နေပြည်တော်၊ ဧပြီ- ၃- ၂၀၂၆
VOICE OF MYANMAR
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးကနေ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကို လွှဲပြောင်းပေးကာ အငြိမ်းစားယူပြီးနောက် ဒုချုပ် ဦးစိုးဝင်းဟာ နေပြည်တော်က စျေးဝယ်စင်တာတခုမှာ ပြည်သူလူထုကြား စျေးဝယ်ထွက်နေတဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးကနေ အငြိမ်းစားယူပြီးနောက် နောက်တက်လာမယ့် အစိုးရအဖွဲ့မှာ သူ့ကို ရာထူးကြီးတခု တာဝန်ပေးအပ်ဖို့ လျာထားခံရတယ်လို့ သတင်းထွက်လာပေမယ့် ဦးစိုးဝင်းကတော့ သာမန်အရပ်သားတွေလို အေးချမ်းစွာနေလိုကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။
