္ခာပို့မရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့တဲ့ယာဥ်တန်း ရောက်ရှိ
ဧပြီ ၃ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ရိက္ခာဖြတ်တောက်ခံထားရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့ယာဥ်တန်း ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ် ။ ပေါက်မြို့နယ်တောင်ပိုင်းက ပြည်သူ့စစ်ရွာတွေဖြစ်တဲ့ သစ်ချိုကုန်းရွာ၊ ဝံချုံးရွာ ၊ ပင်ထောင်ရွာ ၊ တပ်ကုန်းနဲ့ ကိုင်းလယ်ရွာတို့ ဖြစ်ပြီး ပင်ထောင်ရွာကို ဧပြီ ၁ ရက်နေ့မှာ ရိက္ခာပို့တဲ့ကားတွေ စတင်ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ ပြည်သူ့စစ်ကျေးရွာငါးရွာကို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေက ဖြတ်လေးဖြတ်လုပ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခဲ့တာကြောင့် ဆန်၊ ဆား ၊ ဆေးဝါးအပါအဝင် ရိက္ခာတွေ ပြတ်တောက်ပြီး ဒုက္ခရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။ ” ရိက္ခာတွေပြတ် ၊ဆားတွေလည်းပြတ် နေတာပါ ။ ငပိ ၊ ဟင်းချိုမှုန့်ဆိုရင် ပြောစရာတောင်မရှိပါဘူး။ကျွန်မတို့ရွာမှာအခက်အခဲတွေ…
Read Moreသူတို့အိမ် အခန်း (၈၃)
ဆူးငှက် တက္ကသိုလ်သို့ ပထမနှစ်မှစ၍ တက်ရမည့် နောက်ဆုံးအခွင့်အရေးမို့ ———————————————————— ကျွန်တော်တို့ အောင်သော ၁၉၇၅ ခုနှစ်မှာ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ စဖွင့်သည်။ ထို့ပြင် ၁၀တန်းအောင်သည်နှင့် တက္ကသိုလ်သို့ တက်ရောက်ခွင့် ရသည့် နောက်ဆုံးနှစ်လည်း ဖြစ်သည်။ နောက်နှစ် ၁၀တန်းအောင်သူများက တက္ကသိုလ်သို့ တိုက်ရိုက် တက်ခွင့် မရတော့ပေ။ ဒေသကောလိပ်ဟုခေါ်သော သက်ဆိုင်ရာ ပြည်နယ်တိုင်းများအလိုက် ကောလိပ်များသို့ ၂နှစ် တက်ရောက် ပြီးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များသို့ တတိယနှစ်က စတင်၍ တက်ရမည်တဲ့။ စာပေးစာယူ ဟူသော သင်နည်းစံနစ် စတင်မည်ဆိုတော့ ကိုယ့်အိမ်ကနေ ကိုယ့် အလုပ်လုပ်ရင်း ဘွဲ့ရနိုင်သည်မို့ အစပထမတွင် စာပေးစာယူကို စိတ်ယိမ်းသလိုလို ရှိခဲ့သော်လည်း ရှေ့က တက္ကသိုလ်တက်ဆဲ တက်ခဲ့သော နောင်တော်များက အားမပေးခဲ့ပေ။ “တက္ကသိုလ်ကို ပထမနှစ်ကနေ ဘွဲ့ရတဲ့…
Read More