စက်တင်ဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့ ၊ အထက ၁ ရပ်ကွက်လမ်းမှာ နေတဲ့ ဓာတ်ပုံလုပ်ငန်းရှင် အလွတ်တန်း သတင်းထောက် ၁ ဦးဟာ မနေ့ စက်တင်ဘာ ၄ ရက် ၊ ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မိုးညှင်းမြို့ခံ သတင်းသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တယ် ၊ ကိုသန်းထွန်းအောင် ဆိုသူဟာ သူ့မိန်းမနဲ့ ၂ ယောက်အတူ ဆိုင်ကယ်စီးလာတဲ့ အချိန် အနီးကပ် ဆိုင်ကယ်တစ်စီးပေါ်ကနေ သေနတ်နဲ့ ၄ ချက် ပစ်ခံရတယ်”လို့ မိုးညှင်းမြို့ခံ သတင်းသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့…
Read MoreMonth: September 2023
အာဆီယံဥက္ကဌနေရာ မြန်မာစွန့်လွှတ်ပြီးနောက် ဖိလစ်ပိုင်က တာဝန်ယူမယ်ကြေညာ
ဂျကာတာ၊ စက်တင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်ငံဟာ ၂၀၂၆ ခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဌတာဝန်ထမ်းဆောင်ဖို့လက်ခံလိုက်ကြောင်း စက်တင်ဘာ ၅ ရက်မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။ ဖိလစ်ပိုင်အနေနဲ့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကိုထမ်းဆောင်ဖို့ အဆင့်ရှိနေကြောင်း ကြေညာရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ဂျကာတာမှာ စက်တင်ဘာ ၅ ရက်ကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာက ပြောပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူရမည်ဖြစ်ပေမယ့် အလှည့်ကျဥက္ကဌတာဝန်ကို စွန့်လွှတ်လိုက်ပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို လက်ခံကျင်းပနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့နိုင်ငံတွေဟာ တနှစ်ကို ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ်ကျင်းပရမှာဖြစ်ပြီး အာဆီယံခေါင်ဆောင်များသီးသန့်ဖြစ်ပြီး နောက်တကြိမ်ကတော့ အာဆီယံမိတ်ဖက်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တရုတ်တို့နဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အာရုံစိုက်ရန်လိုအပ်တယ်ဆိုကာ ၂၀၀၆ ခုနှစ်ကလည်း အလှည့်ကျဥက္ကဌရာထူးကို စွန့်လွှတ်ခဲ့ဖူးပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌဟာ လာအိုနိုင်ငံဖြစ်ပြီး ၂၀၂၅…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၅ ရက်)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၅ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September5th
Read Moreကင်ဂျုံအန် ရုရှားသွားပြီး လက်နက်အရောင်းအဝယ်ကိစ္စ ပူတင်နဲ့ ဆွေးနွေးဖို့ စီစဉ်နေ
ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုလအတွင်း ရုရှားကို သွားရောက်ဖို့စီစဉ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်တာဝန်ရှိသူတဦးကို ကိုးကားပြီး စီဘီအက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့နိုင်ခြေကို ကင်ဂျုံအန်နဲ့ ပူတင် ဆွေးနွေးကြမယ်လို့ အမေရိကန်တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားပြီး ဘယ်အချိန်မှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။ အမေရိကန်သတင်းဌာနတွေရဲ့ အဲဒီလိုဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားဘက်က လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ကင်ဂျုံအန်ဟာ ရုရှားကို ကျည်ကာရထားနဲ့သွားနိုင်ခြေရှိကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံအကြား လက်နက်ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေကြာင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုပြီးနောက် ကင်ဂျုံအန်နဲ့ ပူတင်တို့ ဆွေးနွေးမယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှှိုဂူဟာ မြောက်ကိုရီးယားသို့ မကြာသေးမီက လာရောက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ရုရှားကိုရောင်းချဖို့ မြောက်ကိုရီးယားကို စည်းရုံးဆွဲဆောင်ခဲ့ကြောင်း…
Read Moreနေပြည်တော်မှာ စားသုံးဆီ တပိဿာ ၄၅၀၀နဲ့ ရောင်းနေပေမယ့် တကယ်အခက်အခဲဖြစ်နေသူတွေ မရ
စက်တင်ဘာ ၅-၂၀၂၃ KT (VOM) နေပြည်တော်၊မြို့မစျေးပွဲရုံတန်း၊မင်္ဂလာ၊ဆီနှင့်စားသောက်ကုန်ရောင်းဝယ်ရေးဆိုင်မှာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူေတွ စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၀၀ စျေးနှုန်းနဲ့ တန်းဆီသူတဦးကို နှစ်ပိဿာနှုန်းနဲ့ မနေ့ စက်တင်ဘာ ၄ရက်က ရောင်းချပေးနေတယ်လို့ နေပြည်တော်ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလိုရောင်းချပေးရာမှာ အမှန်တကယ် အခက်အခဲရှိနေသူတွေ မရရှိဘဲ နေ့တွက်နဲ့တန်းစီပြီး လာဝယ်သူတွေသာ ရရှိသွားတယ်လို့ တန်းစီရာမှာ ပါဝင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အမှန်တကယ်ရရှိသွားသူတွေကတော့ ငွေရှင်၊ကြေးရှင် ဝိသမလောဘသားတွေပါဘဲ၊ နိုင်ငံတော်အစိုးရက စားသုံးသူတွေသက်သာသောစျေးနှုန်းနဲ့ ဆန်၊ဆီ (စားအုန်းဆီ)များကို ဆီကုန်သည်၊ဆန်ကုန်သည်ကြီးများကို ရောင်းချခိုင်းပေမယ့်လည်း အမှန်တကယ်ကြီးပွားသွားသူတွေကတော့ ငွေရှင်၊ကြေးရှင်ဝိသမလောဘသားတွေသာဖြစ်ပါတယ်၊ ထဲထဲဝင်ဝင်လေ့လာကြည့်တော့ ဆီကို ၄၅၀၀ ကျပ်စျေးနဲ့ ဆီကုန်သည်ကြီးများအသင်းက တန်းစီလာသူလူတစ်ဦးကို နှစ်ပိဿာရောင်းချပေးပါတယ်၊ ဆန်တစ်ပြည်ကို ဧည့်မထဆန်တစ်ပြည် ၂၅၀၀ ကျပ်၊သိင်္ဂီ ဆန် ၆ ပြည် တစ်အိတ် ၃၀၀၀၀ ကျပ်နဲ့…
Read MoreThis Day in History
This Day in History Voice of Myanmar ဆင်းရဲနွမ်းပါးသူများအတွက် ပရဟိတလုပ်ငန်းများကို ဘဝတလျှောက်လုပ်ကိုင်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရသော ခရစ်ယာန်သီလရှင်တပါးဖြစ်သူ မာသာထရီဆာသည် အသက် ၈၇ နှစ်အရွယ် ၁၉၉၇ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် အိန္ဒိယနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September5th
Read Moreဆီးချိုရောဂါ ကာကွယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတမျိုး သုတေသီတွေ ရှာဖွေတွေ့ရှိ
တိုကျို၊ စက်တင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ဖွယ်ရှိတဲ့ အူလမ်းကြောင်း ဘက်တီးရီးယားတမျိုးကို ဂျပန်သုတေသီတွေက တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးတဲ့ ဟော်မုန်းတမျိုးဖြစ်တဲ့ အင်ဆူလင်ဓါတ်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒီလေ့လာမှုကို ရိုင်ကန်သုတေသနအင်စတီကျု၊ တိုကျိုတက္ကသိုလ်နဲ့ အခြားသုတေသီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး Nature သိပ္ပံဂျာနယ်မှာ မကြာသေးမီက ထုတ်ဖော်တင်ပြခဲ့တာဖြစ်ပါတယ်။ သုတေသီတွေဟာ လူတွေရဲ့အူလမ်းကြောင်း ဘက်တီးရီးယားအမျိုးအစား၊ ကာဘိုဟိုက်ဒရိတ်အခြေအနေတွေနဲ့ အင်ဆူလင်အခြေအနေတွေကို စစ်ဆေးလေ့လာခဲ့ကြပြီး Alistipes ဘက်တီးယားအပါအဝင် အချို့သောဘက်တီးရီးယားအမျိုးအစား မြင့်မားသူတွေဟာ အင်ဆူလင်ထုတ်လုပ်မှု ပိုမိုကောင်းမွန်ကြောင်း သုတေသီတွေက ပြောပါတယ်။ သုတေသီတွေဟာ အဝလွန်ကြွက်တွေကို Alistipes ပေးခဲ့ပြီး ဘက်တီးရီးယားမပေးတဲ့ ကြွက်တွေနဲ့နှိုင်းယှဉ်ရင် သွေးတွင်းသကြားဓါတ် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဘက်တီးရီးယားဟာ သကြားနဲ့အခြားသော အချိုဓါတ်တွေကို အလွန်အကျွံစားသုံးခြင်းကြောင့် ဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေ အဟန့်အတားဖြစ်စေတာတွေကို…
Read Moreပန်းချီဆရာ မြို့မငြိမ်း
ဆူးငှက် တကယ်တော့ အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းကို ဂီတအနုပညာရှင်ဟု အသိများခဲ့သည်။ သို့သော် မြို့မငြိမ်း ခေါ် မောင်ဘညိန်းက ငယ်စဉ်ကတည်းက ပန်းချီ ပန်းပု အနုပညာဝါသနာထုံကာ ထူးချွန်ခဲ့သည်။ မောင်ဘညိန်း ကို ၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁.၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး ဦးညီ၊ အမိ ယွန်းထည် ကုန်သည်ဒါ်ချစ်ဦးတို့က မန္တလေးမြို့ ၂၈လမ်း (လမ်း၈၀နှင့်၈၁လမ်း ကြား)နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မောင်ကျော်ညိန်းဖြစ်ပြီး မန္တလေးဗဟိုအမျိုးသာကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆယ်နှစ်သားအရွယ်ကတည်းက “ဇမ္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့သဖြင့် စောင်းဆရာကြီးကိုယ်တိုင် အံ့အားတသင့် ချီးမွမ်းခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်းဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ…
Read Moreလှိုင်သာယာမှာ ကလေးငယ် ၁ ဦး အပါအဝင် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃ SP + SN (VOM) ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တခုမှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က မိသားစုလိုက် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူတွေက သူ့တို့နေအိမ်ထဲမှာပဲ အသတ်ခံရတာဖြစ်တယ် ၊ အိမ်ရှင် ဦးဌေးလွင် ၅၉ နှစ် ၊ သူ့မိန်းမ ဒေါ်စုလှိုင်ဝင်း ၅၂ နှစ်နဲ့ သူ့ရဲ့သား မောင်ဖြိုးမြတ်ကိုကို ၉ နှစ် တို့ အသတ်ခံရတာဖြစ်တယ် ၊ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…
Read Moreမူဆယ်မှာ တရုတ် – မြန်မာ (၇)ရက်တာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စထုတ်ပေး
စက်တင်ဘာ ၄၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူပေါက်မှာ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက်ကဒ်ကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက စတင်ထုတ်ပေးနေပြီ ဖြစ်တယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကနေ သိရပါတယ်။ “လုပ်ပေးပြီ ၁၂ နာရီ ကတည်းက။ တစ်ခါ သုံးကဒ်ပေါ့နော်။ ၆ ညအိပ် ၇ ရက်ရပြီ၊ ကုန်သွယ်ရေးကားသမားတွေကလည်း ဒီ ၇ ရက် ၁ ပတ် ကဒ်နဲ့ သုံးရမှာ၊ ၁၃/ တခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်သူတွေ အကုန်လုံးရပြီး ဒီနေ့ အစမ်းဝင်တဲ့သူတွေက တစ်ထောင်ကျပ်ပဲ”လို့ မူဆယ်ခရိုင် ပြန်/ဆက်ဦးစီးဌာန ဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။…
Read More