ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံရဲ့ (၁၁) ဦး​မြောက် သမ္မတဖြစ်လာ

နေပြည်တော် ဧပြီ ၃ – ၂၀၂၆
KKL(VOM)
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရွေးချယ်ပွဲမှာ နိုင်ငံတော် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်တင်မြှေက်ခဲ့ကြပါတယ်။
နိုင်ငံတော်ရဲ့ဒုတိယသမ္မတ ၁ အဖြစ် ဦးညို​စော
နိုင်ငံတော်ဒုတိယသမ္မတ ၂ အဖြစ်နန်းနီနီ​အေးတို့ကိုရွေးချယ်တင်မြှေက်ခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်က မဲလက်မှတ်နဲ့လျှို့ဝှက်ဆန္ဒမဲပေးတဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်ထောင်စုလွှတ်​တော် ကိုယ်စားလှယ် ၅၈၄ ​ယောက် တက်​ရောက်တဲ့ထဲက ဆန္ဒမဲ ၄၂၉ ရရှိပြီး နိုင်ငံတော် သမ္မတနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။
ဦးညို​စောက ဆန္ဒမဲ ၁၂၆ မဲနဲ့ ဒုတိယ သမ္မတ (၁ )နေရာကိုရရှိခဲ့ကာ ဒုတိယ သမ္မတ (၂ )နေရာကိုတော့ ​ဒေါ်နန်းနီနီ​အေးက ဆန္ဒမဲ ၂၉မဲ နဲ့ ရရှိခဲ့တာပါ။
နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ​တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ (၆၃) အရ ဒီက​နေ့ကစပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမယ်လို့ ဆိုထားတာ​ကြောင့် အရင်ယူထားတဲ့ တာဝန်​တွေက​နေ အနားယူရမှာ ဖြစ်ပါတယ်။
နိုင်ငံ​တော်သမ္မတဖြစ်လာတဲ့ ဦးမင်း​အောင်လှိုင်ဟာ ယာယီသမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးဘဝက​နေ အငြိမ်းစားယူရမှာဖြစ်သလို ဦးညို​စောဟာလည်း အရင်ယူထားတဲ့ ဝန်ကြီးချုပ်တာဝန်​တွေ​တွေက အနားယူရမှာဖြစ်တာအပြင် သူယှဥ်ပြိုင်ခဲ့တဲ့ ကိုးကိုးကျွန်း ပြည်သူ့လွှတ်​တော်​နေရာဟာ လစ်လပ်သွားပြီမို့ ​နောင်ကျင်းပမယ့် ကြားဖြတ်​ရွေး​ကောက်ပွဲမှာ ကိုးကိုးကျွန်းမဲဆန္ဒနယ်ဟာ ပြည်သူ့လွှတ်​တော်အတွက် ​ရွေး​ကောက်ပွဲကျင်းပရမှာဖြစ်ပါတယ်။ အလားတူ ဒုသမ္မတ ​ဒေါ်နန်းနီနီ​အေး အနိုင်ရခဲ့တဲ့ ဘားယအံက အချိုးကျကိုယ်စားပြုမဲဆန္ဒနယ်ဟာလည်း လစ်လပ်သွားပြီဖြစ်ပါတယ်။
ဒီ​နေ့​ရွေးချယ်ခဲ့တဲ့ နိုင်ငံ​တော် သမ္မတနဲ့ ဒုသမ္မတ​တွေဟာ ပြည်​ထောင်စုလွှတ်​တော်မှာ ကျမ်းကျိန်ပြီးရင် အစိုးရတာဝန်​​​တွေကို ၅နှစ်တာ ထမ်း​​ဆောင်ရ​တော့မှာဖြစ်ပါတယ်။
#voiceofmyanmar #VOM #သမ္မတ​ရွေးချယ်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW