ရုရှားနဲ့ဆက်ဆံရေး သမိုင်းဝင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

ပြုံးယမ်း ၊ စက်တင်ဘာ-၁၈-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို သမိုင်းဝင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ့၁၈ ရက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ အဆုံးသတ်ခဲ့တဲ့ ကင်ဂျံအန်ဟာ တပတ်နီးကြာ ရုရှားခရီးစဉ်အတွင်း နိုင်ငံအရှေ့ဖျားပိုင်း ဗလာဒီဗော့စ်တော့မြို့နဲ့ အခြာနေရာတွေကို သွားရောက်ခဲ့ပြီး ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ ရုရှားရဲ့ဒုံးပျံတွေကနေ ရေငုပ်သင်္ဘောတွေထိ ကင်ဂျုံအန်သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးတိုးမြင့်ခြင်းအပါအဝင် အလားအလာရှိတဲ့ စစ်ရေးဆက်ဆံမှုကို ပြသနေကြောင်း အကဲခတ်တွေက ဆိုပါတယ်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်တွေထောက်ပံ့ပေးနိုင်ကြောင်း အနောက်အုပ်စုနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကြားမှာ ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံဆက်ဆံရေးဟာ မြောက်ကိုရီးယားရဲ့ နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း ကင်ဂျုံအန်က ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:CNA
#voiceofmyanmar #VOM #Kim’sVisit #OpenedNewChapter #withRussia

Related posts

Leave a Comment

VOM News

FREE
VIEW