ပြည်တွင်းဖြစ် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်သစ်တွေ ထိုင်၀မ်ထုတ်ဖော်ပြသ

တိုင်ပေ၊ စက်တင်ဘာ-၁၅-၂၀၂၃
မျိုးဆက်(VOM)

ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနဟာ သူ့ရဲ့နောက်ဆုံးပေါ် ပြည်တွင်းဖြစ် စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်တွေကို ကာကွယ်ရေးပစ္စည်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ထိုင်၀မ်စစ်ဘက်ဟာ လေကြောင်းနှင့် ကာကွယ်ရေးနည်းပညာပြပွဲမှာ အဲဒီမောင်းသူမဲ့လေယာဉ်သစ် ၁၁ မျိုးကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး အသေခံမောင်းသူမဲ့လေယာဉ်အမျိုးအစားလည်းပါ၀င်ပါတယ်။

ကာဒီနယ် ၃ အမျိုးအစားမောင်းသူမဲ့လေယာဉ်ကတော့ ဒေါင်လိုက်အတက်အဆင်းပျံတက်နိုင်ပြီး ရေယာဉ်ငယ်တွေနဲ့အတူ ကမ်းရိုးတန်း စောင့်ကြည့်လေ့လာရေးတွေ လုပ်ဆောင်နိုင်ကြောင်း ထိုင်၀မ်တာ၀န်ရှိသူတွေက ပြောပါတယ်။

ပိုမိုကြီးမားတဲ့ တန်ယန်မောင်းသူမဲ့လေယာဉ်ဟာ လေထဲမှာ နာရီ ၂၀ ကျော်ကြာပျံသန်းနိုင်ပြီး အမြင့်ဆုံးအကွာအဝေး ကီလိုမီတာ ၁၁၀၀ ကျော်ထိ ပျံသန်းနိုင်ကာ စောင့်ကြည့်ထောက်လှမ်းခြင်းများ ပြုလုပ်နိုင်တယ်ဆိုပါတယ်။

တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ စစ်ရေးဖိအားများကို ဟန့်တားဖို့အတွက် ထိုင်၀မ်စစ်တပ်ရဲ့စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်ထံမှ လက်နက်၀ယ်ယူမှုအပြင် ပြည်တွင်းဖြစ်လက်နက်တွေ ထုတ်လုပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတဆိုင်အင်း၀မ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
#voiceofmyanmar #vom #ထိုင်ဝမ် #မောင်းသူမဲ့လေယာဥ်သစ် #ကာကွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW