စပါးစျေးကွက် တပတ်တာအခြေအနေ

စက်တင်ဘာ ၂၄ – ၂၀၂၃ GG(VOM ) ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က မိုးစပါးကို ရည်ညွှန်းစျေးတန်းတစ်ခု သတ်မှတ်လိုက်ပါတယ်။ ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေါ် ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းက​နေ သိန်း ၂၀ ကျပ်အထိသာ ရောင်းချရမယ်ဆိုပြီး စက်ဆင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ ပြင်ပမိုးစပါးစျေးကွက်မှာက စပါးတင်း ၁၀၀ ကို ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင် စျေးဖွင့်ထားတာကြောင့် MRF ရဲ့မိုးစပါးရည်ညွှန်းစျေးက နည်းနေလို့ တောင်သူတွေဘက်က ဝေဖန်ပြောဆိုနေကြပါတယ်။ ” ဆန်စျေးမတက်အောင် စပါးစျေးကို လာချကြတယ်၊မြေဩဇာစျေးကိုတော့ အမျိုးအစားအလိုက် ဘယ်လောက်နူန်းပဲရောင်းရမယ် ပိုရောင်းမရဘူးလို့…

Read More

This Day in History

This Day in History Voice of Myanmar ကမ္ဘာ့ပထမဆုံး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အင်န်တာပရိုက်ကို အမေရိကန်က ၁၉၆၀ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြုခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September24th

Read More

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ဝင်ငွေကို အခွန်ကောက်ဖို့ဥပဒေ ပြင်ဆင်ပြဌာန်း

စက်တင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာနဲ့ တခြားလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် အခွန်ကောက်ယူဖို့ နစက က ဥပဒေပြင်ဆင်ပြဌာန်းလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့အခွန်အကောက် ဥပဒေကို ပြင်ဆင်ပြဌာန်းခြင်းဖြစ်ပြီး အဲ့ဒီဥပဒေဟာ အခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဥပဒေပြင်ဆင်ချက်မှာ ပြည်ပရောက်နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းကမြတ်စွန်းငွေ၊ စည်းကြပ်မှုကလွတ်နေတဲ့ ဝင်ငွေ၊ အခြားရလမ်းတွေက ဝင်ငွေတွေအပေါ် ရရှိတဲ့နိုင်ငံခြားငွေအမျိုးအစားနဲ့ ၁၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ယူမယ်လို့ ဖော်ပြထားပါတယ်။ ပြည်ပနေနိုင်ငံသားတွေရဲ့လစာဝင်ငွေကို သက်သာခွင့်တွေ နုတ်ပယ်ပြီးပါက ပြည်တွင်းရှိ ဝင်ငွေခွန်အတိုင်း ကောက်ခံမှာဖြစ်ပြီး သက်သာခွင့်တွေ မနုတ်ပါက…

Read More

ဆရာ စိန်ခင်မောင်ရီနှင့် မန္တလေးအိမ်က စက်ဘီးများ

ဆူးငှက် ၁၉၈၅ ခုနှစ်ကျော်လ ကျွန်တော်နှင့် အစ်မဖြစ်သူ ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သိုရောက်ဖြစ်သည်။ ဆရာ့ဇနီး အန်တီဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ ဤသို့ရင်းနှီးခဲ့သော ဆရာစိန်ခင်မောင်ရီနှင့် ဇနီးဒေါ်သန်းသန်းတို့က ၁၉၈၇ခုနှစ် နှစ်လယ်လောက်တွင် မန္တလေးသို့ လာကြမယ်တဲ့။ ကျွန်တော်က ဆရာတို့ဇနီးမောင်နှံကို အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်ထား၏။ တကယ်တော့ ဆရာစိန်ခင်မောင်ရီတို့ မန္တလေးလာမည် ဆိုသည်က ရန်ကုန်က ဗီဒီယိုရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့နှင့် အတူ လိုက်ပါလာခြင်းဖြစ်သည်။ ထိုစဉ်ကာလ ဗီဒီယိုဇာတ်ကားသစ်တွေ အများအပြားရိုက်ကူးကြသည့် ကာလဖြစ်သည်။ မင်းသားသစ် မင်းသမီးသစ်တွေလည်း အများအပြား ထွက်လာသည်။ ယခု မန္တလေးလာရိုက်မည့် ဗီဒီယိုကားက မန္တလေးဇာတ်အိမ် အဓိကဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်းက စာရေးဆရာ ကာတွန်းဆရာ ကံချွန်ဖြစ်သည်။ ဒါရိုက်တာကလည်း နာမည်ကြီး၊ တွဲဖက်ဒါရိုက်တာက လည်း နာမည်ကြီးဖြစ်ပြီး မင်းသားက သုမောင် နှင့် မင်းသားသစ်တစ်လက်ဖြစ်ကာ…

Read More
VOM News

FREE
VIEW