စက်တင်ဘာ ၂၂ – ၂၀၂၃ KT -GG (VOM) ပြည်ပကို ဆန်တင်ပို့တဲ့ Exporterတွေအနေနဲ့ တောင်သူတိုက်ရိုက်မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသတွေက ကုန်စည်ဒိုင်တွေကတဆင့် စနစ်တကျ ဝယ်ယူရေးကို ဦးစားပေး ပြုလုပ်ဖို့အပြင် ဆန်စပါးထွက်ရှိရာဒေသက ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ် လုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့ထံ အသိပေးတင်ပြပြီးမှ ဝယ်ယူဖို့ အပါအဝင် သတိပေးချက်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က မနေ့စက်တင်ဘာ ၂၁ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။ နောက်ပြီး Exporter တွေနဲ့ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်း စတဲ့ ပြည်တွင်းစား ဆန် ကို ဝယ်ယူသိုလှောင်သူတွေအနေနဲ့ နယ်မြေဖြတ်ကျော် (တိုင်း/ ပြည်နယ် ဖြတ်ကျော်)ပြီး စပါး ဝယ်ယူခြင်းကိုလည်း ကြိုတင်အသိပေးခွင့်ပြုချက် မရှိဘဲ မလုပ်ဖို့၊ စပါးဝယ်ယူမယ့် နေရာမှာ ကိုယ်ပိုင်ဆန်စက် ဒါမှမဟုတ် သိုလှောင်ရုံတည်ရှိတဲ့ ကျောထောက်နောက်ခံရှိမှသာ စပါးဝယ်ယူစုဆောင်းဖို့လည်း…
Read MoreMonth: September 2023
ဖားကန့် ဆိပ်မူရွာမှာ ရဲ ၃ ဦး ပစ်သတ်ခံရလို့ ၊ ၁ ဦး သေ ၊ ၂ ဦး ဒဏ်ရာရ
စင်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရဲ ၃ ယောက် ပစ်သတ်ခံရပြီး ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း၅ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဆိပ်မူးရွာကို ဆေးခန်းလာပြပြီး ပြန်လာတဲ့ ရဲကားကို စောင့်ကြိုပြီး ပစ်ခတ်ခံရတာဖြစ်တယ် ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးအနက် ၊ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦး ဆိုသူကတော့ နေရာမှာ ပွဲချင်းပြီးသေတယ် ၊…
Read Moreလားရှိုးမှာ ဆားဗစ်ကန်ထဲ ပိတ်မိပြီး အမျိုးသား ၃ဦး သေဆုံး
စက်တင်ဘာ ၂၁ – ၂၀၂၃ GG (VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် ၈ ၊သီတာလမ်းထဲက ဆောက်လက်စ အဆောက်အဦရဲ့ ဆားဗစ်ကန်ထဲမှာ အမျိုးသား ၃ ယောက် အောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့မှု ဒီနေ့ စက်တင်ဘာ ၂၁ ရက်၊နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” နေ့လယ် ၂ နာရီ ၄၀ လောက်ကဖြစ်တယ်၊ကျနော်တို့ရောက်ပြီး ကယ်ဆယ်ရေးလုပ်တော့ အထဲမှာ ၃ ယောက်လုံးက တယောက်ပေါ်တယောက်ထပ်ပြီး လဲနေကြပြီ၊ရေကလည်း (၁)ပေလောက်ရှိတယ်၊ရေပေါ်ကို ပေါ်ရုံလေးပဲ၊ကျနော်တို့သုံးသပ်တာတော့ တစ်ယောက်က ဆင်းပြီး သတိလစ်ချိန် နောက်ထပ် ဆင်းကယ်ရာမှာအကုန်လုံး အောက်ဆီဂျင်ပြတ်ပြီး လဲကျတာလို့ထင်တယ်။အထဲမှာ ငြမ်းတွေ ဘာမှမဖြုတ်ရသေးဘူး။ဖြုတ်ဖို့ဆင်းတာမှာ အောက်ဆီဂျင်ပြတ်တဲ့သဘောပါ”လို့ ဓမ္မရက္ခိတ နာရေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းသန်းကပြောပါတယ်။ ဆားဗစ်ကန်ထဲ ပိတ်မိပြီး အောက်ဆီဂျင်ပြတ်သူတွေကို အရေးပါ်အသက်ကယ်နည်းအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့်လည်း ကျင်းထဲမှာပိတ်မိချိန် ကြာသွားတာကြောင့် အသက်ကိုမကယ်နိုင်ခဲ့ဘူးလို့…
Read Moreခြေလှမ်းသွက်လာတဲ့ တရုတ်စစ်တပ်ရဲ့ အင်အားဖြည့် အဆင့်မြှင့်တင်မှုများ
မျိုးဆက်(VOM) စက်တင်ဘာ-၂၁-၂၀၂၃ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ စစ်အင်အားကိုတိုးချဲ့နေသလို ခေတ်မီစစ်လက်နက်ကိရိယာတွေကို လျှို့ဝှက်စွာ အဆင့်မြှင့်တင်နေကြောင်း သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်လာနေပါတယ်။ ဒါဟာ ဒေသတွင်းအပြင် နိုင်ငံတကာ တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း အမေရိကန်က စွပ်စွဲမှုတွေရှိနေခဲ့ပြီး စစ်ရေးနဲ့လုံခြုံရေးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိခြင်းက နားလည်မှုလွဲတာနဲ့ အတွက်အချက်မှားယွင်းနိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ကြောင်း အမေရိကန်က ကြိမ်ဖန်များစွာ သတိပေးထားပါတယ်။ လက်ရှိချိန်ထိ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအင်အားကြီး အဆင့်သုံးနေရာမှာ ရပ်တည်နေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်အသုံးစရိတ် ဒေါ်လာ ၂၀၉ ဒသမ ၄ ဘီလီယံထိ သုံးစွဲခဲ့တဲ့ နိုင်ငံဖြစ်ကာ လက်ရှိချိန်မှာ နျူကလီးယားလက်နက် ၃၅၀ ထိရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကြည်းတပ်မှာ တင့်ကားအစီးရေ ၅၀၀၀ ကျော်၊ သံချပ်ကာယာဉ် ၃၅၀၀ ကျော်၊ လေတပ်မှာတော့ စစ်လေယာဉ် ၃၂၀၀…
Read Moreဗင်နီဇွဲလားအကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်ရေး တပ်ဖွဲ့ဝင် တသောင်းကျော်စေလွှတ်
ကရာကတ်စ်၊ စက်တင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) ဗင်နီဇွဲလားနိုင်ငံမှာ သြဇာကြီးရာဇဝတ်ဂိုဏ်းရဲ့ သိမ်းပိုက်ခြင်းခံထားရတဲ့ အကြီးဆုံးအကျဉ်းထောင်တွေထဲကတခုကို ပြန်လည်ထိန်းချုပ်ဖို့ အတွက် ဗင်နီဇွဲလားတပ်ဖွဲ့ဝင် တသောင်းတစ်ထောင်ကျော်ကို စေလွှတ်ခဲ့ရပါတယ်။ ဗင်နီဇွဲလားနိုင်ငံ နိုင်ငံမြောက်ပိုင်း တိုကိုရွန်အကျဉ်းထောင်ဟာ ထရန်ဒီအာရာဂွါဂိုဏ်းရဲ့ ထိန်ချုပ်မှုအောက်မှာ နှစ်အတော်ကြာ ရှိနေခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီဂိုဏ်းသားတွေဟာ ရေကူးကန်၊ နိုက်ကလပ်နဲ့ တိရိစ္ဆာန်ရုံအသေးစားတွေအပါအဝင် ဟိုတယ်လိုမျိုုဒ အဆောက်အအုံတွေပါရှိတဲ့ အကျဥ်းထောင်ဝန်းကျင်းမှာ လွတ်လပ်စွာ သွားလာနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လွတ်လပ်စွာသွားလာနေထိုင်သူအများအပြားဟာ အခြားပြစ်ဒဏ်ကျအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်အသီးသီးကျခံနေရသူတွေဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်ကနေ အကျဉ်းသား ၆၀၀၀ ကျော်ကို အခြားထောင်တွေဆီ ရွှေ့ပြောင်းပေးမယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ လက်ရှိမှာတော့ အကျဥ်းထောင်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရာဇဝတ်မှုဗဟိုချက်ကို ဖြိုခွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #Venezuela #Battles #police #gangs
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၁ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၁ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September21
Read Moreယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုတွေ ရပ်ဆိုင်းကြောင်း ပိုလန်ကြေညာ
ဝါဆော၊ စက်တင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းအတွက် လက်နက်တွေထောက်ပံ့ပေးတော့မှာမဟုတ်ကြောင်း ယူကရိန်းမဟာမိတ်မိတ်ဖြစ်တဲ့ ပိုလန်က စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယူကရိန်းကောက်ပဲသီးနှံတွေ တင်ပို့ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီလို ယူကရိန်းကို ထောက်ပံ့မယ့်အစား ပိုမိုခေတ်မီတဲ့လက်နက်တွေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပိုလန်ကိုခေတ်မီလက်နက်တွေ တပ်ဆင်နေတာကြောင့် ယူကရိန်းအတွက် ထောက်ပံ့နိုင်ခြင်းမရှိတော့ကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းသမ္မတဇီလန်စကီး ပြောဆိုခဲ့တဲ့ ကောက်ပဲသီးနှံတင်ပို့ရေး မှတ်ချက်နဲ့ပတ်သက်ပြီး ပိုလန်ဟာ ယူကရိန်းသံအမတ်ကို အင်္ဂါနေ့က ဆင့်ခေါ်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်ပြီးနောက် ယူကရိန်းရဲ့ ပို့ကုန်တွေဟာ ပင်လယ်နက်လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံခဲ့ရတာကြောင့် အခြားကုန်းတွင်းလမ်းကြောင်းတွေကိုသာ ယူကရိန်းက ရှာဖွေနေရပါတယ်။ ဒါကြောင့် ယူကရိန်းကောက်ပဲသီးနှံဈေးကျမှာကို စိုးရိမ်နေတဲ့ ဒေသခံလယ်သမားတွေကို ကာကွယ်ဖို့အတွက် ဥရောပသမဂ္ဂဟာ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ပိုလန်၊…
Read Moreမူဆယ်နဲ့စယ်လန့်ကြားမှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရပြီး ကျောင်းဆောင် ပျက်စီးမှုရှိခဲ့
စက်တင်ဘာ ၂၁- ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်အနီးရှိ တိန်းလုံအုပ်စု၊ ကျန်းဆာရွာက ဆုတောင်းပြည့်စေတီ ဘုရားကုန်းပေါ် မှာ မနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီကျော်ခန့်က လက်နက်ကြီးကျလို့ ဆရာတော်(၁)ပါး ထိခိုက်ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဖြစ်တော့လည်း ဘယ်သူမှ မသိဘူး။ ဆရာတော်(၁)ပါးတည်း သူ့ဟာသူ ကားမောင်းပြီးတော့ ဆေးရုံကိုလာတယ်။ ဘယ်သူမှ သွားကြိုတာ မဟုတ်ဘူး၊ ကိုရင်လေးတွေက နှစ်ဖက် စစ်ရေးတင်းမာနေတဲ့အတွက် ဆရာတော်က အိမ်ပြန်လွှတ်လိုက်တာဖြစ်ပြီး သက်တော် ၇၀ ရှိဆုတောင်းပြည့် (လွယ်ဆုတောင်းတောင်) ဆရာတော် ဦးဩဇေယျ တစ်ပါးတည်းရှိနေချိန် လက်နက်ကြီးကျည်ကျကွဲတာ၊ ဆရာတော် မနေ့ကလည်း လမ်းလျှောက်နေရတာ တွေ့ပါတယ်၊ နဖူး၊ ခြေထောက်၊ ပေါင် တွေမှာ ထိခိုက်ဒဏ်ရာရထားပြီး ပေါင်ထဲမှာတော့ လက်နက်စ အသေးတွေကြောင့်…
Read MoreThis Day in Histroy
This Day in Histroy Voice of Myanmar ဖိလစ်ပိုင်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် သမ္မတဖာဒီနန်မားကို့စ်၏ ဖိလစ်ပိုင်အစိုးရသည် ၁၉၇၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September21
Read Moreရုရှားသမ္မတပူတင် လာမယ့်လမှာ တရုတ်ကိုသွားရောက်မယ်လို့ အတည်ပြု
မော်စကို ၊ စက်တင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ လာမယ့်လအတွင်း တရုတ်နိုင်ငံကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလမှာ တရုတ်နိုင်ငံကိုလာရောက်ဖို့ တရုတ်သမ္မတရှီကျင်းပင်းရဲ့ ဖိတ်ကြားချက်ကို လက်ခံကြောင်း၊ ပိုးလမ်းမသစ်စီမံကိန်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နဲ့တိုက်ဆိုင်ပြီး တရုတ်ကိုသွားမှာဖြစ်ကြောင်းပူတင်ကပြောပါတယ်။ တရုတ်သမ္မတရှီကျင်းပင်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက ရုရှားကိုသွားရောက်ခဲ့ပြီး ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာ ဖိုရမ်မှာပါဝင်ဖို့ ပူတင်ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကျင်းပသွားဖွယ်ရှိနေပါတယ်။ တကယ်လို့ ပူတင်ရဲ့တရုတ်ခရီးစဉ် သွားရောက်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ပူတင်ရဲ့ ပထမဆုံးသော တရုတ်ခရီးစဉ်ဖြစ်ပါတယ်။ ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေ ပြင်းထန်နေချိန်မှာ ရုရှားသမ္မတပူတင်ဟာ တရုတ်နဲ့ဆက်ဆံရေးခိုင်မာအောင်လုပ်ဖို့ ရည်ရွယ်နေကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #RussianPresident #Putin #visitChina #inoctoberwewearpink
Read More